ရန္ကုန္မွာစက္မႈဇုန္အသစ္ႏွစ္ခု အေကာင္အထည္ေဖာ္မယ္ - Property News in Myanmar from iMyanmarHouse.com
6255 Views

ရန္ကုန္မွာစက္မႈဇုန္အသစ္ႏွစ္ခု အေကာင္အထည္ေဖာ္မယ္

### Zawgyi Version ###

ထန္းတစ္ပင္စက္မႈဇုန္ နဲ႕ လွည္းကူးစက္မႈဇုန္ ေတြကို ျပည္ေထာင္စုအစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႕ အေကာင္အထည္ေဖာ္သြားမယ္လို႔ ရန္ကုန္တိုင္းရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီကေန သိရပါတယ္။

ဒီစက္မႈဇုန္သစ္ စီမံကိန္းေတြဟာ ဇူလိုင္ ၁၂ ရက္ေန႕က တိုင္းလႊတ္ေတာ္မွာ ကန္႕ကြက္သူမရွိ အတည္ျပဳခဲ့ၾကတာပါ။ အခုတည္ေဆာက္မယ့္ စက္မႈဇုန္ႏွစ္ခုဟာ အစိုးရ ပုဂၢလိက ပူးေပါင္းၿပီး PPP စနစ္နဲ႕ ေဆာင္ရြက္မွာျဖစ္တာေၾကာင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕ PPP စင္တာကို အခ်က္အလက္ေတြတင္ျပရမယ္လို႔ သိရပါတယ္။

“ သေဘာထားမွတ္ခ်က္ရၿပီးရင္ သေဘာထားမွတ္ခ်က္နဲ႕ေဆာင္ရြက္ရမွာျဖစ္တဲ့အတြက္ သက္ဆိုင္ရာကုမၸဏီေတြနဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုဖို႕အတြက္ စာခ်ဳပ္ေတြညိွႏိႈင္းဖို႕ရွိပါတယ္။ တစ္ဖက္ကလည္း သူတို႕ေတြ MIC ကို တင္ျပေဆာင္ရြက္ရမယ့္ကိစၥေတြရွိပါတယ္။” လို႕ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႕ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန တိုင္းေဒသႀကီးဦးစီးမွဴး ဦးမ်ိဳးခိုင္ဦးကေျပာပါတယ္။

အခုအေကာင္အထည္ေဖာ္မယ့္  စက္မႈဇုန္  ေတြကို ျပည္တြင္းျပည္ပ ကုမၸဏီေတြက ပူးေပါင္းရင္းႏွီးျမွဳပ္ႏွံတာျဖစ္ၿပီး ထန္းတစ္ပင္စက္မႈဇုန္ကေတာ့ စကၤာပူအစိုးရပိုင္ကုမၸဏီနဲ႕ ျမန္မာႏိုင္ငံသားပိုင္ကုမၸဏီတို႕ ပူးေပါင္းအေကာင္အထည္ေဖာ္မွာလို႔ သိရပါတယ္။

စက္မႈဇုန္အသစ္ေတြကို အခုလိုအေကာင္အထည္ေဖာ္ရတာဟာ ရန္ကုန္တုိင္းအတြင္းမွာ လာေရာက္ရင္းႏွီးျမွဳပ္ႏွံသူေတြအတြက္ ေျမေနရာအလြယ္တကူရရွိေစဖို႕ ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ ရန္ကုန္တိုင္း စည္ပင္သာယာနယ္နိမိတ္ ၿမိဳ႕နယ္ ၃၃ ၿမိဳ႕နယ္ထဲမွာ စက္မႈဇုန္ စုစုေပါင္း ၂၉ ခု ရွိၿပီး အခုအေကာင္အထည္ေဖာ္မယ့္ ထန္းတစ္ပင္မွာေတာ့ Industrial Park ျဖစ္ၿပီး လွည္းကူးမွာေတာ့ Yangon Technology Park ျဖစ္ပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ထန်းတစ်ပင်စက်မှုဇုန ်နဲ့ လှည်းကူးစက်မှုဇုန် တွေကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ အကောင်အထည်ဖော်သွားမယ်လို့ ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီကနေ သိရပါတယ်။

ဒီစက်မှုဇုန်သစ် စီမံကိန်းတွေဟာ ဇူလိုင် ၁၂ ရက်နေ့က တိုင်းလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြတာပါ။ အခုတည်ဆောက်မယ့် စက်မှုဇုန်နှစ်ခုဟာ အစိုးရ ပုဂ္ဂလိက ပူးပေါင်းပြီး PPP စနစ်နဲ့ ဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ PPP စင်တာကို အချက်အလက်တွေတင်ပြရမယ်လို့ သိရပါတယ်။

“ သဘောထားမှတ်ချက်ရပြီးရင် သဘောထားမှတ်ချက်နဲ့ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် စာချုပ်တွေညှိနှိုင်းဖို့ရှိပါတယ်။ တစ်ဖက်ကလည်း သူတို့တွေ MIC ကို တင်ပြဆောင်ရွက်ရမယ့်ကိစ္စတွေရှိပါတယ်။” လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးခိုင်ဦးကပြောပါတယ်။

အခုအကောင်အထည်ဖော်မယ့် စက်မှုဇုန်တွေကို ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက ပူးပေါင်းရင်းနှီးမြှုပ်နှံတာဖြစ်ပြီး ထန်းတစ်ပင်စက်မှုဇုန်ကတော့ စင်္ကာပူအစိုးရပိုင်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်မှာလို့ သိရပါတယ်။

စက်မှုဇုန်အသစ်တွေကို အခုလိုအကောင်အထည်ဖော်ရတာဟာ ရန်ကုန်တိုင်းအတွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် မြေနေရာအလွယ်တကူရရှိစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ် မြို့နယ် ၃၃ မြို့နယ်ထဲမှာ စက်မှုဇုန် စုစုပေါင်း ၂၉ ခု ရှိပြီး အခုအကောင်အထည်ဖော်မယ့် ထန်းတစ်ပင်မှာတော့ Industrial Park ဖြစ်ပြီး လှည်းကူးမှာတော့ Yangon Technology Park ဖြစ်ပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service