TMH မွ အပုိစုရွယ္ယာ ေျခာက္သိန္းေက်ာ္ထုတ္ေပးခဲ့ - Property News in Myanmar from iMyanmarHouse.com
913 Views

TMH မွ အပုိစုရွယ္ယာ ေျခာက္သိန္းေက်ာ္ထုတ္ေပးခဲ့

### Zawgyi Version ###

TMH Telecom Public ကုမၸဏီလီမိတက္မွ အပုိအစုရွယ္ယာအေရအတြက္ ေျခာက္သိန္းတစ္ေသာင္းေက်ာ္ ထုတ္ေ၀ေပးခဲ့ေၾကာင္းကုမၸဏီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါအစုရွယ္ယာသစ္မ်ားသည္ ကုမၸဏီမွ လက္ရွိထုတ္ေ၀ထားေသာ သာမန္အစုရွယ္ယာမ်ားႏွင့္ တန္းတူအစုရွယ္ယာမ်ားျဖစ္ၿပီး ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔တြင္ စတင္ စာရင္း၀င္မည္ျဖစ္ေၾကာင္း TMH မွသိရသည္။

TMH Telecom အေနျဖင့္ မူလထုတ္ေ၀ၿပီး အစုရွယ္ယာအေရအတြက္ ၁၂ သန္းေက်ာ္ ႏွင့္ အပုိဆု အစုရွယ္ယာ အေရအတြက္ႏွင့္ ေပါင္းပါက စုစုေပါင္းတုိးျမွင့္ၿပီး အစုရွယ္ယာအေရအတြက္ ၁၂ ဒသမ ၈ သန္းေက်ာ္ျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္လ ၁ ရက္တြင္ ရန္ကုန္စေတာ့အိတ္ခ်ိန္း၌ TMH Telecom ၏ ရွယ္ယာ အေျခခံေစ်းနွဳန္း မွာ ၂၉၀၀ က်ပ္ ျဖစ္ျပီး ေန႕လည္ပုိင္းတြင္ က်ပ္ ၃၀၀၀ သို႕ျမင့္တက္ခဲ့ေၾကာင္း စေတာ့အိတ္ခ်ိန္း၏စာရင္းမ်ားအရ သိရသည္။

TMH Telecom သည္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ ၂၆ ရက္တြင္ စာရင္း၀င္ ကုမၸဏီျဖစ္လာခဲ့ၿပီး ယခုႏွစ္အတြင္း စြမ္းအင္ႏွင့္ ICT က႑မ်ားတြင္ လုပ္ငန္းတုိးခ်ဲ႕ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အဆိုပါကုမၸဏီ၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

TMH Telecom Public ကုမ္ပဏီလီမိတက်မှ အပိုအစုရှယ်ယာအရေအတွက် ခြောက်သိန်းတစ်သောင်းကျော် ထုတ်ဝေပေးခဲ့ကြောင်းကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအစုရှယ်ယာသစ်များသည် ကုမ္ပဏီမှ လက်ရှိထုတ်ဝေထားသော သာမန်အစုရှယ်ယာများနှင့် တန်းတူအစုရှယ်ယာများဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင် စာရင်းဝင်မည်ဖြစ်ကြောင်း TMH မှသိရသည်။

TMH Telecom အနေဖြင့် မူလထုတ်ဝေပြီး အစုရှယ်ယာအရေအတွက် ၁၂ သန်းကျော် နှင့် အပိုဆု အစုရှယ်ယာ အရေအတွက်နှင့် ပေါင်းပါက စုစုပေါင်း တိုးမြှင့်ပြီး အစုရှယ်ယာအရေအတွက် ၁၂ ဒသမ ၈ သန်းကျော်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ TMH Telecom ၏ ရှယ်ယာ အခြေခံဈေးနှုန်း မှာ ၂၉၀၀ ကျပ် ဖြစ်ပြီး နေ့လည်ပိုင်းတွင် ကျပ် ၃၀၀၀ သို့မြင့်တက်ခဲ့ကြောင်း စတော့အိတ်ချိန်း၏စာရင်းများအရ သိရသည်။

TMH Telecom သည် ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် စာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့ပြီး ယခုနှစ်အတွင်း စွမ်းအင်နှင့် ICT ကဏ္ဍများတွင် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service