စင်ကာပူနိုင်ငံကျူးကျော်အိမ်ရာများ ဘယ်လိုဖြေရှင်းခဲ့သလဲ - Property News in Myanmar from iMyanmarHouse.com
19429 Views

စင်ကာပူနိုင်ငံကျူးကျော်အိမ်ရာများ ဘယ်လိုဖြေရှင်းခဲ့သလဲ

အိုးမဲ့အိမ်မဲ့များ ၁၉၆၀ ခုနှစ်က စင်ကာပူနိုင်ငံ၌ အိုးအိမ်ပြဿနာများ ကို ကြီးကြီးမားမားရင်ဆိုင်ခဲ့ရသည်။ လူဦးရေ ၁ ဒသမ ၆ သန်း ခန့်သည် ကျူးကျော်အိမ်ရာများ ပြွတ်သိပ်ကျပ်၍ လူနေထူထပ် သော ညစ်ပတ်ရပ်ကွက်များ၊ ဆင်းရဲသားရပ်ကွက်များ၌ နေထိုင် ကြသည်။ အိုးမဲ့အိမ်မဲ့ဝင်ငွေနည်းများ ဖြစ်ကြသည်။ ထိုစဉ်က စင်ကာပူနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ထရပ်(စ်)က ၁၉၄၇ ခုနှစ် မှ ၁၉၅၉ ခုနှစ်ထိ အိမ်ရာနှင် အခန်းပေါင်း ၂၀၉၀၇ ခုဆောက် လုပ်ပေးခဲ့သော်လည်း အိုးမဲ့အိမ်မဲ့ကျူးကျော်ဆင်းရဲသားရပ်ကွက် များ၌ နေထိုင်သူ ၁ ဒသမ ၆ သန်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါ။

ယနေ့မြန်မာနိုင်ငံ၌ ရင်ဆိုင်နေရသကဲ့သို့ ကျူးကျော် အိမ်ရာ ပြဿနာများ၊ ကျူးကျော်ရပ်ကွက်များနှင့် ဆင်းရဲမွဲတေ မှုကြောင့် အိုးမဲ့အိမ်မဲ့ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။

စင်ကာပူနိုင်ငံသည် ယခုအခါ အိုးမဲ့အိမ်မဲ့ပြဿနာများ ကျူးကျော်အိမ်ရာ ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးမြို့တော်များ စာရင်းဝင်ဖြစ်နေပါပြီ။ စင်ကာပူနိုင်ငံသားများ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်သည် တိုက်ခန်းများ၌ နေထိုင်လျက်ရှိကြသည်။ တိုက်ခန်းနေထိုင်သူ ၉၀ ရာခိုင်နှုန်းသည် အိမ်ပိုင်ဆိုင်သူများ ဖြစ်ကြပါသည်။ ကျူးကျော်ရပ်ကွက် အိမ်ရာများ မတွေ့မြင်ရတော့ပါ။

မည်သို့ဖြေရှင်း

၁၉၆၁ မှ ၁၉၆၄ ခုနှစ်ကာလအတွင်း ထပ်မံ၍ အိမ် ရာအခန်းပေါင်း ၃၁၃၁၇ ခန်း ဆောက်လုပ်ခဲ့ပြီး ကျူးကျော်ပြ ဿနာများ၊ အိမ်မဲ့ရာမဲ့ပြဿနာများကို ဖြေရှင်းခဲ့သည်။

၁၉၆၄ ခုနှစ်တွင် စင်ကာပူအစိုးရသည် စင်ကာပူနိုင်ငံ သားများအတွက် အိမ်ရာပိုင်ဆိုင်မှု စီမံကိန်းတစ်ရပ် ရေးဆွဲခဲ့ပြီး ပြည်သူများသို့ ချပြခဲ့သည်။ ထိုစီမံချက်သည် နိုင်ငံပိုင်အစိုးရပိုင် အဆောက်အအုံများ ဆောက်လုပ်၍ စင်ကာပူနိုင်ငံသားများအား မရွှေ့မပြောင်းနိုင်သော ပစ္စည်း (၀ါ) ထိတွေ့ကိုင်တွယ်၍ရသော ပစ္စည်းတိုက်ခန်း၊ အိမ်ခန်းများ ပိုင်ဆိုင်ခွင့်ရစေမည့် စီမံကိန်း ကြီး ဖြစ်ပါသည်။ ရန်ကုန်မြို့တော်၌လည်း ယခုအခါ ကျူးကျော် ၁ ဒသမ ၅ သိန်းကျော်ရှိနေပြီး အစိုးရအိုးအိမ်ဦးစီးဌာနက အစိုးရအိမ်ရာများ ဖော်ထုတ်လျက်ရှိပါသည်။ သို့ဖြစ်၍ စင်ကာပူ နိုင်ငံ၏ ကျူးကျော်အိုးမဲ့အိမ်မဲ့ပြဿနာများ ဖြေရှင်းနည်းကို နမူနာယူသင့်ပါသည်။

ကျူးကျော်ပြဿနာများ၊ အိုးမဲ့အိမ်မဲ့ ပြဿနာများကို နိုင်ငံတော်အစိုးရက တာဝန်ယူမဖြေရှင်းပါက မည်သူက ဖြေရှင်းပေးနိုင်ပါမည်နည်း။ စင်ကာပူနိုင်ငံကဲ့သို့ နိုင်ငံတော်က ဦးစီး ၍ လုပ်ငန်းရှင် ကန်ထရိုက်တာများနှင့် ပူးပေါင်းဖြေရှင်းရမည် သာ ဖြစ်ပါသည်။

စင်ကာပူအစိုးရသည် ၁၉၅၉ ခုနှစ်တွင် အမျိုးသားတိုး တက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန The Ministry of National Deve- lopment (MND) က အမျိုးသားမြေအသုံးချတိုးတက်ဖွံ့ဖြိုးရေး စီမံချက်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ကျူးကျော်အိုးအိမ်များ ပြဿနာကို ထိုဝန်ကြီးဌာနလက်အောက်၌ ဖွဲ့စည်းထားသော အိုးအိမ်တိုးတက်ဖွံ့ဖြိုးရေးအဖွဲ့ The Housing and Development Board) (HDB) အိုးအိမ်ဖွံ့ဖြိုးရေးအဖွဲ့သည် စင်ကာပူနိုင်ငံ သားများအတွက် လက်လှမ်းမီသော နေအိမ်များ၊ အရည်အသွေး နှင့် တန်ဖိုးသင့်တင့်မျှတသော နေအိမ်တိုက်ခန်းများကို စတင် ဖော်ထုတ်ခဲ့သည်။ ထိုအဖွဲ့သည် အိုးအိမ်နှင့်ပတ်သက်သော အာဏာပိုင်အဖွဲ့ဖြစ်သည်။

လူတို့၏ စာရေး၊ ၀တ်ရေး၊ နေရေး၊ အရေးသုံးပါးအနက် နေထိုင်ရေးဖြစ်သော လူနေအိမ်ရာများ၊ လူနေတိုက်ခန်း များကို ၁၉၆၄ ခုနှစ် စီမံကိန်းအရ ၁၉၆၅ ခုနှစ် ဆယ်စုနှစ်အ တွင်း၌ အိမ်ခန်းပေါင်း ၅၄၀၀၀ တည်ဆောက်ခဲ့သည်။ ယခုအခါ ခရိုင်ကြီးသုံးခု မြို့နယ်ပေါင်း ၂၃ မြို့နယ်၌ အခန်းပေါင်း တစ်သန်းကျော် ဆောက်လုပ်နိုင်ခဲ့ပါသည်။

စင်ကာပူအစိုးရသည် နှစ်ပေါင်း ၅၀ အတွင်း စင်ကာပူ နိုင်ငံသားများအား အရည်အသွေးမြင့်မားသော ပြည်သူ့အိမ်ရာများ တည်ဆောက်ဖန်တီးပေးနိုင်ခြင်းအပေါ်၌ ဂုဏ်ယူဝံ့ကြွား လျက်ရှိပါသည်။

၁၉၆၄-၆၅ ခုနှစ်၌ စင်ကာပူအစိုးရသည် ကျူးကျော်အိုးအိမ်မဲ့ ၁ ဒသမ ၆ သန်းကျော်အရေးကို တည်ငြိမ်စွာဖြေရှင်း ပေးနိုင်ခဲ့သဖြင့် ထိုစဉ်ကပင် တစ်နိုင်ငံလုံး၏ လူမှုရေး၊ နိုင်ငံရေး တည်ငြိမ်မှုများရရှိကာ စီးပွားရေးတစ်ဟုန်ထိုး တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် နိုင်ငံခြားသားများကို အားကိုး၌ နိုင်ငံတကာချေးငွေများယူ၍ မြိ့သစ်တည်ဆောက်ရေး စီမံကိန်းထက် ကျူးကျော်အိမ်ရာပြဿနာများကို ဦးစားပေးဖြေ ရှင်းသင့်ပါသည်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုများ ရရှိလာနိုင်ပါသည်။

နေအိမ်ပိုင်ဆိုင်ခွင့်

၁၉၆၄ ခုနှစ်တွင် စင်ကာပူအစိုးရသည် အိုးမဲ့အိမ်မဲ့နိုင်ငံသားများကို အိမ်ရာပိုင်ဆိုင်စေရမည်ဟူသော စီမံကိန်းကြီး ချမှတ်ရာ၌ ၀င်ငွေနည်းအိမ်ထောင်စုများ၊ အလယ်အလတ်ဝင်ငွေရှိ အိမ်ထောင်စုများ၊ အိမ်ခန်းများ မဖြစ်မနေ၀ယ်ယူနိုင်အောင် ၀ယ်ယူရန် လက်လှမ်းမီသော အိမ်ရာများကို စနစ်တကျဆောက်လုပ်ခဲ့သည်။

မြန်မာနိုင်ငံ၌ ယနေ့အိမ်ခန်း၊ တိုက်ခန်းများသည် ၀င်ငွေနည်းသူများ လက်လှမ်းမမီသော ဈေးနှုန်းများဖြစ်နေသည်။ အလယ်အလတ်ဝင်ငွေရှိ အိမ်ထောင်စုများပင် တန်ဖိုးနည်းအိမ် ရာများကိုပင် မ၀ယ်နိုင် ကြပါ။ သို့ဖြစ်၍ စင်ကာပူ နိုင်ငံကဲ့သို့ ကနဦး စတင် ဆောက်လုပ်သော တိုက်ခန်းများသည်ဝင်ငွေနည်း မိသားစုများ ၀ယ်ယူနိုင်သော ဈေးနှုန်း၊ အရစ်ကျ ရောင်းချမှု စနစ်နှင့် ငွေကြေးပံ့ပိုးမှုများကို အစိုးရ က စနစ်တကျထိုစီမံကိန်း ၌ ရေးဆွဲဆောင်ရွက်ခဲ့သည်။

တန်ဖိုးနည်းအိမ်ရာ

ကျူးကျော်ပြဿနာများ စတင်ဖြေရှင်းစဉ်ကာလက အိမ် ရာများသည် ရိုးရိုးဒီဇိုင်းများဖြင့် ဈေးနှုန်းချိုသာ၍ သင့်တင့် သောနေထိုင်ရန် အကျယ်အ၀န်းဖြင့် တည်ဆောက်ပေးပါသည်။ သို့ရာတွင် ရေ၊ မီး၊ မိလ်္လာစနစ်များကို ကောင်းမွန်စေပါသည်။ အလျင်အမြန်ပြီးစီးနိုင်သော အိမ်ပုံစံများဖြင့် အလျင်အမြန် ပြောင်းရွှေ့ နေထိုင်ကြရန် ဖြစ်သည်။ ပြွတ်သိပ် ကျပ်ညပ်၍ ကျန်းမာရေးနှင့် မညီညွတ်သော ကျူးကျော်များကို အလျင်အမြန် ပြောင်းရွှေ့စေပါသည်။ ကနဦးအိမ်ရာများ၏ အခန်းအမျိုးအစားများမှာ-

(၁) အိပ်ခန်းတစ်ခန်းပါအခန်း - အရေးပေါ်အခန်းများ (အခန်း ကျယ် ၂၃ စတုရန်းမီတာ)

- မွမ်းမံထားသောအခန်းများ (အခန်း အကျယ် ၃၃ စတုရန်း မီတာ)

(၂) အိပ်ခန်းနှစ်ခန်းပါအခန်း - အရေးပေါ်အခန်းများ (အခန်း အကျယ် ၃၇ စတုရန်းမီတာ)

- ပုံမှန်အခန်းများ (အခန်းအကျယ်၄၁ စတုရန်းမီတာ)

- မွမ်းမံထားသော အခန်းများ (အခန်းအကျယ် ၄၅ စတုရန်း မီတာ)

( ၃) အိပ်ခန်းသုံးခန်းပါအခန်း - ပုံမှန်အခန်းများ (အခန်းအကျယ် ၅၄ စတုရန်းမီတာ)

- မွမ်းမံအခန်းများ (အခန်းအကျယ်၃၀ စတုရန်းမီတာ)

- မျိုးဆက်သစ်အခန်းများ (အခန်းအကျယ် ၆၉ စတု ရန်း မီတာ)

- ပုံစံ (က) (အခန်း အကျယ် ၇၅ စတုရန်းမီတာ)

- ပုံစံ (ခ) (အခန်းအကျယ် ၆၅ စတုရန်းမီတာ)

အိုးအိမ်ဖွံ့ဖြိုးရေး အဖွဲ့၏ ပြခန်းများ၌ အခန်း အမျိုးမျိုးကို ပုံစံငယ်များ၊ အသုံးပြုထားသော ပစ်္စည်း များဖြင့် ပြသထားပါ သည်။ စုံစမ်းမေးမြန်းနိုင်သော ကောင်တာများ လည်း ဖွင့်ထားပါသည်။ TV များဖြင့် ပြသပါသည်။ မိမိလျှောက်ထားမှုကို အခန်းရ၊ မရ အချိန်နှင့်အမျှ TV မှ ပြသပေးနေပါသည်။ မိသားစုနေ အခန်း များ၊ တစ်ဦးတည်းနေ အခန်းများ၊ သက်ကြီးရွယ်အို အခန်းများ၊ မိသားစုနှစ်ခုသုံးခု နေထိုင်နိုင်သော အခန်းများပုံစံ အမျိုးမျိုး အကျယ်အ၀န်း အမျိုးမျိုးဖြင့် ဖွဲ့စည်းထားပါသည်။ အဆောက်အအုံ တိုင်း၌ အခန်းမျိုးစုံ ပါရှိပါသည်။ နေရာဒေသတိုင်း၌ အလားတူအဆောက်အအုံမျိုးများကို နေရာအနှံ့ဆောက်လုပ်ပါသည်။

တိုက်တာအဆောက်အအုံများအားလုံး၏ ဘေးပတ်ဝန်း ကျင်မြေများကိုလည်း ပန်းဥယျာဉ်များ၊ ကလေးကစားကွင်းများ၊ ကျန်းမာရေး လေ့ကျင့်ကွင်းများ၊ ယာဉ်ရပ်နားရန် နေရာများ၊ နားခိုရန် နေရာများ၊ နားနေထိုင်ခုံများဖြင့် သာယာဖွယ်ဖန်တီးထားပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း အလေးထားဆောင်ရွက်ပါသည်။

ငွေကြေးထောက်ပံ့မှုများ

လူတိုင်း အိမ်ခန်းဝယ်ယူပိုင်ဆိုင်ရေးမူ ချမှတ်ဆောင် ရွက်ရာ၌ ဆောက်လုပ်သောအခန်းများ၏ ဈေးနှုန်းသက်သာ စေရန် တည်ဆောက်ထားမှုပုံစံများကိုသာမက ၀င်ငွေနည်းသော ဆင်းရဲသားမိသားစုများကိုပင် ၀ယ်ယူနိုင်ကြစေရန် ငွေကြေးထောက်ပံ့ကူညီမှုကိုလည်း အမျိုးမျိုးဖန်တီးပေးသည်။

၁၉၆၈ ခုနှစ်တွင် စင်ကာပူအစိုးရသည် စင်ကာပူနိုင်ငံသားများ အိမ်ရာပိုင်ဆိုင်ခွင့်အား ပိုမိုရရှိလာစေရန် အစိုးရထံ၌ Centeral Provident Fund (CPF) ထည့်ဝင်စုဆောင်းထားသော ငွေများကို အိမ်ရာဝယ်ယူပါက ထိုငွေများကို အသုံးပြုခွင့်ပေးခဲ့ သည်။ ထို့ပြင် လစဉ်အခန်းလခချေးငွေများ ပေးဆပ်ရာ၌လည်း ထို CPF ငွေများမှ အသုံးပြုခွင့်ပေးခဲ့သည်။ အိမ်ခန်းများဝယ် ယူရာ၌ ဘဏ်များလည်း ငွေထုတ်ချေးပေးသည်။ အခန်းများကို နှစ်ရှည်ပေးဆပ်ရသော ချေးငွေစနစ်များ ကျင့်သုံးခဲ့သည်။ ဤ သို့ဖြင့် အိမ်ရာဝယ်ယူပိုင်ဆိုင်သူဦးရေ တိုးတက်များပြားခဲ့သည်။ ယခုအခါ အိမ်ခန်းနေထိုင်သူများ၏ ၉၀ ရာခိုင်နှုန်းသည် အိမ်ရာပိုင်ဆိုင်သူများ ဖြစ်ကြသည်။ အိုးအိမ်လုံခြုံမှုစနစ်များဖြင့် မိမိဝယ်ယူပိုင်ဆိုင်ခဲ့သော အိုးအိမ်ကို အကြွေးများမပေးဆပ်နိုင်၍ သိမ်းယူခြင်းမျိုး မခံရစေရန် ပံ့ပိုးကူညီမှုများ ပေးသည်။ အိုး အိမ်ပိုင်ရှင်ကွယ်လွန်ခဲ့ပါက ကျန်ရစ်သော မိသားစုများက ဆက် လက်နေထိုင်၍ ပိုင်ဆိုင်ခွင့်များ ရရှိစေရန် ပံ့ပိုးကူညီမှုများ၊ အစီ အမံများ ချမှတ်ပေးထားသည်။ ၀ယ်ယူထားသောအခန်း၏ လစဉ်ဘဏ်သို့ အိမ်ဖိုးပေးသွင်းရမည့် ငွေကိုလည်း မိသားစုဝင်ငွေ ၏ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း) ထက်မပိုသော ငွေကြေးကိုသာ ပေးသွင်းရန် စီစဉ်ပေးသည်။ နိုင်ငံတကာပေးချေရသော စံနှုန်း များထက်ပင် လျော့နည်းသည်ဟု ဆိုပါသည်။ ယခုအခါ အိုး အိမ်ဖွံ့ဖြိုးရေး အထူးချေးငွေများ (HLE) ထုတ်ချေး၍ ပံ့ပိုးကူ ညီသည်။

ဝယ်ယူမှုဦးစားပေးစနစ်

အိမ်ရာရောင်းချရာ၌ အစိုးရထံမှ ယခင်က၀ယ်ယူခဲ့ ဖူးခြင်းမရှိသော ပထမအကြိမ်ဝယ်ယူသော မိသားစုများကို ဦး စားပေးရောင်းချသည်။ အိမ်ထောင်နှင့် မိသားစုများကို ဦးစား ပေးရောင်းချသည်။ သက်ကြီး စင်ကာပူနိုင်ငံသားများအတွက် အထူးဈေးနှုန်းသက်သာသော အခန်းများကို အဆောက်အအုံ များ၌ ထည့်သွင်းဆောက်လုပ်ရောင်းချပေးသည်။ ၀ယ်ယူထား သောအခန်းကို (၅) နှစ်အတွင်း ပြန်လည်ရောင်းချပါက အခွန် များစွာပေးကြရသည်။ (၅) နှစ်ကျော်ပြီး ရောင်းချမှသာ အခွန်ကင်းလွတ်ခွင့်ရသည်။ ပြန်လည်ရောင်းချရာတွင်လည်း အမြတ် ငွေ (အပိုကြေး)ကိုလည်း အိုးအိမ်ဖွံ့ဖြိုးရေးအဖွဲ့က ထိန်းချုပ် ထားသည်။ အိမ်ခြံမြေလောကကို အခွန်အကောက်များ၊ လုပ် ထုံးလုပ်နည်းများဖြင့် ဈေးကစားမှုများ မပြုနိုင်ရန် အိမ်ခြံမြေအရောင်းအ၀ယ်များ၌လည်း လိမ်လည်မှုများ မဖြစ်ပေါ်စေရန် အိုးအိမ်ဖွံ့ဖြိုးရေးအဖွဲ့က ပိုင်နိုင်စွာ ထိန်းကိုင်ထားပါသည်။ တ ရားဥပဒေစိုးမိုးမှုဖြင့် ကျူးကျော်အိမ်များ၊ အိုးမဲ့အိမ်မဲ့များလည်း မတွေ့ရပါ။

စင်ကာပူနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်က ရင်ဆိုင်ခဲ့ရသော ကျူးကျော်အိုးအိမ်မဲ့ လူဦးရေ ၁ ဒသမ ၆ သန်းခန့်ကို အိုးအိမ် များဖြင့် နေထိုင်နိုင်ရေး၊ အိုးပိုင်အိမ်ပိုင်ရှင်များ ဖြစ်ရေးကို ဖြေ ရှင်းရာ၌ တွေ့ရှိရသော အဓိကအချက်များမှာ -

(၁) အိုးအိမ်ဖွံ့ဖြိုးရေးအဖွဲ့၌ အဆောက်အအုံသုတေသနဌာနထားရှိ၍ ဦးစွာသုတေသနလုပ်ငန်းများအဖြစ် အိုးမဲ့အိမ် မဲ့များ အခြေအနေ၊ ၀င်ငွေဖြင့် ၀ယ်ယူနိုင်စွမ်း၊ အဆောက်အ အုံအမျိုးအစား၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များ၊ စိမ်းလန်းမြို့တော်ဖြစ်ရန် စိုက်ပျိုးသစ်ပင်လေ့လာမှုများ စသည်တို့ ကို ကြိုတင်၍ သုတေသနပြုခဲ့သည်။

(၂) ၀င်ငွေ အဆင့်အတန်းပေါ်မူတည်၍ ၀ယ်နိုင်စွမ်း အားရှိနိုင်သော ဈေးနှုန်းဖြင့် အဆောက်အအုံများနှင့် အခန်းအမျိုးအစားအမျိုးမျိုးတို့ကို တည်ဆောက်ခဲ့သည်။ အလျင်အ မြန်ပြောင်းရွှေ့နိုင်ရေး မြန်မြန်ပြီးစီးသော ဒီဇိုင်းပုံစံများ၊ အခန်းအရွယ်အစားအမျိုးမျိုးတို့ကို စင်ကာပူမြို့နယ် ရပ်ကွက်အနှံ့အပြား၌ ဆောက်လုပ်ခဲ့သည်။

(၃) နေအိမ် အခန်းများရောင်းချမှု၌ ဦးစားပေး အဆင့်များထားရှိ၍ စနစ်တကျစီစဉ်ရောင်းချပေးသည်။

(၄) ၀င်ငွေထွက်ငွေနှင့် ၀န်ထုပ်ဝန်ပိုးဖြစ်စေ သော အခန်းဈေးနှုန်းများ သတ်မှတ်ပေးသည်။ ၀ယ်နိုင်အားရှိစေရန် အကြွေးနှစ်ရှည် အရစ်ကျပေးဆပ်စနစ် ဖြင့် ရောင်းချပေးသည်။

(၅) ၀ယ်နိုင်စေရန် ငွေထုတ်ချေးမှုများ၊ အစိုးရ ထံစု ဆောင်းထားငွေကို အသုံးပြုဝယ်ယူခွင့်များ၊ အိုးအိမ်ဝယ်ယူရန် အထူးထုတ်ချေးငွေများ၊ ဘဏ်များက လိုအပ်ငွေများကို ပံ့ပိုး ထုတ်ချေးငွေများဖြင့် ၀င်ငွေနည်း ဆင်းရဲသားမိသားစုများကိုပင် အိမ်ဝယ်နိုင်အောင် စီစဉ်ပေးသည်။

(၆) နေအိမ်အား အကြွေးငွေ ပေးဆပ်ခြင်းမပြု နိုင်၍ အိမ်ကို ပြန်လည်သိမ်းယူခြင်းခံရသောအဖြစ်မျိုး မဖြစ်စေရန် ကာကွယ်မှုအစီအစဉ်များ၊ နေအိမ်၏ ပိုင်ဆိုင်ခွင့်လုံခြုံမှုအစီအစဉ်များ ချမှတ်သည်။ အိမ်ပိုင်ရှင်ဦးစီးကွယ်လွန်သွားသဖြင့် ကျန်မိသားစုများ အိမ် ဆုံးရှုံးဖယ်ရှားပေးရသည့်အဖြစ်မျိုးမရှိစေရန် ပံ့ပိုးမှု များ ပြုလုပ်ပေးသည်။

(၇) အိမ်တန်ဖိုးနည်းသော်လည်း အခြေခံရေ၊ မီး၊ လျှပ်စစ်စွမ်းအင်နှင့် ကျန်းမာရေးညီညွှတ်မှု ရှိစေသည်။ နေအိမ် တိုက်ခန်းများ၏ ဘေးပတ်ဝန်းကျင် ကိုလည်း သာယာနေပျော်ဖွယ်ဖြစ်ရန် ပန်းဥယျာဉ်များ သစ်ပင်ပန်းပင်များ၊ ကစားကွင်းများ၊ ကျန်းမာရေး လေ့ကျင့်ကွင်းများ၊ နားနေရန် နေရာများ စသည်တို့ဖြင့် မူလကပင် သုတေသနပြုမှုဖြင့် စီစဉ်ဆောင်ရွက်သည်။

(၈) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအထူးဦးစားပေးလိုက်နာသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် လိုက်နာရန်အချက်များကို အတိအကျ လိုက်နာသည်။

(၉) အိမ်ခြံမြေဈေးကွက် တည်ငြိမ်ရေးနှင့် စီးပွားဖြစ် ဈေးကစားမှုများ မဖြစ်စေရန် အမှန်တကယ် အိုးအိမ်နေထိုင်ရန် လိုအပ်သူများကို စိစစ်ရောင်းချသည်။ ပြန်လည်အမြတ်တင် ရောင်းစားမှုများ မပြုလုပ်နိုင်ရန် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်း များ ပြဋ္ဌာန်းသည်။ အခန်း၏ ဈေးနှုန်းများကိုလည်း အိုးအိမ်အဖွဲ့က ထိန်းချုပ်ထားသည်။ အရောင်းအ၀ယ်အပြောင်းအရွှေ့များအားလုံးကို ဥပဒေစည်းကမ်းများဖြင့် ထိန်းချုပ်ထားသည်။

(၁၀) အိမ်ခြံမြေပွဲစားများ၊ အကျိုးဆောင်များကို ဥပဒေ များပြဋ္ဌာန်း၍ လေ့ကျင့်သင်တန်းများကို တက်ရောက်အောင် မြင်မှသာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးသည်။ လမ်း လျှောက်အိမ်ခြံမြေ အကျိုးဆောင်များကို ပွဲစားအိမ်ခြံမြေကုမ္ပဏီ ကြီးများက တာဝန်ခံကြရသည်။ ဥပဒေစည်းကမ်းများဖြင့် ကွပ်ကဲထားသည်။

(၁၁) ထပ်မံ၍ ကျူးကျော်အိမ်များကို အိုးမဲ့အိမ်မဲ့များ မရှိစေရန် အရေးယူမှုများ တိတိကျကျဆောင်ရွက်သည်။

(၁၂) စင်ကာပူနိုင်ငံသည် အဂတိကင်းစင်မှုရှိသော နိုင်ငံအဖြစ် ကြိုးပမ်းလျက်ရှိသည်။ လာဘ်ပေးလာဘ်ယူကိစ္စများကို တားမြစ်၍ အထူးကြပ်မတ်ဆောင်ရွက်သည်။ စင်ကာပူနိုင်ငံ၏ အိုးအိမ်ဖွံ့ဖြိုးရေးဆောင်ရွက်ပုံနှင့် ကျူးကျော်အိမ်များဖြေရှင်းခဲ့ပုံများကို နည်းယူ၍ မိမိနိုင်ငံနှင့် ကိုက်ညီစွာစီမံကိန်းတစ်ရပ်ရေးဆွဲဆောင်ရွက်သင့်ပါကြောင်း...။ 

 

ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service