ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာ မြို့နယ်ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အတိုးနှုန်း သက်သာစွာဖြင့် နှစ်ရှည်အရစ်ကျ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
2219 Views

ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာ မြို့နယ်ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို အတိုးနှုန်း သက်သာစွာဖြင့် နှစ်ရှည်အရစ်ကျ ရောင်းချမည်

ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့် ရရှိရေးအတွက် ဒဂုံဆိပ်ကမ်း နှင့် လှိုင်သာယာမြို့နယ် တို့ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို အတိုးနှုန်းသက်သာသော ဂျပန်နိုင်ငံ ODALOAN ၏ အစီအစဉ်ဖြင့် နှစ်ရှည်အရစ်ကျ ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။

CHID ဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများအနက် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ အိမ်ရာစုဆောင်း ငွေပြည့်မှီသူများသည် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖြစ်သော ဒဂုံဆိပ်ကမ်းမြို့နယ် ရှိ ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)နှင့် ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာအပိုင်း (၂)၊ (၃)၊ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းနှင့် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းဖြစ်သော လှိုင်သာယာမြို့နယ် ရှိ ထီးလှိုင်ရှင် အိမ်ရာစီမံကိန်းစသည်တို့မှ အခန်းများကို လျှောက်ထားဝယ်ယူနိုင်ကြောင်း သိရသည်။

အိမ်ရာစုဆောင်း ငွေပြည့်မှီသူများ၏ အမည်စာရင်းနှင့် ရောင်းချပေးမည့် အစီအစဉ်များကို ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အမှတ် (၂၂၈/၂၃၄)၌ မေ ၁၀ ရက်မှ စတင်ကာ အသိပေးကြေညာခဲ့ရာ ၃၀၄၂ ဦးသည် ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်တို့ရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်းများကို အိမ်ရာဝယ်ယူနိုင်ကြောင်း သိရသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်းများကို အိမ်ရာချေးငွေဖြင့် ဝယ်ယူခွင့်ရရှိသူများသည် မေ ၁၃ ရက် မှ ၁၇ ရက်အတွင်းဝယ်ယူလိုသော အိမ်ရာစီမံကိန်းတွင်ပါဝင်သော အဆောက်အဦးအမျိုးအစားအလိုက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး မဲနှိုက်ဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်းကို မေ ၂၀ ရက် တွင် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် တန်ဖိုးနည်းနှင့်တန်ဖိုးသင့်တိုက်ခန်း ၈၆၀ ကျော်ကို ရောင်းချပေးခဲ့ရာ ရန်ကုန်မြို့ရှိ ပြည်သူများအတွက် ၃၅ ရာခိုင်နှုန်း၊ နိုင်ငံဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် ၂၅ ရာခိုင်နှုန်းစီနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ၁၅ ရာခိုင်နှုန်းဖြင့် မဲနှိုက်ရောင်း ချပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီက သိရသည်။

ပြည်သူ့အရောင်းအိမ်ရာဝယ်ယူခွင့် တန်းစီဇယားသည် လူမှုရေးအုပ်စု (ပြည်သူ၊ နိုင်ငံဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ အငြိမ်းစား)၊ ဝင်ငွေအုပ်စု (ပထမအုပ်စုငါးသိန်းနှင့်အောက်၊ တတိယအုပ်စု ငါးသိန်းအထက်)ဖြင့် ခွဲခြားဖော်ပြထားကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service