တာေမြ၊ စမ္းေခ်ာင္း၊ ၾကည့္ျမင္တိုင္ရွိ အေဆာက္အအံုမ်ား အႏၱရာယ္ရွိ မရွိ စစ္ေဆးမည္ - Property News in Myanmar from iMyanmarHouse.com
5651 Views

တာေမြ၊ စမ္းေခ်ာင္း၊ ၾကည့္ျမင္တိုင္ရွိ အေဆာက္အအံုမ်ား အႏၱရာယ္ရွိ မရွိ စစ္ေဆးမည္

### Zawgyi Version ###

ကန္ထရိုက္ေခတ္ဦး အေဆာက္အအံုအမ်ားဆံုးရွိသည့္ ရန္ကုန္ျမိဳ႕ေတာ္ တာေမြစမ္းေခ်ာင္းၾကည့္ျမင္တိုင္ျမိဳ႕နယ္ တို႔ရွိ အေဆာက္အအံုမ်ား ႀကံ့ခိုင္မႈ အႏၱရာယ္ရွိ မရွိ စစ္ေဆးမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (YCDC) အင္ဂ်င္နီယာဌာန (အေဆာက္အအံု) ဌာနမွဴး ဦးတင္ေမာင္ၾကည္က ေျပာၾကားသည္။

အဆိုပါျမိဳ႕နယ္သံုးခုရွိ အေဆာက္အအံုမ်ားကို ျမိဳ႕နယ္အလိုက္ စီမံကိန္းမ်ားခ်မွတ္ကာ အႏၱရာယ္ရွိ မရွိစစ္ေဆးျခင္း၊ အေဆာက္အအံုႏွင့္ ပတ္သက္၍ စစ္တမ္းေကာက္ယူျခင္း ေဆာက္ရြက္မည္ျဖစ္ေၾကာင္း YCDC ထံမွ သိရွိရသည္။

အႏၱရာယ္ရွိအေဆာက္အအံုစစ္ေဆးျခင္းႏွင့္ စစ္တမ္းေကာက္ယူျခင္း လုပ္ငန္းမ်ားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရ၊ YCDC ၊ ျမန္မာႏိုင္ငံေျမငလ်င္အသင္း၊ အင္ဂ်င္နီယာေကာင္စီ၊ ဗိသုကာအသင္းတို႔ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ဦးတင္ေမာင္ၾကည္က ရွင္းျပသည္။

“ ထြက္လာတဲ့ အေျဖေပၚမွာ မူတည္ၿပီးေတာ့ ဘတ္ဂ်က္နဲ႔ဘယ္လိုသြားမလဲ။ ႏိုင္ငံေတာ္က ဘာေတြလုပ္မလဲ။ တိုင္းေဒသႀကီးအစိုးရက ဘယ္လိုလုပ္မလဲ။ ေနထိုင္တဲ့သူက ဘယ္လိုလုပ္မလဲ အပိုင္းနဲ႔ တစ္ဆင့္ခ်င္းဆီသြားရမွာ ျဖစ္ပါတယ္” ဟု ၎က ဆိုသည္။

အစိုးရက တည္ေဆာက္သည့္ ဒဂံုဆိပ္ကမ္းၿမိဳ႔နယ္ ရွိ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္၊ နာနတ္ေတာရွိ တဲ-တိုက္စီမံကိန္းမ်ား သည္လည္း ကန္ထရိုက္ေခတ္ဦး လက္ရာမ်ားထဲတြင္ပါဝင္ၿပီး အေဆာက္အအံု ရာႏွင့္ခ်ီ၍ ရွိေၾကာင္း အင္ဂ်င္နီယာဌာန (အေဆာက္အအံု)ထံမွ သိရွိရသည္။

ေဆာက္လုပ္ေရးေလာက စတင္ဖြံ႔ၿဖိဳးလာသည့္ ၁၉၈၈ ခုႏွစ္မွ ၁၉၉၁ ၾကားရွိအေဆာက္အအံုမ်ားသည္ YCDC က ေကာင္းစြာၾကပ္မတ္ထိန္းေက်ာင္းႏိုင္ျခင္းမရွိဘဲ လိုအပ္ခ်က္မ်ားရွိခဲ့ေၾကာင္း ဦးတင္ေမာင္ၾကည္က ဆိုသည္။

အႏၱရာယ္ရွိ အေဆာက္အအံုစစ္ေဆးျခင္းႏွင့္ အေဆာက္အအံုႏွင့္ ပတ္သက္၍ စစ္တမ္းေကာက္ယူျခင္း လုပ္ငန္းမ်ားကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရက စီမံခ်က္ခ်မွတ္ကာ ၿမိဳ႔နယ္အလိုက္ ခ်မွတ္ေဆာင္ရြက္ရန္ စီစဥ္ထားၿပီး လက္ရွိ အလံုၿမိဳ႕နယ္ ကို စစ္ေဆးၿပီးျဖစ္ေၾကာင္း YCDC ထံမွ သိရွိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ကန်ထရိုက်ခေတ်ဦး အဆောက်အအုံအများဆုံးရှိသည့် ရန်ကုန်မြို့တော် တာမွေ ၊ စမ်းချောင်း ၊ကြည့်မြင်တိုင်မြို့နယ် တို့ရှိ အဆောက်အအုံများ ကြံ့ခိုင်မှု အန္တရာယ်ရှိ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနမှူး ဦးတင်မောင်ကြည်က ပြောကြားသည်။

အဆိုပါမြို့နယ်သုံးခုရှိ အဆောက်အအုံများကို မြို့နယ်အလိုက် စီမံကိန်းများချမှတ်ကာ အန္တရာယ်ရှိ မရှိစစ်ဆေးခြင်း၊ အဆောက်အအုံနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခြင်း ဆောက်ရွက်မည်ဖြစ်ကြောင်း YCDC ထံမှ သိရှိရသည်။

အန္တရာယ်ရှိအဆောက်အအုံစစ်ဆေးခြင်းနှင့် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ YCDC ၊ မြန်မာနိုင်ငံမြေငလျင်အသင်း၊ အင်ဂျင်နီယာကောင်စီ၊ ဗိသုကာအသင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးတင်မောင်ကြည်က ရှင်းပြသည်။

“ ထွက်လာတဲ့ အဖြေပေါ်မှာ မူတည်ပြီးတော့ ဘတ်ဂျက်နဲ့ဘယ်လိုသွားမလဲ။ နိုင်ငံတော်က ဘာတွေလုပ်မလဲ။ တိုင်းဒေသကြီးအစိုးရက ဘယ်လိုလုပ်မလဲ။ နေထိုင်တဲ့သူက ဘယ်လိုလုပ်မလဲ အပိုင်းနဲ့ တစ်ဆင့်ချင်းဆီသွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရက တည်ဆောက်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ်မြို့တော်၊ နာနတ်တောရှိ တဲ-တိုက်စီမံကိန်းများ သည်လည်း ကန်ထရိုက်ခေတ်ဦး လက်ရာများထဲတွင်ပါဝင်ပြီး အဆောက်အအုံ ရာနှင့်ချီ၍ ရှိကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရှိရသည်။

ဆောက်လုပ်ရေးလောက စတင်ဖွံ့ဖြိုးလာသည့် ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ကြားရှိအဆောက်အအုံများသည် YCDC က ကောင်းစွာကြပ်မတ်ထိန်းကျောင်းနိုင်ခြင်းမရှိဘဲ လိုအပ်ချက်များရှိခဲ့ကြောင်း ဦးတင်မောင်ကြည်က ဆိုသည်။

အန္တရာယ်ရှိ အဆောက်အအုံစစ်ဆေးခြင်းနှင့် အဆောက်အအုံနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက စီမံချက်ချမှတ်ကာ မြို့နယ်အလိုက် ချမှတ်ဆောင်ရွက်ရန် စီစဉ်ထားပြီး လက်ရှိ အလုံမြို့နယ်ကို စစ်ဆေးပြီးဖြစ်ကြောင်း YCDC ထံမှ သိရှိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
area-one-business-complex
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service