ပြည်တွင်းရွှေဈေး ကျပ်ဆယ်သိန်းရှစ်သောင်းငါးထောင်အထိ စံချိန်တင်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1040 Views

ပြည်တွင်းရွှေဈေး ကျပ်ဆယ်သိန်းရှစ်သောင်းငါးထောင်အထိ စံချိန်တင်မြင့်တက်

ပြည်တွင်းရွှေဈေးနှုန်း သည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းရှစ်သောင်း ငါးထောင်သို့ ဇွန်လ ၁၄ ရက်က စံချိန်တင်မြင့်တက်ခဲ့သည်။

ဇွန်လ ၁ ရက်က အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းလေးသောင်းရှစ်ထောင်ဈေး ရှိရာမှ ရက်သတ္တနှစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃ ရာခိုင်နှုန်းခန့် မြင့်တက်လာ ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးစံချိန်တင် မြင့်တက်ရခြင်းသည် ကမ္ဘာ့ ရွှေဈေးနှုန်း မြင့်တက်လာခြင်းကြောင့်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်ဟုလည်း ၎င်းကဆိုသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ဗဟိုဘဏ်များ မှ အတိုးနှုန်းလျှော့ချမည့်သတင်းများက နိုင်ငံတကာငွေကြေးနှင့် အရင်းအနှီးဈေးကွက်တွင် ပျံ့နှံ့နေပြီး ယင်းကြောင့် ရွှေအပါအ၀င်တန်ဖိုးမြင့်ကုန်ပစ္စည်းအချို့ ဈေးနှုန်းများမြင့်တက်နေသည်ဟု ဦးကျော်ဝင်းက ဆိုသည်။

‘‘နိုင်ငံတကာမှာတော့ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ရွှေဝယ်လို အားကတက်နေတယ်။ ကမ္ဘာ့ရွှေ ဈေးနှုန်းကဆက်တိုက်တက်လာ တယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိ ကမ္ဘာ့ ရွှေဈေးနှုန်း သည် ရွှေတစ်အောင်စလျှင် ကန် ၁,၃၄၆ ဒေါ်လာအထိ ရောက်ရှိ လာသည်။ အဆိုပါဈေးနှုန်းကဇွန် လနှစ်ပတ်အတွင်း ၄ ရာခိုင်နှုန်း ခန့် မြင့်တက်လာခြင်းဖြစ်သည်။ ဇွန်လဆန်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁,၂၉၂ ဒေါ် လာဈေးရှိခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ရွှေဈေးနှုန်း ရုတ်တရက်မြင့်တက် ခြင်း၊ ကျဆင်းခြင်းသည် ၀ယ်လိုအားနည်းပြီး အရောင်းအ၀ယ်အေးသဖြင့် ပြည်တွင်းရွှေလုပ်ငန်းရှင်များ မကြိုက်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

ပြည်တွင်းရွှေဈေးမြင့်တက် နေသော်လည်း ကန်ဒေါ်လာ တန်ဖိုးသည် ဇွန်လဒုတိယပတ် အတွင်း အနည်းငယ်ကျဆင်းလာသည်။ ဇွန်လဒုတိယပတ်၌ ပြည် တွင်းငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာ လျှင် ၁,၅၃၅ ကျပ်အထိ အမြင့် ဆုံးရောက်ရှိပြီးနောက် ဇွန်လ ၁၄ ရက်တွင် တစ်ဒေါ်လာ ၁,၅၂၄ ကျပ်သို့ ပြန်လည်ကျဆင်းသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service