ေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း လိုင္စင္ရရွိ ထားသည့္ ေရႊမင္းဂံ ကုမၸဏီႏွင့္ Rent 2 Own ျမန္မာ ကုမၸဏီတို႔ ေက်းလက္ေဒသမ်ားတြင္ ေငြေၾကးဆိုင္ရာဝန္ေဆာင္မႈ တိုးခ်ဲ႕မည္ - Property News in Myanmar from iMyanmarHouse.com
1249 Views

ေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း လိုင္စင္ရရွိ ထားသည့္ ေရႊမင္းဂံ ကုမၸဏီႏွင့္ Rent 2 Own ျမန္မာ ကုမၸဏီတို႔ ေက်းလက္ေဒသမ်ားတြင္ ေငြေၾကးဆိုင္ရာဝန္ေဆာင္မႈ တိုးခ်ဲ႕မည္

### Zawgyi Version ###

ဗဟိုဘဏ္မွဘဏ္လုပ္ငန္း မဟုတ္ေသာ ေငြေရးေၾကးေရးဝန္ေဆာင္မႈလုပ္ငန္းလိုင္စင္ ရရွိထားသည့္ ေရႊမင္းဂံ ေငြေၾကးဝန္ေဆာင္မႈ ကုမၸဏီႏွင့္ေမာ္ေတာ္ဆိုင္ကယ္ အပါအဝင္ စက္ပစၥည္းမ်ားကို ငွားရမ္းျခင္း ဝန္ေဆာင္မႈ လုပ္ငန္းလုပ္ကိုင္ေနေသာ Rent 2 Own ျမန္မာကုမၸဏီတို႔ လုပ္ငန္း ၂ ခု ေပါင္း၍ ေက်းလက္ေဒသမ်ားတြင္ ေငြေၾကးဆိုင္ရာ ဝန္ေဆာင္မႈ တိုးခ်ဲ႕ေပးအပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အက်ိဳးတူပူးေပါင္းေဆာင္ရြက္မႈေၾကာင့္ လက္ရွိလုပ္ေဆာင္ေနေသာ ေငြေၾကး ဝန္ေဆာင္မႈမ်ားအျပင္ အျခား ေငြေၾကးဝန္ေဆာင္မႈမ်ားကိုပါ တိုးခ်ဲ႕လုပ္ကိုင္လာနိုင္ေတာ့မည္ ျဖစ္ေၾကာင္း Rent 2 Own ျမန္မာကုမၸဏီ ၏ အမႈေဆာင္အရာရွိခ်ဳပ္ ကလည္းေျပာထားသည္။

၎က သုံးစြဲသူမ်ားကို ေငြသား ေခ်းေငြထုတ္ေပးနိုင္ေတာ့မည္ ျဖစ္ၿပီး ေနာက္ပိုင္းတြင္ ဘဏ္လုပ္ငန္းမဟုတ္သည့္ ေငြေရးေၾကးေရးဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ထပ္တိုးဝန္ေဆာင္မႈ ေပးနိုင္ေတာ့မည္ျဖစ္ေၾကာင္း ေျပာထားသည္။

ယခင္က Rent 2 Own ျမန္မာကုမၸဏီ အေနျဖင့္ ၂၀၁၅ ခုႏွစ္ နိုဝင္ဘာလမွ စတင္ကာ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္ စက္ပစၥည္း ငွားရမ္း မႈမ်ားကို ဝန္ေဆာင္မႈေပးေနသည့္ ကုမၸဏီတခု ျဖစ္ၿပီး ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီး တခ်ိဳ႕တြင္ ႐ုံးခြဲေပါင္း ၄၀ ေက်ာ္ ဖြင့္လွစ္ထားကာ သုံးစြဲသူေပါင္း ၁ သိန္းေက်ာ္ကို ဝန္ေဆာင္မႈေပးလ်က္ရွိၿပီး ေက်းလက္ေဒသမ်ားႏွင့္ ဝင္ေငြနည္း မိသားစုမ်ား အတြက္ လိုအပ္ေသာ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို ငွားရမ္းျခင္းမွ ပိုင္ဆိုင္နိုင္သည္အထိ ျဖစ္ေစရန္ ေငြေခ်း ဝန္ေဆာင္မႈသာလုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း၊ ယင္းဝန္ေဆာင္မႈေၾကာင့္ ေတာင္သူလယ္သမားမ်ားႏွင့္ ေက်းလက္ေနျပည္သူမ်ားအတြက္ စီးပြားေရးႏွင့္ေန႔စဥ္ဘဝလႈပ္ရွားမႈမ်ား အတြက္လိုအပ္ေသာ ဆိုင္ကယ္မ်ားကို ေထာက္ပံ့ေပးလ်က္ရွိေၾကာင္း သိရသည္။

ကုမၸဏီ၏ထုတ္ျပန္ခ်က္တြင္ ဆိုင္ကယ္တစီးကို ငွားရမ္းမႈမွ ပိုင္ဆိုင္နိုင္ေသာ ဝန္ေဆာင္မႈအတြက္ ၃ ႏွစ္အတြင္း အေမရိကန္ ေဒၚလာ သန္း ၇၀ နီးပါး အထိ ဝန္ေဆာင္မႈေပးနိုင္ထားေၾကာင္း ေဖာ္ျပထားသည္။

ျမန္မာနိုင္ငံလူဦးေရရဲ့ ၇၀ ရာခိုင္ႏႈန္းေက်ာ္က ဖြံ႕ၿဖိဳးမႈနည္းတဲ့ ေက်းလက္ေဒသမ်ားတြင္ ေနထိုင္ၾကေၾကာင္း Rent 2 Own ကုမၸဏီကလည္း ၎ျပည္သူမ်ား၏ ဖြံ႕ၿဖိဳးေရးကို လုပ္ေနျခင္း ျဖစ္ေသာေၾကာင့္ ေရႊမင္းဂံ ေငြေၾကးဝန္ေဆာင္မႈ ကုမၸဏီအေနႏွင့္Rent 2 Own ကုမၸဏီတို႔ ပူးေပါင္းမႈက ေက်းလက္ေန ျပည္သူမ်ား၏ဘဝ ဖြံ႕ျဖိဳးမႈကို အေထာက္အကူ ျဖစ္မွာျဖစ္ေၾကာင္း ေရႊမင္းဂံေငြေၾကးဝန္ေဆာင္မႈ ကုမၸဏီ၏ ဒါရိုက္တာကလည္း ေျပာထားသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း မဟုတ်သော ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိထားသည့် ရွှေမင်းဂံ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီနှင့်မော်တော်ဆိုင်ကယ် အပါအဝင် စက်ပစ္စည်းများကို ငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသော Rent 2 Own မြန်မာကုမ္ပဏီတို့ လုပ်ငန်း ၂ ခု ပေါင်း၍ ကျေးလက်ဒေသများတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု တိုးချဲ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကြောင့် လက်ရှိ လုပ်ဆောင်နေသော ငွေကြေး ဝန်ဆောင်မှုများ အပြင် အခြား ငွေကြေးဝန်ဆောင်မှုများကိုပါ တိုးချဲ့လုပ်ကိုင်လာနိုင်တော့မည် ဖြစ်ကြောင်း Rent 2 Own မြန်မာကုမ္ပဏီ ၏ အမှုဆောင် အရာရှိချုပ် ကလည်းပြောထားသည်။

၎င်းက သုံးစွဲသူများကို ငွေသား ချေးငွေထုတ်ပေးနိုင်တော့မည် ဖြစ်ပြီး နောက်ပိုင်းတွင် ဘဏ်လုပ်ငန်းမဟုတ်သည့် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများကို ထပ်တိုးဝန်ဆောင်မှု ပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောထားသည်။

ယခင်က Rent 2 Own မြန်မာကုမ္ပဏီ အနေဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ မော်တော်ဆိုင်ကယ်နှင့် စက်ပစ္စည်း ငှားရမ်း မှုများကို ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတခု ဖြစ်ပြီး ရန်ကုန်အပါအဝင် မြို့ကြီး တချို့တွင် ရုံးခွဲပေါင်း ၄၀ ကျော် ဖွင့်လှစ်ထားကာ သုံးစွဲသူပေါင်း ၁ သိန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ကျေးလက်ဒေသများနှင့် ဝင်ငွေနည်း မိသားစုများ အတွက် လိုအပ်သော မော်တော်ဆိုင်ကယ်များကို ငှားရမ်းခြင်းမှ ပိုင်ဆိုင်နိုင်သည်အထိ ဖြစ်စေရန် ငွေချေး ဝန်ဆောင်မှုသာလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ယင်းဝန်ဆောင်မှုကြောင့် တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ အတွက် စီးပွားရေးနှင့် နေ့စဉ်ဘဝလှုပ်ရှားမှုများ အတွက် လိုအပ်သော ဆိုင်ကယ်များကို ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဆိုင်ကယ်တစီးကို ငှားရမ်းမှုမှ ပိုင်ဆိုင်နိုင်သော ဝန်ဆောင်မှုအတွက် ၃ နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၇၀ နီးပါး အထိ ဝန်ဆောင်မှုပေးနိုင်ထားကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်က ဖွံ့ဖြိုးမှုနည်းတဲ့ ကျေးလက်ဒေသများတွင် နေထိုင်ကြ ကြောင်း Rent 2 Own ကုမ္ပဏီကလည်း ၎င်းပြည်သူများ၏ ဖွံ့ဖြိုးရေးကို လုပ်နေခြင်း ဖြစ်သောကြောင့် ရွှေမင်းဂံ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီအနေနှင့်Rent 2 Own ကုမ္ပဏီတို့ ပူးပေါင်းမှုက ကျေးလက်နေ ပြည်သူများ၏ဘဝ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်မှာဖြစ်ကြောင်း ရွှေမင်းဂံ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီ၏ ဒါရိုက်တာကလည်း ပြောထားသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service