အေမရိကန္ေဒၚလာ သန္း ၉၀ ခန္႔ တရုတ္အေျခစိုက္ China Lesso ကုမၸဏီက ရန္ကုန္တြင္ ေစ်းဝယ္စင္တာအပါအဝင္ စီးပြားေရးအေဆာက္အအံုမ်ား ထူေထာင္ေရး ရင္းႏွီးျမွဳပ္ႏွံမႈလုပ္မည္ - Property News in Myanmar from iMyanmarHouse.com
9210 Views

အေမရိကန္ေဒၚလာ သန္း ၉၀ ခန္႔ တရုတ္အေျခစိုက္ China Lesso ကုမၸဏီက ရန္ကုန္တြင္ ေစ်းဝယ္စင္တာအပါအဝင္ စီးပြားေရးအေဆာက္အအံုမ်ား ထူေထာင္ေရး ရင္းႏွီးျမွဳပ္ႏွံမႈလုပ္မည္

### Zawgyi Version ###

ဇူလိုင္လတြင္ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္က ျမန္မာနိုင္ငံတြင္ တရုတ္အေျခစိုက္ China Lesso ကုမၸဏီ၏ ေစ်းဝယ္စင္တာအပါအဝင္ စီးပြားေရးအေဆာက္အအံုမ်ား ထူေထာင္ေရး အတြက္ အေမရိကန္ေဒၚလာ သန္း ၉၀ ခန္႔ ရင္းႏွီးျမွဳပ္ႏွံမႈကို ခြင့္ျပဳမိန္႔ေပးခဲ့ေၾကာင္း သိရသည္။

ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္က ေျမဧက ၇၀ ေက်ာ္ရွိသည့္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)၊ ပဲခူးျမစ္ႏွင့္ ရတနာလမ္း ေထာင့္ရွိေျမေနရာတြင္အဆိုပါ စီမံကိန္းကို ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။

ေကာ္မရွင္က ထုတ္ျပန္ထားရာတြင္စီမံကိန္းတြင္ ေစ်းဝယ္စင္တာ၊ ကုန္စည္ေစ်းကြက္၊ ကုန္သိုေလွာင္ရုံ၊ ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ စီးပြားေရးအေဆာက္အအံုတို႔ပါဝင္ကာ China Lesso ကုမၸဏီ၏ လက္ေအာက္ခံ Lesso Mall Investment ႏွင့္ ျမန္မာနိုင္ငံမွ Ever Investment ကုမၸဏီတို႔ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ကုမၸဏီက တင္ျပသည့္ ရင္းႏွီးျမွဳပ္ႏွံမႈ အဆိုျပဳလႊာတြင္ စီမံကိန္းအတြက္ တည္ေဆာက္ေရးကာလ သံုးႏွစ္ေပးထားၿပီး လုပ္ငန္းရွင္မ်ားလည္ပတ္ပါက အလုပ္အကိုင္အခြင့္အလမ္း ၂,၀၀၀ ခန္႔ ဖန္တီးေပးနိုင္မည္ ျဖစ္ေၾကာင္းေဖာ္ျပထားသည္။

China Lesso ကုမၸဏီအုပ္စုသည္ ေဟာင္ေကာင္ စေတာ့အိပ္ခ်ိန္းစာရင္းဝင္ကုမၸဏီတစ္ခုျဖစ္ၿပီး တရုတ္နိုင္ငံတြင္ စက္မႈထုတ္ကုန္လုပ္ငန္းမ်ားလုပ္ကိုင္ေနၿပီး အိမ္သံုးပစၥည္း၊ ေဆာက္လုပ္ေရး လုပ္ငန္းသံုးပစၥည္းမ်ား ထုတ္လုပ္ေနေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ဇူလိုင်လတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံတွင် တရုတ်အခြေစိုက် China Lesso ကုမ္ပဏီ၏ ဈေးဝယ်စင်တာအပါအဝင် စီးပွားရေးအဆောက်အအုံများ ထူထောင်ရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုမိန့်ပေးခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြေဧက ၇၀ ကျော်ရှိသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပဲခူးမြစ်နှင့် ရတနာလမ်း ထောင့်ရှိမြေနေရာတွင်အဆိုပါ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ကော်မရှင်က ထုတ်ပြန်ထားရာတွင်စီမံကိန်းတွင် ဈေးဝယ်စင်တာ၊ ကုန်စည်ဈေးကွက်၊ ကုန်သိုလှောင် ရုံ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီးပွားရေးအဆောက်အအုံတို့ပါဝင်ကာ China Lesso ကုမ္ပဏီ၏ လက်အောက်ခံ Lesso Mall Investment နှင့် မြန်မာနိုင်ငံမှ Ever Investment ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီက တင်ပြသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတွင် စီမံကိန်းအတွက် တည်ဆောက်ရေးကာလ သုံးနှစ်ပေးထားပြီး လုပ်ငန်းရှင်များလည်ပတ်ပါက အလုပ်အကိုင်အခွင့်အလမ်း ၂,၀၀၀ ခန့် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းဖော်ပြထားသည်။

China Lesso ကုမ္ပဏီအုပ်စုသည် ဟောင်ကောင် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံတွင် စက်မှုထုတ်ကုန်လုပ်ငန်းများလုပ်ကိုင်နေပြီး အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်နေကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service