“ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး” ဆောက်လုပ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နှင့် ကိုရီးယားသံအမတ်တို့ ဆွေးနွေးခဲ့ - Property News in Myanmar from iMyanmarHouse.com
11542 Views

“ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး” ဆောက်လုပ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နှင့် ကိုရီးယားသံအမတ်တို့ ဆွေးနွေးခဲ့

ဇွန်လ ၂၁ ရက်တွင် ဒလ ဒေသဖွံ့ဖြိုးရေးနှင့် ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး ဆောက်လုပ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နှင့် ကိုရီးယားသံအမတ်တို့ ဆွေးနွေးခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကောင်းချိုက “ဒလဒေသဖွံ့ဖြိုးရေး ကို ကိုရီးယားနိုင်ငံမှ ဆောင်ရွက်ရန် ကိုရီးယားသံအမတ်က လာရောက် ဆွေးနွေးခြင်း ဖြစ်ကြောင်း၊အဓိက က ဒလ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ လာဆွေးနွေးတာပါ၊ တံတားတည်ဆောက်တာ အဆင်ပြေပြေဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတား ရန်ကုန်-ဒလတံတားစီမံကိန်း ဖောင်ဒေးရှင်းတည်ဆောက်မှုကို ဇွန်လ ၂၈ ရက်တွင် ဒလဘက်အခြမ်း၌ စတင်ဆောင်ရွက်မည်ဟု ဦးကျော်ကောင်းချိုကပြောသည်။

အဆိုပါ တံတားစီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ကဦးဆောင်၍ အခြားပုဂ္ဂလိက ဆိပ်ကမ်းများက ကန့်ကွက်မှုကြောင့် ပင်မတံတား၏ ခန်းဖွင့်အကျယ် မီတာ ၃၂၀ ကို မီတာ၃၇၀ သို့ တံတား ဒီဇိုင်းတိုးမြှင့်ပြောင်းလဲခဲ့ရပြီး၊ထိုပြောင်းလဲမှုကြောင့် ကိုရီးယားထံမှ ဒေါ်လာသန်း ၂၀ ထပ်မံချေးယူမှု ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ ထပ်ချေးငွေ ပေးမပေးကို ကိုရီးယားဘဏ်က ဆုံးဖြတ်မည်ဟု ၎င်းကဆိုသည်။

နောင်တစ်ချိန် တွင် ပေါ်ပေါက်လာမည့် ဒလ ဒေသမြို့သစ် စက်မှုဇုန် တည်ဆောက်ရေးတွင် ယခု ရန်ကုန်-ဒလတံတားသည် အားထားရမည့် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ကိုရီးယားနိုင်ငံက ကြေညာထားသည်။

ရန်ကုန်တိုင်း လသာမြို့နယ် နှင့် ဒလ တွံတေး ကော့မှူး  ၊ ကွမ်းခြံကုန်း တို့ကို ဆက်သွယ်ပေးမည့် အဆိုပါတံတားသည် စုစုပေါင်း အရှည်ပေ ၆,၀၀၀ ကျော်ရှိပြီး လေးလမ်းသွားကြိုးဆိုင်းတံတား ဖြစ်သည်။တံတားတည်ဆောက်ပြီးစီးပါက ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်သို့ ထပ်ဆင့်ဆက်သွယ်နိုင်ကြောင်း၊ တံတားတည်ဆောက်ချိန် လေးနှစ်ကြာမည်ဖြစ်ပြီး ၂၀၂၂ တွင် ပြီးဆုံးမည်ဟု ကိုရီးယားနိုင်ငံနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service