စက်မှုကဏ္ဍ၊အိမ်ရာအဆောက်အအုံကဏ္ဍနှင့်အခြားဝန်ဆောင်မှုကဏ္ဍများပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုရှစ်ခုအား ရန်ကုန်တိုင်းဒေသကြီးအတွင်း ထပ်မံခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
681 Views

စက်မှုကဏ္ဍ၊အိမ်ရာအဆောက်အအုံကဏ္ဍနှင့်အခြားဝန်ဆောင်မှုကဏ္ဍများပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုရှစ်ခုအား ရန်ကုန်တိုင်းဒေသကြီးအတွင်း ထပ်မံခွင့်ပြု

### Zawgyi Version ###



၎င်းရင်းနှီးမြှုပ်နှံမှုရှစ်ခုတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအနေနှင့်ခုနစ်ခုရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုလည်းပါဝင်မှာဖြစ်ကြောင်း၊ထိုရင်းနှီး မြှုပ်နှံမှုတို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀၀၀ ကျော်ရရှိမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီအနေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ခွင့်ပြုထားကြောင်းသိရသည်။






 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုရှစ်ခုအားထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့သည့်ကဏ္ဍများတွင် စက်မှုကဏ္ဍတွင်အများဆုံးပါဝင်ကြောင်း၊ အိမ်ရာအဆောက် အအုံကဏ္ဍနှင့်အခြားဝန်ဆောင်မှုကဏ္ဍများပါဝင်ကြောင်းသိရသည်။

၎င်းရင်းနှီးမြှုပ်နှံမှုရှစ်ခုတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအနေနှင့်ခုနစ်ခုရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုလည်းပါဝင်မှာဖြစ်ကြောင်း၊ထိုရင်းနှီး မြှုပ်နှံမှုတို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀၀၀ ကျော်ရရှိမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီအနေနှင့် မြန်မာနိူင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ခွင့်ပြုထားကြောင်းသိရသည်။

ထိုရင်းနှီးမြှုပ်နှံမှုတို့တွင် ပြည်ပနိုင်ငံများအနေနှင့်တရုတ်၊ဗီယက်နမ်၊ဟောင်ကောင်နှင့်တရုတ် (တိုင်ပေ) တို့က ရင်းနှံမြှုပ်နှံမှုတို့လုပ်ခဲ့ကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုခွင့်ပြုပေးရာတွင် နည်းပညာဆီလျော်မှု၊တီထွင်ဆန်းသစ်မှု၊နည်းပညာ လွှဲပြောင်းရရှိမှု၊ပတ်ဝန်းကျင်ထိခိုက်မှုနှင့်လူမှုရေးထိခိုက်မှု၊ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှု၊အစီအမံတာ ဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်း၊တည်ဆဲဥပဒေမျာကိုလိုက်နာခြင်းဟူသော အချက်များနှင့်စိစစ်ခွင့်ပြုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၈ ခုနှစ် ဧပြီလနှင့်စက်တင်ဘာလအထိ ခြောက်လတာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်း ၅၅ ခုခွင့်ပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၉၄ ဒသမ ၇၈၂ သန်း ရှိခဲ့ကာမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် လုပ်ငန်း ၂၈ ခုခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အနေနှင့် ကျပ် ၇၁၈၆၄၂ ဒသမ ၃၇၉ သန်း ရှိကြောင်း သိရပါသည်။

ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service