က်ပ္ေငြ ( ၄.၇ ) ဘီလီယံေက်ာ္ဖိုး ေရာင္းခ်နုိင္ခဲ့သည့္ မႏၱေလးျမိဳ႕တြင္ က်င္းပေသာ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမ ႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး - Property News in Myanmar from iMyanmarHouse.com
10912 Views

က်ပ္ေငြ ( ၄.၇ ) ဘီလီယံေက်ာ္ဖိုး ေရာင္းခ်နုိင္ခဲ့သည့္ မႏၱေလးျမိဳ႕တြင္ က်င္းပေသာ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမ ႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး

### Zawgyi Version ###

ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ ႀကီးမွဴး၍ မႏၱေလးျမိဳ႕တြင္ က်င္းပသည့္ တတိယအၾကိမ္ေျမာက္ “ ျမန္မာနိုင္ငံ၏အၾကီးဆံုး အိမ္ျခံေျမ ႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲၾကီး ” ကို ၂၀၁၉ ခုနွစ္ ၊ ဇူလိူင္လ ( ၅ ၊ ၆ ၊ ၇ ) ေသာၾကာ ၊ စေန ၊ တနဂၤေႏြ ရက္မ်ားတြင္ မနက္ ၁၀ နာရီ မွ ည ၇ နာရီ အထိ မႏၱေလးျမိဳ႕ရွိ မႏၱေလးျမိဳ႕ေတာ္ခန္းမတြင္ ေအာင္ျမင္စြာက်င္းပနိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါဖြင့္ပြဲတြင္ iMyanmarHouse.com ၏ Managing Director ျဖစ္သူ ဦးေနမင္းသူ ၊ Main Sponsor အျဖစ္ ပါဝင္ျပသေသာ City Loft Project ၏ Sales Director ျဖစ္သူ ေဒၚစႏၵာမိုးျမင့္ ၊ Official Banking Partner အျဖစ္ ပါဝင္ျပသေသာ YOMA Bank ၏ Regional Manager ျဖစ္သူ ေဒၚသြယ္နီဦး ၊ Gold Sponsor အျဖစ္ပါဝင္ျပသေသာ Sae Paing Development Ltd. ၏ Senior General Manager ျဖစ္သူ ဦးသိန္းသန္းထြန္း ၊ မႏၱေလးတိုင္းေဒသၾကီး ကုန္သည္မ်ားနွင့္ စက္မွုလက္မွုလုပ္ငန္းရွင္မ်ားအသင္း ( Mandalay Region Chamber Of Commerce & Industry ) ၏ ( ဒုဥကၠဌ ) ေဒၚခင္ေလးျမင့္ တို႔မွ ဖဲၾကိဳးျဖတ္ဖြင့္လွစ္ျပီး iMyanmarHouse.com ၏ Managing Director ဦးေနမင္းသူမွ အဖြင့္အမွာစကားေျပာၾကားခဲ့သည္။

 

အဆိုပါ အိမ္ျခံေျမ နွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲၾကီးတြင္ Main Sponsor အျဖစ္ City Loft မွလည္းေကာင္း ၊ Gold Sponsor အျဖစ္ Sae Paing Development Ltd ၊ Kabae Towers & River Front Garden ၊ မဂၢင္ေဆာက္လုပ္ေရး ကုမၸဏီတို႔မွလည္းေကာင္း အဓိကပါဝင္ျပသျပီး အျခားအိမ္ျခံေျမႏွင့္ ေဆာက္လုပ္ေရးကုမၸဏီေပါင္း ( ၃၀ ) ေက်ာ္မွ ပါဝင္ျပသခဲ့သည္။ YOMA Bank မွလည္း Official Banking Partner အျဖစ္ပါဝင္ျပီး အိမ္ရာေခ်းေငြမ်ားတစ္ထိုင္တည္း ေလွ်ာက္ထားႏိုင္ရန္စီစဥ္ေပးထားသည္။

ျပပြဲ (၃) ရက္အတြင္းတြင္ မႏၱေလး ၊ ရန္ကုန္္ ၊ ေတာင္ၾကီး ၊ ပုသိမ္ နွင့္ ဘန္ေကာက္ျမိဳ႕မ်ားရွိ က်ပ္ေငြ သိန္း (၁၀၀) ေက်ာ္မွစေသာ တိုက္ခန္း ၊ ကြန္ဒို ၊ လံုးခ်င္းနွင့္ ေျမကြက္မ်ား ကို အထူးပရိုမိုးရွင္းမ်ားျဖင့္ ေရာင္းခ်ခဲ့ရာ ပြဲသို႔လာေရာက္ေလ့လာသူ မ်ားျပားခဲ့ျပီး က်ပ္ေငြ (၄.၇) ဘီလီယံေက်ာ္ဖိုးတန္ဖိုး ေရာင္းခ်ႏိုင္ခဲ့ေၾကာင္းသိရသည္။

“ အခုက်င္းပေနတဲ့ပြဲဟာ ကြ်န္ေတာ္တို႔ iMyanmarHouse.com ရဲ႕ မႏၱေလးမွာ တတိယအၾကိမ္ေျမာက္ ျပဳလုပ္တဲ့ပြဲၾကီးပါ။ ဒီျပပြဲမွာဆိုရင္ မႏၱေလး ၊ ရန္ကုန္ ၊ ေတာင္ၾကီး ၊ ပုသိမ္ နဲ႔ ဘန္ေကာက္ျမိဳ႕မ်ားမွာရွိတဲ့ သိန္း ( ၁၀၀ ) ေက်ာ္မွ စတဲ့ တိုက္ခန္း ၊ ကြန္ဒို ၊ လံုးခ်င္း နဲ႔ ေျမကြက္ေတြကို တစ္ေနရာတည္းမွာ စံုလင္စြာ ေလ့လာၾကည့္ရွု ဝယ္ယူခြင့္ရရွိမွာပါ။ ျမန္မာႏိုင္ငံသားတိုင္းအိမ္ပိုင္ဆိုင္ႏိုင္ေစဖို႔အတြက္ အနည္းဆံုးလစဥ္ ေငြက်ပ္(၅) သိန္းခန္႔သြင္းရံုျဖင့္ ဝယ္ယူခြင့္ ၊ အတိုးမဲ့အရစ္က်စနစ္မ်ားျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ပါတယ္။ အိမ္ရာေခ်းေငြအတြက္ကိုလည္း Yoma Bank မွလည္း ဝင္ေရာက္အားျဖည့္ေပးထားတာေၾကာင့္ ဝယ္သူေတြအတြက္ လိုအပ္တဲ့ အိမ္ရာေခ်းေငြ ဝန္ေဆာင္မႈေတြကို ျပဳလုပ္ေပးနိုင္ခဲ့ပါတယ္။ ျပပြဲ (၃) ရက္အတြင္းမွာ က်ပ္ေငြ (၄.၇) ဘီလီယံေက်ာ္ဖိုးတန္ဖိုးရွိတဲ့ အိမ္ၿခံေျမမ်ားကို ေရာင္းခ်ေပးနိုင္ခဲ့တဲ့အတြက္ အထူးဝမ္းေျမာက္ဂုဏ္ယူမိပါတယ္ ” ဟု iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ မန္းေနဂ်င္းဒါ႐ိုက္တာျဖစ္သူ ဦးေနမင္းသူမွ ေျပာၾကားသြားခဲ့ပါသည္။

ျပပြဲအတြင္းတြင္ အထူးအစီအစဥ္အျဖစ္ မႏၱေလးျမိဳ႕ရွိ မဟာေအာင္ေျမ ၊ ခ်မ္းေအးသာစံ ၊ ေအာင္ေျမသာစံ ၊ ခ်မ္းျမသာစည္ ၊ ပုသိမ္ၾကီးျမိဳ႕နယ္မ်ားရွိ တိုက္ခန္း ၊ ကြန္ဒို ၊ လံုးခ်င္းမ်ားကို ဝယ္ယူသူမ်ားအတြက္ ဆိုင္ကယ္ ၊ ေရခဲေသတၱာ ၊ ၄၂ လက္မတီဗြီတို႕ ကံထူးနိုင္မည့္ အခြင့္အေရးမ်ားျဖင့္ ေရာင္းခ်ေပးသြားခဲ့ေၾကာင္း သိရသည္။

iMyanmarHouse.com

အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း

ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ၿခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္

ျမန္မာႏိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္ႏိုင္ေစရမည္

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မန္တလေးမြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် “ မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး ” ကို ၂၀၁၉ ခုနှစ် ၊ ဇူလိူင်လ ( ၅ ၊ ၆ ၊ ၇ ) သောကြာ ၊ စနေ ၊ တနင်္ဂနွေ ရက်များတွင် မနက် ၁၀ နာရီ မှ ည ၇ နာရီ အထိ မန္တလေးမြို့ရှိ မန္တလေးမြို့တော်ခန်းမတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖွင့်ပွဲတွင် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ ၊ Main Sponsor အဖြစ် ပါဝင်ပြသသော City Loft Project ၏ Sales Director ဖြစ်သူ ဒေါ်စန္ဒာမိုးမြင့် ၊ Official Banking Partner အဖြစ် ပါဝင်ပြသသော YOMA Bank ၏ Regional Manager ဖြစ်သူ ဒေါ်သွယ်နီဦး ၊ Gold Sponsor အဖြစ်ပါဝင်ပြသသော Sae Paing Development Ltd. ၏ Senior General Manager ဖြစ်သူ ဦးသိန်းသန်းထွန်း ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ( Mandalay Region Chamber Of Commerce & Industry ) ၏ ( ဒုဥက္ကဌ ) ဒေါ်ခင်လေးမြင့် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီးတွင် Main Sponsor အဖြစ် City Loft မှလည်းကောင်း ၊ Gold Sponsor အဖြစ် Sae Paing Development Ltd ၊ Kabae Towers & River Front Garden ၊ မဂ္ဂင်ဆောက်လုပ်ရေး ကုမ္ပဏီတို့မှလည်းကောင်း အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ( ၃၀ ) ကျော်မှ ပါဝင်ပြသခဲ့သည်။ YOMA Bank မှလည်း Official Banking Partner အဖြစ်ပါဝင်ပြီး အိမ်ရာချေးငွေများတစ်ထိုင်တည်း လျှောက်ထားနိုင်ရန်စီစဉ်ပေးထားသည်။

ပြပွဲ (၃) ရက်အတွင်းတွင် မန္တလေး ၊ ရန်ကုန် ၊ တောင်ကြီး ၊ ပုသိမ် နှင့် ဘန်ကောက်မြို့များရှိ ကျပ်ငွေ သိန်း (၁၀၀) ကျော်မှစသော တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်းနှင့် မြေကွက်များ ကို အထူးပရိုမိုးရှင်းများဖြင့် ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ များပြားခဲ့ပြီး ကျပ်ငွေ (၄.၇) ဘီလီယံကျော်ဖိုးတန်ဖိုး ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

“ အခုကျင်းပနေတဲ့ပွဲဟာ ကျွန်တော်တို့ iMyanmarHouse.com ရဲ့ မန္တလေးမှာ တတိယအကြိမ်မြောက် ပြုလုပ်တဲ့ပွဲကြီးပါ။ ဒီပြပွဲမှာဆိုရင် မန္တလေး ၊ ရန်ကုန် ၊ တောင်ကြီး ၊ ပုသိမ် နဲ့ ဘန်ကောက်မြို့များမှာရှိတဲ့ သိန်း ( ၁၀၀ ) ကျော်မှ စတဲ့ တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်း နဲ့ မြေကွက်တွေကို တစ်နေရာတည်းမှာ စုံလင်စွာ လေ့လာကြည့်ရှု ဝယ်ယူခွင့်ရရှိမှာပါ။ မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေဖို့အတွက် အနည်းဆုံးလစဉ် ငွေကျပ်(၅) သိန်းခန့်သွင်းရုံဖြင့် ဝယ်ယူခွင့် ၊ အတိုးမဲ့အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ အိမ်ရာချေးငွေအတွက်ကိုလည်း Yoma Bank မှလည်း ဝင်ရောက်အားဖြည့်ပေးထားတာကြောင့် ဝယ်သူတွေအတွက် လိုအပ်တဲ့ အိမ်ရာချေးငွေ ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ပြပွဲ (၃) ရက်အတွင်းမှာ ကျပ်ငွေ (၄.၇) ဘီလီယံကျော်ဖိုးတန်ဖိုးရှိတဲ့ အိမ်ခြံမြေများကို ရောင်းချပေးနိုင်ခဲ့တဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ် ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

ပြပွဲအတွင်းတွင် အထူးအစီအစဉ်အဖြစ် မန္တလေးမြို့ရှိ မဟာအောင်မြေ ၊ ချမ်းအေးသာစံ ၊ အောင်မြေသာစံ ၊ ချမ်းမြသာစည် ၊ ပုသိမ်ကြီးမြို့နယ်များရှိ တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်းများကို ဝယ်ယူသူများအတွက် ဆိုင်ကယ် ၊ ရေခဲသေတ္တာ ၊ ၄၂ လက်မတီဗွီတို့ ကံထူးနိုင်မည့် အခွင့်အရေးများဖြင့် ရောင်းချပေးသွားခဲ့ကြောင်း သိရသည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service