အဝေးပြေးယာဉ်ရပ်နားကွင်းသစ်တစ်ခုထပ်မံ ပြုလုပ်မည် - Property News in Myanmar from iMyanmarHouse.com
17273 Views

အဝေးပြေးယာဉ်ရပ်နားကွင်းသစ်တစ်ခုထပ်မံ ပြုလုပ်မည်

### Zawgyi Version ###








### Unicode Version ###

 

ရန်ကုန်တိုင်း ဒေသကြီးတွင် ခရီးသည်များအဆင်ပြေစေရန် နောက်ထပ် အဝေးပြေးယာဉ်ရပ်နားစခန်းသစ်တစ်ခု ကိုထပ်မံတိုးချဲ့ဖော်ဆောင် သွားရန်စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။

အဆိုပါ အသစ်ထပ်မံလုပ်မည့် အဝေးပြေးယာဉ်ရပ်နားကွင်းသည် မွန်ပြည်နယ ်၊တနင်္သာရီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းစသည့် တိုင်းနှင့်ပြည်နယ်နေရာများမှဝင်ထွက်သွားလာနေသည့် ကားကြီးများရပ်နားရန် အတွက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

" အမှတ် ၂ လမ်းမကြီး ဘေးမှာ ဖော်ဆောင်ဖို့လျာထားတယ် မာစတာပလန်ထဲမှာပါတာကြောင့် အဆင့်တဆင့်ခြင်းသွားမှာဖြစ်တယ်။စတင်မယ်ဆိုတာနဲ့ တင်ဒါခေါ်သွားမှာဖြစ်တယ်။ ဘယ်သူ့ကိုမှ လက်သိပ်ထိုးချပေးမှာမဟုတ်ပါဘူး"ဟု ဦးသန်းကဆိုသည်။

ယင်း အဝေးပြေးကွင်းအသစ်အားပဏာမ ခန့်မှန်းထားသည်မှာ လက်ရှိအောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအနီးရှိ အမှတ်၂ လမ်းမကြီးဘေး ရှမ်းတဲကြီးအောက်ရှိမြေဧက ၃၀ ပေါ်တွင် အဝေးပြေးကွင်းသစ်ဖော်ရန် ခန့်မှန်းချေရေးဆွဲထားကောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါ အဝေးပြေးကွင်းအသစ်တိုးချဲ့မည့်အစီအစဉ်သည် ရန်ကုန်မြို့ပြ စီမံကိန်း၏ Master Plan တွင်ပါရှိထားကြောင်းနှင့် စတင်ပါကလည်း တင်ဒါများကို တရားဝင်ခေါ်ယူလုပ်ဆောင်ကာ အများပြည်သူကိုအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service