ပိုးလမ်းမစီမံကိန်း အခွန်စီမံခန့်ခွဲမှုစနစ်တွင် မြန်မာနိုင်ငံပါဝင်ရန် လွှတ်တော်သို့တင်ပြ - Property News in Myanmar from iMyanmarHouse.com
724 Views

ပိုးလမ်းမစီမံကိန်း အခွန်စီမံခန့်ခွဲမှုစနစ်တွင် မြန်မာနိုင်ငံပါဝင်ရန် လွှတ်တော်သို့တင်ပြ

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံအနေဖြင့် လေ့လာသူအဖြစ် ပါဝင်လက်မှတ်ထိုးရန် လွှတ်တော်သို့ တင်ပြသည်။

မေလ ၂၉ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။

ထိုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးပြီး စီမံကိန်းကိုကာလရှည်ကြာတည်ဆောက်ခြင်းအားဖြင့် တရုတ်- မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး အထောက်အပံ့ဖြစ်မည်ဟု ၎င်းကပြည်ထောင်စု လွှတ်တော်သို့ ရှင်းပြသည်။

ထို့အပြင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သောနိုင်ငံများနှင့် ပူးပေါင်း၍ အခွန်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ အခွန်ဆိုင်ရာ စွမ်းဆောင်ရည်များလည်း မြင့်တက်လာမည်ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

အဆိုပါစီမံကိန်းကို တရုတ်နိုင်ငံက ဦးစီးလုပ်ဆောင်နေကာ ထိုစီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် မြန်မာနိုင်ငံအပါအဝင် ၁၂၅ နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၉ ဖွဲ့က စာချုပ်လက်မှတ်ရေးထိုး ထားကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမအကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက် နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါနားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုလွှတ်တော်နာယကက ဖိတ်ခေါ်ထားသည်။

ယင်းစာချွန်လွှာတွင် လက်မှတ်ရေးထိုးရန် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ရထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service