Local Property News | Posted by Aye Myat Thu
### Zawgyi Version ###
ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္အေနႏွင့္ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၉၃ ဒသမ ၂၀၀ သန္းႏွင့္က်ပ္ ၇၈၃၆ ဒသမ ၀၀၆ သန္းဖိုးရွိသည့္ စက္မႈက႑ ၊ ေဆာက္လုပ္ေရး က႑ႏွင့္အျခားဝန္ေဆာင္မႈ က႑တို႔မွ လုပ္ငန္းစုစုေပါင္း ငါးခုခြင့္ျပဳခဲ့သည္။အဆိုပါလုပ္ငန္းမ်ားမွ ျပည္တြင္းအလုပ္သားမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၅၃၅ ေနရာကိုဖန္တီးေပးႏိုင္မည္ျဖစ္သည္။
၁၉၈၈ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ေမလအထိ ႏွစ္ေပါင္း (၃၀) အတြင္း ႏိုင္ငံေပါင္း ၄၉ ႏိုင္ငံတို႔မွ စီးပြားေရးက႑ ၁၂ ခုတြင္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းေပါင္း ၁၇၂၅ ခု ရင္းႏွီးျမွဳပ္ႏွံလ်က္ရွိရာ စုစုေပါင္းအေမရိကန္ေဒၚလာသန္းေပါင္း ၈၀၂၃၄ ဒသမ ၄၁၇ ျဖင့္ခြင့္ျပဳမိန္႔မ်ားထုတ္ေပးခဲ့ေၾကာင္း၊ရင္းႏွီးျမွဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ခဲ့ေသာႏိုင္ငံမ်ားမွာ စင္ကာပူ၊တရုတ္ႏွင့္ထိုင္းႏိုင္ငံတို႔ျဖစ္ေၾကာင္း သိရသည္။
စီးပြားေရးက႑ ၁၂ ခု အနက္အမ်ားဆုံး ရင္းႏွီးျမွဳပ္ႏွံမႈအေနႏွင့္ ေရနံႏွင့္သဘာဝဓာတ္ေငြ႔ က႑တြင္ စုစုေပါင္းရင္းႏွီးျမွဳပ္ႏွံမႈ၏ (၂၇ ဒသမ ၉၄) ရာခိုင္ႏႈန္း၊လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမွဳပ္ႏွံမႈ၏ (၂၆ ဒသမ ၄၀) ရာခိုင္ႏႈန္း၊ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးက႑တြင္ စုစုေပါင္းႏွီးျမွဳပ္ႏွံမႈ၏ (၁၃ ဒသမ ၅၉) ရာခိုင္ႏႈန္းျဖင့္ ရင္းႏွီး ျမွဳပ္ႏွံမႈတို႔လုပ္ထားေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနှင့်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၂၀၀ သန်းနှင့်ကျပ် ၇၈၃၆ ဒသမ ၀၀၆ သန်းဖိုးရှိသည့် စက်မှုကဏ္ဍ၊ဆောက်လုပ်ရေး ကဏ္ဍနှင့်အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း ငါးခုခွင့်ပြုခဲ့သည်။အဆိုပါလုပ်ငန်းများမှ ပြည်တွင်းအလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၃၅ နေရာကိုဖန်တီးပေးနိုင်မည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်မေလအထိ နှစ်ပေါင်း (၃၀) အတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇၂၅ ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်းအမေရိကန်ဒေါ်လာသန်းပေါင်း ၈၀၂၃၄ ဒသမ ၄၁၇ ဖြင့်ခွင့်ပြုမိန့်များထုတ်ပေးခဲ့ကြောင်း၊ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ခဲ့သောနိုင်ငံများမှာ စင်ကာပူ၊တရုတ်နှင့်ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက်အများဆုံး ရင်းနှီးမြှုပ်နှံမှုအနေနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၉၄) ရာခိုင်နှုန်း၊လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၄၀) ရာခိုင်နှုန်း၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် စုစုပေါင်းနှီးမြှုပ်နှံမှု၏ (၁၃ ဒသမ ၅၉) ရာခိုင်နှုန်းဖြင့် ရင်းနှီး မြှုပ်နှံမှုတို့လုပ်ထားကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com