အောက်တိုဘာလတွင်အပြီးရွေးမည့် “ရန်ကုန်မိုးပျံလမ်းစီမံကိန်းတည်ဆောက်မည့်သူစာရင်း” - Property News in Myanmar from iMyanmarHouse.com
2606 Views

အောက်တိုဘာလတွင်အပြီးရွေးမည့် “ရန်ကုန်မိုးပျံလမ်းစီမံကိန်းတည်ဆောက်မည့်သူစာရင်း”

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအတွက် တင်ဒါအောင်ကုမ္ပဏီ အပြီးသတ်ရွေးချယ်မှုကို အောက်တိုဘာလတွင် အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားမှုတွင် ရန်ကုန်မိုးပျံလမ်းစီမံကိန်းအပိုင်း (၁) အတွက် မြန်မာနိုင်ငံအပါအဝင် ခုနှစ်နိုင်ငံမှဆန်ခါတင်လျှောက်လွှာ (၁၂)စောင်ရရှိကြောင်းသိရသည်။

လက်ရှိတွင် ဆန်ကာတင်ရွေးချယ်ထားသည့် ကုမ္ပဏီ (၁၀) ခုထဲမှ ပြင်သစ်ကုမ္ပဏီတစ်ခုက လာရောက် ခြင်းမရှိကြောင်း၊ဆက်လက်ယှဉ်ပြိုင်မှုလုပ်မလုပ်ကိုတော့ Request For Proposal(RFP) မတင်တော့ကြောင်း အတည်ပြုမှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုးပျံလမ်းစီမံကိန်းအရှည် ၄၇ ဒသမ၅ကီလိုမီတာရှိမည်ဖြစ်ပြီး အပိုင်း (၁) အဖြစ် အရှေ့ဘက်ခြမ်းလေးလမ်း သွားလမ်းမကြီး အရှည် ၁၉ ကီလိုမီတာ၊အရှေ့နှင့်အနောက်ချိတ်ဆက်ထားသော အရှည်ခြောက်ကီလိုမီတာရှိ လေးလမ်းသွားလမ်း၊ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာအရှည် ရှိမည်ဖြစ်ကြောင်း၊ယခုစီမံကိန်းကိုပုဂ္ဂလိကနှင့်ပူပေါင်းဆောင်ရွက်သည့် စနစ်ဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယှဉ်ပြိုင်ရမယ့် သဘောတူညီချက် စာချုပ်ကို စက်တင်ဘာလမှာထုတ်ပြန်ရမည်ဖြစ်ကြောင်းနှင့်အပြီး သတ်ကို အောက်တိုဘာလထဲတွင် ရွေးချယ်သွားမှာဖြစ်ပြီး ၂၀၂၀ ဇူလိုင်လတွင် စီမံကိန်းလုပ်ငန်းတည်ဆောက် မှုကို စတင်ရန်စီစဉ်ထားပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟုခန့်မှန်းထားကြောင်း သိရပါသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

ငှါးရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service