မြန်မာ့စီးပွားရေးအရှိန်ရလာခြင်းကို ဆက်လက်ထိန်းသိမ်းထားရန်လို - Property News in Myanmar from iMyanmarHouse.com
877 Views

မြန်မာ့စီးပွားရေးအရှိန်ရလာခြင်းကို ဆက်လက်ထိန်းသိမ်းထားရန်လို

မြန်မာ့စီးပွားရေးဟာ တဖြည်းဖြည်းတည်ငြိမ်ပြီး ပြန်လည်အရှိန်ရလာပြီလို့ ကမ္ဘာ့ဘဏ်က မနေ့ က ဇွန် ၁၉ ရက်မှာထုတ် ပြန်ကြေညာပါတယ်။

မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာလို့ အမည်ပေးထားတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ယခုဘဏ္ဍာနှစ်မှာ တိုးတက်လာမယ်လို့ မျှော်မှန်းထားကြောင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းက စီးပွားရေးအပေါ်သက်ရောက်ခဲ့တဲ့ မတည်ငြိမ်မှုတွေဟာ လျော့ပါးစပြုလာပြီး ဒီ ဘဏ္ဍာနှစ်ရဲ့ ပထမသုံးလပတ်ကာလမှာတင် ငွေကြေးဖောင်းပွမှုလျော့ကျလာသလို ကျပ်ငွေတည်ငြိမ်လာပြီး လောင်စာဆီဈေးလည်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီဘဏ္ဍာနှစ်ရဲ့ ဒုတိယသုံးလပတ်မှာတော့ လောင်စာဆီဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

မကြာသေးမီက အစိုးရရဲ့ ကုန်သွယ်ရေးကန့်သတ်မှုတွေဖြေလျှော့ဖို့ ဆုံးဖြတ်ချက်ချတာ၊၊နိုင်ငံရပ်ခြားယှဉ်ပြိုင်မှုမြင့်မားစေဖို့ ငွေကြေးကဏ္ဍ ဖွင့်လှစ်ပေးတာနဲ့ အကြီးစား အဆောက်အအုံ စီမံကိန်းတွေ စတင်ဆောင်ရွက်တာတွေဟာ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြင့်လာအောင်အချက်ပြလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ကုန်သွယ်မှုအခွင့်အရေး GSP ရုတ်သိမ်းခံရနိုင်ခြေရှိခြင်း၊ အခြားပြင်ပအကြောင်းအရာတွေနဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းတွေဟာ ပို့ကုန်နဲ့ ပြည်တွင်းကို ၀င်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နှေးကွေးစေနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသ မလုံခြုံမှု၊ ရခိုင်ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ ဒုက္ခသည်တွေ အတင်းအကျပ် နေရပ်စွန့်ခွာရမှုတွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လုပ်ကိုင်လိုမှုအပေါ် ရိုက်ခတ်စေနိုင်တယ်လို့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။

ဒါ့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်တွေကို ရောက်ရှိနိုင်ဖို့ အစိုးရပိုင်းနဲ့ ပုဂ္ဂလိကပိုင်းကပါ ရင်းနှီးမြှုပ်နှံ့မှုတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနေကိုယ်စားလှယ်ကပြောပါတယ်။

ဒါမှသာ မြန်မာနိုင်ငံရဲ့စီးပွားရေးတည်ငြိမ်မှုနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုအရှိန်ကို ထိန်းထားနိုင်မှာဖြစ်ပြီး ရေရှည်မျှော်မှန်းချက်တွေကို ရောက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service