ကလေးဝ-ယာကြီးလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်း အိန္ဒိယနိုင်ငံပံ့ပိုးမှုဖြင့် ၂၀၂၀ မေလတွင် အပြီးဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1233 Views

ကလေးဝ-ယာကြီးလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်း အိန္ဒိယနိုင်ငံပံ့ပိုးမှုဖြင့် ၂၀၂၀ မေလတွင် အပြီးဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ–-အိန္ဒိယ နယ်စပ်ကုန်စည်တင်ပို့ရေးတွင် အဓိကအရေး ပါသည့် ကလေးဝ-–ယာကြီးလမ်းကို အိန္ဒိယ နိုင်ငံ၏အကူအညီဖြင့် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

အကူအညီပေးရန်

အဆိုပါလမ်းကို ၂၀၂၀ ပြည့်နှစ်မေလတွင် လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှုလျှပ်စစ်နှင့်စွမ်းအင် ကော်မတီမှ တာဝန်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောဆိုသည်။

"ကျွန်တော်တို့ ကလေးဝ-–ယာကြီးလမ်းမှာ အိန္ဒိယနိုင်ငံက ကူညီပံ့ပိုးမှုနဲ့ဆောင်ရွက်နေတဲ့ လမ်းအခြေအနေကို ကွင်းဆင်းမှတ်တမ်းတင်နေတာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ မေလမှာ ကလေးဝ–ယာကြီး-လမ်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေးအတွက် လက်ရှိဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာ အားနည်းချက်၊ အားသာချက်တွေ အကူအညီပေးနိုင်ဖို့ဖြစ်ပါတယ်"ဟု ဦးကိုကိုနိုင်က ပြောဆိုသည်။

ယင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မေလမှစတင်၍ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် Vertical Curve များ၊ Horizontal Curve များဖြေလျှော့ခြင်း၊ လမ်းကွေ့ဖြောင့်ခြင်း၊ မြေဖို့ခြင်းများ လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်း၏ရာခိုင်နှုန်း ၂၀ ပြီးစီးနေပြီဖြစ်သည်။

အတက်အဆင်း၌အန္တရာယ်ဖြစ်ပွား

" ကျွန်တော်တို့အခုအသုံးပြုနေရတဲ့ ယာကြီးလမ်းဟာ မုံရွာ (ဝ/ဝ) မိုင်ကနေပြီး ယာကြီး (၄၀/ဝ) အထိ မြေပြန့်လမ်းပိုင်းဖြစ်ပါတယ်။ (၄၀/ဝ) မိုင်ကနေစတင်ပြီး လာဖို့(၅၈/၄)အထိ တောင်ပေါ်လမ်းဖြစ်ပါတယ်။ တောင်ပေါ်လမ်းပိုင်းအနေအထားကတော့ အတက်အဆင်းကြီးမားတဲ့အတွက် ကားတွေ၊ ဆိုင်ကယ် တွေ မကြာခဏမလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ကြရပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ကြရပါတယ်" ဟု ကလေးဝ–-ယာကြီး လမ်းပိုင်းကျောက်တန်းရွာရှိ ဒေသခံဦးဖုန်း စုံက ပြောဆိုသည်။

ဆက်သွယ်သွားလာ

မြန်မာ-–အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူး၊ ချင်းပြည်နယ် မြန်မာ--အိန္ဒိယ နယ်စပ် ရိဒ်ကုန်စည်ပို့ဆောင်ရေးအတွက် ကလေး၊ ကလေးဝမြို့များမှတစ်ဆင့် လမ်းသုံး လမ်းဖြင့် ဆက်သွယ်သွားလာကြရာ ကလေးဝ–ရေဦးလမ်းမှာ ၁၆၅ မိုင်၊ ကလေး– ဂန့်ဂေါလမ်း မှာ မိုင် ၂၀ဝ ကျော်ဝေးပြီး ကလေးဝ–ယာကြီး လမ်းမှာ ၁၁၅ မိုင် ဝေးသည်။

"(၆၈/ဝ) မိုင်ကနေပြီး၊ (၇၀/ဝ)မိုင်အထိ နှင့်(၇၈/ဝ)မိုင်ကနေ(၉၃/ဝ)မိုင်အထိ လမ်း ပိုင်းက ရွှေသမိုင်တောင်ခြေလမ်းဖြစ်ပါတယ်။ တောင်ကျချောင်းတွေ၊ မြေပြိုကျမှုတွေ၊ ရေ တိုက်စားမှုတွေကြောင့် လမ်းပျက်စီးမှုများတဲ့ နေရာလည်းဖြစ်ပါတယ်။ မိုးတွင်းကာလမှာ ဆိုရင် လုံးဝသွားလို့၊ လာလို့မရတဲ့အပြင်ယာ ကြီးလမ်းထဲမှာ ရောက်နေတဲ့ကားတွေလည်းလမ်းခြောက်သွေ့မှ ခရီးဆက်နိုင်ကြတာဖြစ် ပါတယ်။ ဒေသခံတွေအတွက်ကတော့ မိုးတွင်း ကာလမှာ သွားလာရေးခက်ခဲတဲ့အတွက် စား ရေးသောက်ရေးပါ အခက်တွေ့ကြရပါတယ်"ဟု ဒေသခံဦးဖုန်းစုံက ပြောဆိုသည်။

ဝန်ဆောင်ခပိုကုန်ကျ

ကလေးဝ-–ယာကြီးလမ်းမှာ ခရီးအတိုဆုံး လမ်းမကြီးဖြစ်သော်လည်း လမ်းမကောင်း သည့်အတွက် ယခုအခါသွားလာမှုနည်းပါး သည်။ မိုးတွင်းကာလဆိုလျှင် အသွားအလာ လုံးဝမရှိဖြစ်သွားကြောင်း သိရသည်။

အဆိုပါဒေသတွင် ယခုလတ်တလောအသွား လာအများဆုံးလမ်းမှာ ကလေး--ဂန့်ဂေါ -မုံရွာ လမ်းဖြစ်သည်။ လမ်းကြောအရှည်ဆုံးလမ်းကို အသုံးပြုနေကြရသည့်အတွက် ဝန်ဆောင်ခ ပိုမိုကုန်ကျနေကြရကြောင်း ကလေးဒေသခံ ဦးတင်ထွန်းဝင်း (ရုပ်သံ) က ပြောဆိုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service