လေဆိပ်သုံးခုအဆင့်မြှင့်တင်ရန် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရန်ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
1944 Views

လေဆိပ်သုံးခုအဆင့်မြှင့်တင်ရန် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရန်ဆောင်ရွက်နေ

ပြည်တွင်းရှိ လေဆိပ်သုံးခုကို နိုင်ငံတကာ လေဆိပ်များ တိုက်ရိုက်ဆင်းသက်နိုင်ရန်အတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် လက်ရှိတွင် စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြည်တွင်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဇွန် ၂ ရက်၌ ပြောဆိုသည်။

ကုန်ကျမည်

အဆိုပါလေဆိပ်များကို အဆင့်မြှင့်တင် ရာတွင် ပထမအဆင့်၌ ဟဲဟိုး လေဆိပ်အတွက် ကန်ဒေါ်လာသန်း ၄၀၊ ကော့သောင်း လေဆိပ် အတွက် ကန်ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင် လေဆိပ်အတွက် ကန်ဒေါ်လာသန်း ၂၀ ကုန်ကျ မည်ဟုခန့်မှန်းထားကြောင်း၊ ပြည်တွင်း၌ လေဆိပ်ပေါင်း ၆၉ ခုရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခု တို့တွင် လေယာဉ်များ ဆင်းသက်အသုံးပြု လျက်ရှိကြောင်း သိရသည်။

ဟဲဟိုးလေဆိပ်အတွက် KBZ Group၊ ကော့သောင်းလေဆိပ်အတွက် Golden Myanmar Airlines Public ကုမ္ပဏီနှင့် မော်လမြိုင် လေဆိပ်အတွက် Hinthar Group တို့မှရရှိသွားပြီး လုပ်ငန်းများစတင်နိုင်ရန် အတွက် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း၊ စာချုပ်ပါအချက်အလက်များကို ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ပြီးမှသာလျှင် လက်မှတ်ရေး ထိုးမည်ဖြစ်သည့်အတွက် စီမံကိန်းကို လတ်တလောတွင် မစတင်နိုင်သေးကြောင်း သိရသည်။

ပြည်တွင်းရှိ ခရီးသွားဧည့်သည်အများဆုံး သွားရောက်လည်ပတ်သည့်ဒေသများရှိ လေဆိပ် များကို နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက်ဆင်းသက်နိုင်ရန်ရည်ရွယ်၍ ညောင်ဦး ၊ သံတွဲ ၊ ဟဲဟိုး ၊ ကော့သောင်း နှင့် မြစ်ကြီးနား လေဆိပ်တို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရွေးချယ်တင်ပြခဲ့ပြီး ယင်းတွင် ကော့သောင်း၊ ဟဲဟိုး နှင့် မော်လမြိုင် လေဆိပ်များကို အဆင့်မြှင့်တင်ရန်ရွေးချယ်၍ ပထမဆုံးတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တိုးတက်လာမည့် ခရီးသည်များကိုရည်ရွယ်ပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service