လက်လီဘဏ်လုပ်ငန်းမှာ နိုင်ငံခြားဘဏ်တွေကို ဘယ်လိုယှဉ်မလဲ - Property News in Myanmar from iMyanmarHouse.com
1008 Views

လက်လီဘဏ်လုပ်ငန်းမှာ နိုင်ငံခြားဘဏ်တွေကို ဘယ်လိုယှဉ်မလဲ

နိုင်ငံခြား ဘဏ်လုပ်ငန်းများကို ပြည်တွင်း၌ ကုမ္ပဏီခွဲ (Subsidiary) ဖွင့်လှစ်ခွင့် လိုင်စင်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်ဆင်နေပြီဖြစ်သည်။ ကုမ္ပဏီခွဲ ဖွင့်လှစ်ခွင့်၏ နောက်ဆက်တွဲအဖြစ် နိုင်ငံခြားဘဏ်များသည် ပြည်တွင်းဘဏ်များကဲ့သို့ လက်လီဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို လုပ်ကိုင်ခွင့်ရှိလာမည် ဖြစ်သည်။

မြန်မာနိုင်ငံ ၏ ငွေရေးကြေးရေးကဏ္ဍတွင် ပြည်တွင်းဘဏ်များကိုသာ အားကိုးနေခြင်းထက် နိုင်ငံခြားဘဏ်လုပ်ငန်းများကို ပါဝင်စေခြင်းက ရေရှည်ကောင်းမွန်စေမည်ဟု ဗဟိုဘဏ် အကြီးအကဲများက ယူဆထားကြသည်။ ထို့ကြောင့်ပင် နိုင်ငံခြားဘဏ် လုပ်ငန်းများကို ကုမ္ပဏီခွဲ (Subsidiary) ဖွင့်လှစ်ခွင့်ပေးရန်ဗဟိုဘဏ်က ဆုံးဖြတ်လိုက်သည်။

'' နိုင်ငံခြားဘဏ်တွေကို လိုင်စင်တွေပေးတဲ့အခါမှာ ဘဏ်ခွဲ(Branch) ဒါမှမဟုတ် ကုမ္ပဏီခွဲ (Subsidiary) ဖွင့်ခွင့်လျှောက်နိုင်ပြီဆိုပြီး ဖွင့်ပေးတော့မယ်။ ကုမ္ပဏီခွဲ (Subsidiary) ရဲ့ထုံးစံကတော့ လက်လီလုပ်ငန်းတွေပါ ပေးရတယ်။ ယေဘုယျပြောရရင်တော့ ပြည်တွင်းဘဏ်တွေလိုပဲ လုပ်လို့ရသွားမှာပါ''ဟု ဗဟိုဘဏ်ဒုတိယဥက္ကဌဦးစိုးသိန်းက မြန်မာတိုင်း(မ်)ကိုမေ ၂၈ ရက်က ပြောသည်။

နိုင်ငံခြားဘဏ်များသည် လက်လီလုပ်ငန်း လုပ်ကိုင်မည်ဆိုပါက အပ်ငွေလက်ခံခြင်းများ၊ ချေးငွေထုတ်ချေးခြင်းများကို မည်သူ့ကိုမဆို လုပ်ကိုင်ခွင့် ရရှိလာမည်ဖြစ်သည်။ ယခင်ကမူ ပြည်တွင်း လုပ်ငန်းရှင်များကို ချေးငွေ ထုတ်ချေးရာတွင် ပြည်တွင်းဘဏ်လုပ်ငန်း များမှတစ်ဆင့် ကြားခံခြင်း သို့မဟုတ် အစိုးရအဖွဲ့အစည်းများကို ကြားခံသည့် စနစ်များဖြင့်သာ ဆောင်ရွက်ခွင့်ရှိခဲ့သည်။

''အခုတော့ နိုင်ငံခြားဘဏ်တွေက ဘယ်သူ့ဆီကမဆို အပ်ငွေလက်ခံတာ၊ ဘယ်သူ့ကိုမဆို ချေးငွေ ထုတ်ချေးတာလုပ်လို့ရပါမယ်။ ဒါပေမဲ့ နိုင်ငံခြားဘဏ်တွေကလည်း ဈေးကွက် အခြေအနေအရ ကန့်သတ်ချက်တချို့ ရှိနေနိုင်တဲ့အတွက် ပြည်တွင်းဘဏ်တွေအတိုင်း လက်လီလုပ်ငန်းအားလုံးကို လုပ်လို့ရချင်မှ ရဦးမှာလေ။ အပ်ငွေလက်ခံတာနဲ့ ချေးငွေထုတ်ချေးတာကို အဓိကဖြစ်လာမှာပေါ့''ဟု ဒုတိယဥက္ကဌကပြောသည်။

လက်လီဘဏ်လုပ်ငန်း ဈေးကွက်ဝေစုအချို့ကို နိုင်ငံခြားဘဏ်များက ရရှိတော့မည်ဖြစ်သည်။ ဈေးကွက်ယှဉ်ပြိုင်မှု ကြီးမားလာခြင်းကြောင့် ပြည်တွင်းဘဏ်လုပ်ငန်းများအတွက် အခက်အခဲရှိလာမည့် အခြေအနေဟုလည်း ဆိုနိုင်သည်။ လက်တွေ့တွင်မူ ယင်းအခြေအနေထက်ပြည်တွင်း၊ ပြည်ပ ဘဏ်လုပ်ငန်းများ ပူးပေါင်းခြင်းဖြင့် ပြည်တွင်းရှိဘဏ်လုပ်ငန်းများ ကြီးမားလာသည့်အခြေအနေက ပိုမိုဖြစ်လာနိုင်သည်ဟု ဗဟိုဘဏ်တာဝန်ရှိသူများနှင့် ပြည်တွင်းဘဏ်လုပ်ငန်း ကျွမ်းကျင်သူ များက ပြောသည်။

''လက်လီပေးလိုက်တာကြောင့် နိုင်ငံခြားဘဏ်တွေကလည်း ဈေးကွက်ဝေစုကို ခွဲပြီး ရသွားမှာပေါ့။ ပြည်တွင်းဘဏ်တွေကိုပဲ အဓိကအားကိုးတဲ့အခါမှာ ပြည်တွင်းဘဏ်တွေကလည်း အင်အားနည်းတဲ့အခြေအနေ ရှိသေးတာကိုး။ ရေရှည်မှာကျတော့ ဘဏ်တွေရဲ့အင်အားက အတော်စကားပြောလာတယ်။ ပြည်တွင်း ဘဏ်တွေက လက်ရှိမှာ အရေအတွက်အားဖြင့်သာ သိပ်များနေတာ။ ငွေအရင်းအနှီးအားဖြင့်ကြည့်ရင် တော်တော်နည်းတယ်။ နောက်ပိုင်းကျရင်တော့ ဈေးကွက်ပြိုင်ဆိုင်ဖို့အတွက် ပေါင်းတာစုတာတွေ ဖြစ်လာမှာပါ''ဟု ဦးစိုးသိန်းက ပြောသည်။

မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီး ရရှိနိုင်မှု အခက်အခဲဆုံးနိုင်ငံအဖြစ် လုပ်ငန်းရှင်များက မကြာခဏ ပြောကြသည်။ ထို့အတူ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများတွင်လည်းဘဏ်လုပ်ငန်းကဏ္ဍဝန်ဆောင်မှုပိုင်း အားမကောင်းသေးသည့် အခြေအနေတွင် ရှိနေဆဲဟု ပြောကြသည်။ ထို့အတွက် ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍအင်အားတောင့်တင်း ခိုင်မာနေရန် လိုအပ်သည်ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ပြောကြသည်။

လက်လီဘဏ်လုပ်ငန်းများဟုဆိုရာတွင် အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်ခြင်း၊ မိုဘိုင်းဘဏ်များဖြင့် ဘဏ်ဝန်ဆောင်မှုပေးခြင်း၊ အီလက်ထရွန်းနစ်စနစ်ဖြင့် ငွေပေးချေဝန်ဆောင်မှုပေးခြင်း စသည်တို့ ရှိနေသည်။ ၎င်းလုပ်ငန်းများအားလုံးကို နိုင်ငံခြားဘဏ်များက လုပ်ကိုင်ခွင့်ရရှိပါက နည်းပညာအားသာချက်များကြောင့် ပြည်တွင်းဘဏ်များအနေဖြင့် စိန်ခေါ်ချက်ကြီးမားစေနိုင်သည်ဟု ရိုးမဘဏ်၏ အကြံပေးပုဂ္ဂိုလ် Mr. Hal G. Bosher က မှတ်ချက်ပြုထားသည်။

''လက်လီမှာ ဘယ်အထိကို နိုင်ငံခြားဘဏ်တွေက ပါဝင်မလဲဆိုတာက အရေးကြီးတယ်။ နိုင်ငံခြားဘဏ်တွေက နည်းပညာအားသာချက် ရှိတဲ့အတွက်နည်းပညာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေမှာဆိုရင် ပြည်တွင်းဘဏ်တွေ အတွက် စိန်ခေါ်ချက်ရှိတယ်။ ဒါပေမဲ့ ဈေးကွက်စားသုံးသူရဲ့အခြေအနေကို ပြည်တွင်းဘဏ်တွေက ပိုပြီးနားလည်တာပါ''ဟု Mr. Hal G. Bosher က မတ်လအတွင်း မြန်မာတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံစဉ်က ပြောသည်။

သို့သော် နိုင်ငံခြားဘဏ်လုပ်ငန်းများသည် ပြည်သူတစ်ဦးချင်း၏ အခြေအနေနှင့် ဈေးကွက်အခြေအနေအပေါ် နားလည်ရန် လိုအပ်ချက်ရှိနေသေးခြင်းကြောင့် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ခြင်း၊ မိုဘိုင်းဘဏ်များဖြင့် ဘဏ်ဝန်ဆောင်မှု ပေးခြင်း၊ အီလက်ထရွန်းနစ်စနစ်ဖြင့် ငွေပေးချေဝန်ဆောင်မှုပေးခြင်းများကိုလုပ်ကိုင်ရန် စိန်ခေါ်မှုများရှိနေသည်။အခြားတစ်ဖက်တွင် ချေးငွေအချက်အလက်ဌာန (Credit Bureau) သည်အချက်အလက် စုဆောင်းနေဆဲကာလသာ ဖြစ်ခြင်းကြောင့် ပြည်တွင်းလုပ်ငန်းများ၏ အချက်အလက်များကို ရရှိရန်မှာ နိုင်ငံခြားဘဏ်လုပ်ငန်းများအတွက်အခက်အခဲ ရှိနေဆဲဖြစ်သည်။ နိုင်ငံခြားဘဏ်များသည် လက်လီဘဏ်လုပ်ငန်း များတွင် ဝင်ရောက်လုပ်ကိုင်ရာတွင် အတိုင်းအတာတစ်ခုအထိသာ ဖြစ်နိုင်ခြေရှိပြီး ဈေးကွက်အပေါ် လွှမ်းခြုံနိုင်ရန် ပြည်တွင်းဘဏ်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်သည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။

'' အပ်ငွေအတွက်ဆိုရင် နိုင်ငံခြားဘဏ်တွေကို ပူစရာမလိုဘူး။ လက်ခံရင် လည်း ဗဟိုဘဏ်စည်းကမ်းကို လိုက်နာပြီး အတိုး ရှစ်ရာခိုင်နှုန်းပေးရလိမ့်မယ်။ အဲဒါဆိုရင် သူတို့က ချေးငွေကို သက်သက်သာသာ ပေးနိုင်မှာမဟုတ်တော့ဘူး။ ချေးငွေဆိုရင်လည်း လုပ်ငန်းရှင်အနည်းစုလောက်ရဲ့ အချက်အလက်ကိုသာ နိုင်ငံခြားဘဏ်တွေက သိတာဖြစ်လို့ အများကြီးလုပ်နိုင်မှာ မဟုတ်သေးဘူး''ဟုပြည်တွင်းဘဏ်တစ်ခုမှ အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။သို့သော် ဈေးကွက်ယှဉ်ပြိုင်မှုကို မဖြစ်မနေ လုပ်ကိုင်ကြရတော့မည်ဖြစ်ရာ အင်အားနည်းသည့် ဘဏ်လုပ်ငန်းများအချင်းချင်း၊ ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်လုပ်ငန်းများ ပူးပေါင်းခြင်းဖြင့် ပိုမိုအင်အားတောင့်တင်းသည့် ဘဏ်လုပ်ငန်းများအဖြစ် ဆောင်ရွက်လာနိုင်သည်ဟု ၎င်းက ပြောသည်။

'' စင်ကာပူနဲ့ ဂျပန်ဆိုရင် ဘဏ်လုပ်ငန်း သုံးခုလောက်ပဲ ထင်ထင်ရှားရှားရှိတယ်။ အနာဂတ်ဦးတည်ချက်အနေနဲ့က ဘဏ်အရေအတွက်မဟုတ်ဘဲအင်အားတောင့်တင်းတဲ့ ဘဏ်တွေဖြစ်လာဖို့လိုတယ်။ ဘဏ်တွေကလည်းစုစုစည်းစည်းနဲ့ အင်အားတောင့်တောင့်တင်းတင်းဖြစ်လာမှ ငွေကြေးဈေးကွက်က အင်အားကောင်းပြီး ပြိုင်ဆိုင်မှုပိုင်းလည်း ကောင်းလာမှာပါ''ဟု ဗဟိုဘဏ် ဒုတိယဥက္ကဌဦးစိုးသိန်းက ပြောသည်။ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍနှင့် ငွေရေးကြေးရေးကဏ္ဍအားကောင်းလာစေရန် တစ်စတစ်စတိုးမြှင့်လုပ်ဆောင်နေသည်က သိသာလှ သည်။ နိုင်ငံခြားဘဏ်ခွဲများကို သာမန်ဘဏ်ခွဲများအသွင်မှ မည်သည့်ချေးငွေကိုမဆို ဆောင်ရွက်ခွင့်နှင့် အခြားသောဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဆောင်ရွက်ခွင့်များကို လုပ်ကိုင်ခွင့်ရရန် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်ကပထမအဆင့်အဖြစ် ခွင့်ပြုခဲ့သည်။ ယခုအခါ လက်လီလုပ်ငန်းများကိုပင် လုပ်ကိုင်နိုင်သည့် ကုမ္ပဏီခွဲဘဏ်လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်သည်အထိ တိုးမြ§င့်ခွင့်ပြုလာခဲ့သည်။ထို့ကြောင့် ပြည်တွင်းလုပ်ငန်းများ ငွေကြေးရရှိနိုင်သည့် အခွင့်အလမ်း ပိုမိုအားကောင်းလာမည်မှာ မလွဲပင်ဖြစ်သည်။ သို့သော်လည်း ဈေးကွက်အခြေအနေအရ ပြည်တွင်းလုပ်ငန်းရှင်များ မျှော်လင့်သည့် နိုင်ငံတကာကဲ့သို့ သော အတိုးနှုန်းဖြင့် ချေးငွေဖြစ်လာရန်မှာ မဖြစ်နိုင်သေးကြောင်း ဦးသန်းလွင် က သုံးသပ်သည်။

'' ခရက်ဒစ်ဗျူရို အားမကောင်းသေးတာရယ်၊ စွန့်စားမှုများမှာ သိနေတာတွေ ရယ်ကြောင့် နိုင်ငံတကာ အတိုးနှုန်းအတိုင်း ချေးနိုင်ဖို့ဆိုတာမျိုးတော့ ဖြစ်မလာနိုင်သေးဘူး ထင်တယ်။ ဒါပေမဲ့ လက်ရှိထက်သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေ တွေရလာဖို့တော့ ဖြစ်လာမှာပါ '' ဟု ဦးသန်းလွင်က ပြောသည်။အဆင့်ဆင့်သော ပြောင်းလဲလာမှုများအရ မြန်မာနိုင်ငံသည် ငွေရေးကြေးရေးကဏ္ဍအားကောင်းလာတော့မည့် အခြေအနေကို ဦးတည်နေလျက်ရှိသည်။ ၎င်းအချက်က ပြည်တွင်းလုပ်ငန်းများကို အားကောင်းလာစေမည့် အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာရေးအတွက်လည်း အားကောင်းသည့် ဆွဲဆောင်မှုတစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service