စမတ်ကတ်ရှိသည့် ကျူးကျော်နေထိုင်သူများကိုသာ နိုင်ငံတော်က အငှားအိမ်ရာလုပ်ဆောင်ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
908 Views

စမတ်ကတ်ရှိသည့် ကျူးကျော်နေထိုင်သူများကိုသာ နိုင်ငံတော်က အငှားအိမ်ရာလုပ်ဆောင်ပေးမည်ဟုဆို

ရန်ကုန်မြို့ တွင် ကျူးကျော်နေထိုင်သူများ များပြားလာသော်လည်း နိုင်ငံတော်က ကျူးကျော်စမတ်ကတ်ထုတ်ပေးထားသည့်သူများကိုသာ အငှား အိမ်ရာ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်၊ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက မေ ၇ ရက်က ပြောဆိုခဲ့သည်။

"ကျူးစာရင်းကောက်တာ အစက ၄၀ဝ ကျော်ပဲရှိတယ်။ စမတ်ကတ်ထုတ်ပေးရင်းနဲ့ ၇၀ဝ၊ ၈၀ဝ အထိ ဖြစ်လာတယ်။ အဲဒီလောက်အထိ ထုတ်ပေးခဲ့တယ်။ ဒါပေမဲ့နောက်တိုးကျူးတွေကတော့ ပိုများလာတာကိုတွေ့ရတယ်။ ဒါကြောင့် အားလုံးကို တရားဝင်ပြောပြီးသားပါ။ စမတ်ကတ်ရှိတဲ့ ကျူးတွေကိုပဲ နိုင်ငံတော်က အငှားအိမ်ရာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်" ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ကျင်းပသည့် ရွှေလင်ဗန်းစက်မှုဇုန်သီးသန့် မီးသတ်ဖွဲ့၏ စွမ်းစွမ်းတမံလုပ်ငန်းဆောင်ရွက် မှုနှင့်ပတ်သက်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲအခမ်းအနားတွင် ပြောဆိုသည်။

နှစ်ဆကျော်ရှိနေ

လှိုင်သာယာမြို့နယ် အတွင်း ကျူးကျော် နေထိုင်သူများ စာရင်းကောက်ယူခဲ့မှုတွင် ခန့်မှန်းသည်ထက် ဦးရေနှစ်ဆကျော်ရှိနေကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အောင်မြေသာယာ၊ ညောင်ရွာ၊ ရေအုတ်ကန်နှင့် ရွှေလင်ဗန်းနေရာတို့တွင် ဧပြီ ၂၅ ရက်ကစပြီး မေ ၁၁ ရက်အထိ ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ ရှစ်ဖွဲ့ဖြင့်စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

" အကြမ်းဖျင်းကောက်တုန်းက စာရင်းအရ အိမ်ထောင်စု ၂၇၀ဝ၀ ကျော်ရှိတယ်။ မြေပြင်မှာကွင်းဆင်းကောက်ယူတဲ့အခါ အရင်ရှိတဲ့စာရင်းထက် နှစ်ဆလောက်များနေတယ်။ ၅၀ဝဝဝ ကျော်လောက်ရှိနေတယ်လို့ ခန့်မှန်းရတယ် " ဟု ကျူးကျော်စာရင်းကောက်ယူရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းရှိ ခရိုင်လေးခုတွင်တရားမဝင်နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉၊ အိမ်ထောင်စု ၁၆၇၇၃၈ စု၊ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

စီမံချက်ပါမြို့နယ်များ

ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်းကောက်ယူမှုလုပ်ငန်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလကစတင်ခဲ့ရာ စီမံချက်တွင်ပါဝင်သည့်မြို့နယ်များမှာ အရှေ့ပိုင်းခရိုင်တွင် ဒဂုံဆိပ်ကမ်းသာကေတဒဂုံမြောက်ပိုင်းဒဂုံအရှေ့ပိုင်း နှင့် မြောက်ဥက္ကလာပမြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် အလုံ နှင့် မရမ်းကုန်းမြို့နယ်၊ တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက်တန်းနှင့် ဒလ၊ မြောက်ပိုင်းခရိုင်တွင် လှိုင်သာယာ တို့ဖြစ်ကြောင်း သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service