နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်နေသော ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမတိုင်မီ လေယာဉ်များ ဆင်းတက်အသုံးပြုနိုင်ရန် ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
707 Views

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်နေသော ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမတိုင်မီ လေယာဉ်များ ဆင်းတက်အသုံးပြုနိုင်ရန် ဆောင်ရွက်နေ

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်နေသည့် ချင်းပြည်နယ် ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမတိုင်မီ လေယာဉ်များဆင်းတက်အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

“ နိုင်ငံတော်ဘတ်ဂျက်နဲ့ ချင်းပြည်နယ် ဖလမ်းမှာ ATR လေယာဉ်တွေ ဆင်းတက်အသုံးပြုနိုင်သည့် လေဆိပ်ကို ၂၀၁၅-၂၀၁၆ ခုနှစ်မှာ စတင်တည်ဆောက်နေရာမှာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမတိုင်မီ လေယာဉ်ဆင်းတက်အသုံးပြုနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးဝင်းခန့်က ပြောကြားခဲ့သည်။

ချင်းပြည်နယ် ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများအတွက် နိုင်ငံတော်ကဘတ်ဂျက်ထပ်မံချထားပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ဆုံးတွင် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၏ မြေထိန်းနံရံတစ်ခုနှင့် ပြေးလမ်းပေ ၃၀ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းလုပ်ငန်းများ၏ ရာခိုင်နှုန်း ၅၀ ခန့် ပြီးစီးနေပြီဖြစ်သည်။

“ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေးလုပ်ငန်းတွေအနေနဲ့ လက်ရှိအချိန်မှာမြေထိန်းနံရံတစ်ခု တည်ဆောက်ပြီးစီးသွားပါပြီ။ အခုဆက်ပြီးကျန်ရှိ နေတဲ့ မြေထိန်းနံရံတစ်ဖက်ကို စတင်တည်ဆောက်နေပါတယ်။ ၂၀၂၀ ခုနှစ်ကုန်ခါနီး လောက်မှာလေယာဉ်များ စတင်ဆင်းသက် အသုံးပြုနိုင်ဖို့ တည်ဆောက်နေပါတယ်။ လိုတဲ့ဘတ်ဂျက် ထပ်မံချထားပေးဖို့ ရှိပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောကြားသည်။

လက်ရှိတွင် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၏ မြေထိန်းနံရံတစ်ဖက်တည်ဆောက်ခြင်း၊ လေယာဉ်ပြေးလမ်း ပေ ၃၀ အထိတည်ဆောက်ခြင်း၊ ပေ ၄၀၀ အထိ မြေဖျက်ခြင်းလုပ်ငန်း၊ တောင်ဖြိုခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။

ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်အလယ်ပိုင်းတွင် တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပိတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန် ရိဒ်ရေကန် စသည့် ချင်းပြည်နယ်ရှိမြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ လွယ်ကူစွာသွားလာနိုင်ရန် လေယာဉ်ကွင်းမရှိသည့် ချင်းပြည်နယ်တွင် ယခုတည်ဆောက်နေသည့် ဆူရ်ဘုန် (ဖလမ်း) လေဆိပ်သစ်တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းပြည်ပခရီးသွားများ ချင်းပြည်နယ်သို့ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်ရန်ရည်ရွယ်၍ ၂၀၁၃ ခုနှစ်မှ စီမံကိန်းချမှတ်ပြီး ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြော၊ ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင်တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျား ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်ပြီး ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ပေ ၂၀၀၊ အကျယ် ပေ ၁၀၀၊ လေယာဉ်ရပ်နားရာနေရာမှာ အလျား ပေ၂၅၀၊ အကျယ် ပေ ၂၅၀ ရှိပြီး ပြေးလမ်းခံနိုင်ရည်ပေါင် ၅၀၀၀၀ ရှိကာ ATR 72 (MTOW – 49604) ပေါင်ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service