ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
1033 Views

ကျပ်ငွေ (၁၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်း) ကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ( ၁၁ ) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၉ ခုနှစ် ၊ မေလ ( ၁၀ ၊ ၁၁ ၊ ၁၂ ) ရက်များတွင် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် “မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး” ( ၁၁ ကြိမ်မြောက် ) ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖွင့်ပွဲတွင် iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ ၊ Main Sponsor အဖြစ် ပါဝင်ပြသပါသော Golden City မှ Sales Director ဦးကျော်စည်သူ ၊ Official Banking Partner အဖြစ် ပါဝင်ပြသသော KBZ Bank ၏ Deputy General Manager ဒေါ်စကားဝါမြင့် ၊ Official Banking Partner အဖြစ် ပါဝင်ပြသပါသော Yoma Bank ၏ Head ဒေါ်စုသက်ထွန်း ၊ Diamond Sponsor အဖြစ် ပါဝင်ပြသသော Kabae Tower Project & Riverfront Garden Project ၏ Project Manager ဒေါ်ဝတ်ရည်ခင် ၊ Gold Sponsor အဖြစ် ပါဝင်ပြသသော SaePaing Development Ltd ၏ Sale & Marketing Director ဒေါ်ဆုပိုက်ရတနာ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး iMyanmarHouse.com ၏ Managing Director ဦးနေမင်းသူ မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြပွဲ (၃) ရက်အတွင်းတွင် ဆောက်လုပ်ရေး ကုမ္ပဏီ (၅ဝ) ကျော် ၊ တိုက်ခန်းနှင့်ကွန်ဒိုပေါင်း (၁၀,၀၀၀) ကျော် ၊ သိန်း (၂၀၀) ကျော်မှစသော ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး တိုက်ခန်း ၊ ကွန်ဒိုနှင့် လုံးချင်းနှင့် မြေကွက်များကို အထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ ဘဏ်ချေးငွေများဖြင့် ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ (၁၅) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်) တန်ဖိုးရှိသော အိမ်ခြံမြေများကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်ခြံမြေအရောင်းပြပွဲကြီးတွင် Official Banking Partner အဖြစ် KBZ Bank ၊ YOMA Bank တို့မှ ပါဝင်ပြသခဲ့ပြီး Main Sponsor အဖြစ် Golden City မှလည်းကောင်း ၊ Diamond Sponsor အဖြစ် Sun Myat Tun Construction ၊ Yone Min Development ၊ Kabae Towers & River Front Garden ၊ Peugeot Myanmar ကုမ္ပဏီတို့မှလည်းကောင်း နှင့် Gold Sponsor အဖြစ် The Leaf Residence ၊ Sae Paing Development Ltd ၊ YENADI Motor ၊ Sustain Company ၊ Kantharyar Residence တို့မှလည်းကောင်း အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော်မှ ပါဝင်ပြသခဲ့ပါသည်။

“ အခုပြပွဲက iMyanmarHouse.com မှကြီးမှူးပြီး ရန်ကုန်မှာကျင်းပပြုလုပ်တဲ့ (၁၁) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ ပြပွဲအတွင်းမှာ ကျပ်သိန်း (၂ဝဝ) ကျော်မှစတဲ့ တိုက်ခန်းတွေ ၊ ကျပ်သိန်း (၅ဝဝ) မှ ကျပ်သိန်း (၅ဝဝဝ) ကျော် ကွန်ဒိုပေါင်းများစွာနှင့် မြေကွက်တွေကို တစ်နေရာတည်း စုံလင်စွာပြသရောင်းချခဲ့တဲ့အပြင် အိမ်ရာချေးငွေအတွက် KBZ Bank ၊ YOMA Bank များမှလည်း ပြပွဲတက်ရောက်သူများအတွက် လိုအပ်တဲ့ အိမ်ရာချေးငွေဆိုင်ရာ ဝန်ဆောင်မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ ပုသိမ် စတဲ့မြို့ များနှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိ အိမ်ခြံမြေများ ပါဝင်ပါတယ်။ အမျိုးအစားစုံလင်ပြီး အထူး Discount များ ၊ ဘဏ်ချေးငွေချေစနစ်များ ၊ ခိုင်မာမှုရှိတဲ့ စာချုပ်စာတမ်းများဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပြီး ပွဲအတွင်းမှာ အခုလိုမျိုး ရောင်းအားကောင်းခဲ့တာပါ ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

“မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ကျွန်တော်တို့ iMyanmarHouse.com ဟာ လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ်ကနေ အဆင့်မြင့်ကွန်ဒိုတွေအထိ ပြည်သူတွေ အများအပြားပိုင်ဆိုင်နိုင်အောင်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး ဝန်ဆောင်မှုတွေပေးသွားနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၄) ဦးတို့မှ အိမ်ခြံမြေ နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားခဲ့ကြောင်း သိရပါသည်။

ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsung Tablet ၊ ဖုန်းများနှင့် အခြားကျပ်သိန်း (၅ဝ) တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများအား ပျော်ရွှင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်း သိရှိရသည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service