မှန်ကန်တဲ့ အီကိုစီးတီးတွေဖြစ်လာဖို့  - Property News in Myanmar from iMyanmarHouse.com
1150 Views

မှန်ကန်တဲ့ အီကိုစီးတီးတွေဖြစ်လာဖို့ 

မြန်မာနိုင်ငံ မှာအခုနောက်ပိုင်းအခေါ်အဝေါ်များပြားလာတဲ့ အီကိုစီးတီးဆိုတာဟာ၂၀ ရာစုနှောင်းပိုင်းမှ ပေါ်ပေါက်လာသော မြို့သစ်ဆိုင်ရာ အယူအဆတစ်ရပ်ဖြစ်ပြီး ၂၀ ရာစုတွင် အထူးပေါ်ပြူလာဖြစ်လာခြင်းဖြစ်ပါတယ်။

အခုမှာတော့ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် တွင် ပထမဦးဆုံး အီကိုစီးတီး ပေါ်ထွန်းလာတော့မည်ဖြစ်၏။

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃) အလွန် လမ်းမကြီး ဝဲ၊ယာ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Stars Group of Company တို့ အကျိုးတူး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်၏။ စီမံကိန်းအမည်မှာ Eco Green City ဖြစ်ပြီး မြေဧရိယာ စုစုပေါင်း ၁,၄၅၇ ဧကတွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရှိရပေသည်။

နိုင်ငံတကာထက် မြန်မာနိုင်ငံက စိမ်းလန်းခြင်း (Green)ဟူသော ဝေါဟာရတစ်လုံး ပိုမိုအသုံပြုလာကြောင်းလည်း တွေ့ရှိရ၏။ အမှန်အားဖြင့် အီကိုစီးတီးဟုဆိုလျှင် စိမ်းလန်းခြင်းက ပါဝင်ပြီးဖြစ်ပေသည်။

အီကိုစီးတီး၏ မူလမြစ်ဖျား ကို လေ့လာကြည့်မိ၏။ ၁၉၆၀ ခုနှစ်များမတိုင်မီကာလ၌ ရုပ်ကြွင်းလောင်စာသုံးစွဲမှု၊ ဓာတုဗေဒပစ္စည်းများကို စိုက်ပျိုးရေးအတွက် သုံးစွဲမှု၊ သစ်တောပြုန်းတီးမှုနှင့် အဏ္ဏဝါထွက်ကုန်ကျဆင်းမှုများသည် ကမ္ဘာကြီးအတွက်များစွာအန္တရာယ်မရှိဟု မှတ်ယူခဲ့ ကြ၏။

၁၉၇၅ ခုနှစ်တွင် မြို့ပြ ဖွံ့ဖြိုးရေးအတွက် အမြတ်အစွန်း မယူသည့် ပညာရှင်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ခဲ့၏။ အဖွဲ့ အစည်း၏အမည်မှာ 'Urban Ecology' ဟူ၍ဖြစ်ပြီး အမေရိ ကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည် နယ် ဘာကလေမြို့ (Berkeley) တွင် Richard Register ပါဝင်သော ဗိသုကာတစ်စုမှ စတင် ဖွဲ့စည်းခြင်းဖြစ်သည်။

၎င်းအဖွဲ့သည် သဘာဝပတ်ဝန်းကျင်ကို အခြေပြု၍ ကျန်းမာသန်စွမ်းသော မြို့ပြများ ပေါ်ပေါက်ရေးအတွက် ဒီဇိုင်းများ ပြုစုရန် ကြိုးပမ်းခဲ့ကြ၏။ ထို့အပြင် ဘာကလေမြို့ လမ်းမကြီးများတွင် သစ်ပင်စိုက်ပျိုးရန်လည်းကောင်း၊ ဆိုလာစနစ် ဖြင့် လျှပ်စစ်ရရှိသော စိမ်းလန်းနေအိမ် (Green House)များ တိုးပွားလာစေရန်လည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ သဘာဝအခြေပြုမြို့ပြဆိုင်ရာ မူဝါဒများ ချမှတ်ရေးအတွက်လည်းကောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ထွန်းကားရေးအတွက် လည်း ကောင်း ဆောင်ရွက်ခဲ့ကြ၏။

အီကိုစီးတီးများ တည်ဆောက်ရာ၌ များသောအားဖြင့် အခက်အခဲသုံးရပ်နှင့် ကြုံတွေ့ရလေ့ရှိကြောင်းလည်း သိရှိရပေသည်။ ပထမအခက်အခဲမှာ အီကိုစီးတီးသည် ဘက်စုံလွှမ်းခြုံ၍ ဆောင်ရွက်ရခြင်းဖြစ်၏။

၎င်းကို အစိတ်စိတ်ကွဲပြားနေသော စီမံခန့်ခွဲမှုအဆောက်အအုံနှင့် နိုင်ငံရေးပြိုင်ဘက်များက အတားအဆီးပြုလျက်ရှိခြင်းဖြစ်၏။ ဒုတိယအချက်မှာ အီကိုစီးတီးအယူအဆ အပေါ် နိုင်ငံရေးအရ ဆန္ဒရှိမှု ကင်းမဲ့ခြင်း (Lack of Political Will)နှင့် ပါဝင်ဆောင်ရွက်သူ တစ်ဦးချင်းစီ၏ ညံ့ဖျင်းမှုများကြောင့် အောင်မြင်မှုမရရှိခြင်းနှင့် တတိယအချက်မှာ သမားရိုးကျချဉ်းကပ်မှုများဖြင့် တည်ဆောက်မှုထက် ကုန်ကျစရိတ်ကြီးမားပြီး အကောင်အထည်ဖော်နိုင်စွမ်းရှိသူ အလွန်ရှားပါးခြင်းတို့ ဖြစ်ပေသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အခြေခံကျသောအရည်အသွေး သတ်မှတ်ချက်များ မပါဝင်ဘဲ တည်ဆောက်ခွင့်ပြုမည်ဆိုပါက အမည်ခံ အီကိုစီးတီးစီမံကိန်း လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားနိုင်ပေသည်။

ဤစီမံကိန်းသည် အခြားအိမ်ရာစီမံကိန်းများ ကဲ့သို့ အစိုးရမှ ရရန်ရှိသော အိမ်ခန်းများကို အပြည့်အဝရရှိရုံဖြင့် စီမံကိန်းအောင်မြင်သည်ဟု မဆိုနိုင်ပေ။

စီမံကိန်းတစ်ခုလုံးအတွက် အမှန်တကယ်ဖော်ဆောင်ရန် လိုအပ်သော အီကိုစီးတီးဆိုင်ရာ အရည်အသွေးများကို သတ်မှတ်ရန်နှင့် ၎င်းသတ်မှတ်ချက် မူဘောင်အတိုင်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မှာဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service