ကွန်ဒို အဆင့်မှီ၊ မမှီကို ယခုနှစ်ကုန်မှ စိစစ်နိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
857 Views

ကွန်ဒို အဆင့်မှီ၊ မမှီကို ယခုနှစ်ကုန်မှ စိစစ်နိုင်တော့မည်

ကွန်ဒိုအဆင့်မှီ၊ မမှီကို ယခုနှစ်ကုန်ပိုင်းမှသာ စိစစ်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ ကြီးကြပ်ကော်မတီမှ သိရသည်။  ကွန်ဒို ဥပဒေထွက်ပေါ်လာပြီးနောက် ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး ကွန်ဒိုများ စိစစ်ခံမည်ဆိုပါက ယခုနှစ် ဇွန်၊ ဇူလိုင် ခန့်တွင် စိစစ်ပေးနိုင်မည်ဟု မျှော်မှန်းခဲ့သော်လည်း အထွေထွေလိုအပ်ချက်များအရ ယခုနှစ်ကုန်မှသာ စိစစ်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ကော်မတီဝင် ဦးမျိုးမြင့်က မေ ၁၂ ရက်တွင် ပြောသည်။

''ဆောက်ပြီးသားတွေလည်း  ကွန်ဒိုမီနီယံ ဥပဒေအရ အစစ်ခံရမယ်။ မြေဧရိယာအကျယ်စကွဲယား နှစ်သောင်းထက်ကျော်ရမယ်။ ခြောက်ထပ်အထက်ဖြစ်ရမယ် စတဲ့အဲဒီသတ်မှတ်ချက် တွေအပါအဝင် ဥပဒေပါကျန်တဲ့သတ်မှတ်ချက်တွေနဲ့ ပြည့်စုံမှု ရှိမရှိစိစစ်ပြီးမှသာ ကွန်ဒိုမီနီယံအဆောက်အအုံဖြစ်ကြောင်း သူတို့ကိုထုတ်ပေးမယ်။ ပထမက ဇွန်၊ ဇူလိုင်လလောက် မှန်းထားပေမယ့် တဖြည်းဖြည်းလိုအပ်ချက်တွေများလာတော့ ဒီနှစ်ကုန် လောက်မှ စိစစ်ပေးနိုင်တော့မယ်''ဟု ၎င်းကပြောသည်။ စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို)အဆင့်မီအဆောက် အအုံဖြစ်မဖြစ်နှင့်ပတ်သက်၍ တည်ဆောက်ထားသူများက မိမိတို့၏အဆောက်အအုံများကို စိစစ်ပေးရန် လာရောက်တင်ပြ မှသာစိစစ်၍ ကွန်ဒိုမီနီယံအဆောက်အအုံဖြစ်ကြောင်း သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ချက်နှင့် မပြည့်မီသောကွန်ဒိုများကို ကွန်ဒိုအဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။ ကွန်ဒိုတိုက်ခန်း တစ်ခန်းချင်းစီ၏ တန်ဖိုးကိုတွက်ချက်နိုင် သည့် ပညာမရှိသေးသည့်အတွက် မွေးထုတ်ရန်ပြင်ဆင်နေပြီး စင်ကာပူနိုင်ငံမှ ပညာရှင်ကသင်ကြားပေးမည်ဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက (PE) ရရှိထားသူများနှင့် မြန်မာ နိုင်ငံဗိသုကာကောင်စီမှ (SLA) ရရှိထားသူများ ယင်းသင်တန်း သို့ တက်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။ ကွန်ဒိုမီနီယံဥပဒေသစ်အရ ယခင်ကဲ့သို့ မြေပိုင်ရှင်တစ်ဦးတည်း အမည်ပေါက်မဟုတ်တော့ဘဲ စီမံခန့်ခွဲရေးကော်မတီထံ တွင် ယင်းမြေကိုအပ်နှံကာ တစ်ဦးတစ်ယောက်ပိုင်မြေမှ ယင်း ကွန်ဒိုရှိ တိုက်ခန်း ၁ဝဝ ရှိလျှင် ၁ဝဝ ပိုင်(အများပိုင်)မြေအဖြစ် လွှဲပြောင်းရမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကွန်ဒိုအဆောက်အအုံတစ်ခုတွင် ထွက်ရှိလာမည့် တိုက်ခန်း၏ ၄ဝ ရာခိုင်နှုန်းကို နိုင်ငံခြားသားများ ဝယ်ယူခွင့် ရရှိမည်ဖြစ်ပြီး ဝယ်ယူလိုသောနိုင်ငံခြားသားများအနေဖြင့် မိမိ နိုင်ငံဘဏ်မှ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘဏ်သို့ တရားဝင် ငွေ လွှဲပြောင်းဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အဆောက်အအုံပျက်စီးမှုနှင့်ပတ်သက်၍ Developer အနေဖြင့် တိုက်ခန်းကိုရောင်းချပြီး နှစ်နှစ်အတွင်း ပြုပြင်ထိန်းသိမ်းပေးရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အရပ်စာချုပ် ဖြင့်ချုပ်ဆိုခြင်း အစားစီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် အရောင်း အဝယ်ဆောင်ရွက်ရမည်ဖြစ်၍ တရားဝင်အခွန်အခများ ပေးသွင်း ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကွန်ဒိုမီနီယံဥပဒေထွက် ပေါ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကိုထုတ် ပြန်ပြီးနောက် ကွန်ဒိုမီနီယံဥပဒေအား အကောင်အထည်ဖော်နိုင် ရန်အတွက် ကြီးကြပ်ရေးကော်မတီရှိရန်လိုအပ်ခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒိုမီနီယံဆိုင်ရာကြီး ကြပ်ရေးကော် မတီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service