ငွေကျပ် ငါးသိန်းအောက် တိုက်ခန်းများ ငှားရမ်းမှုနှုန်း တက်လာ - Property News in Myanmar from iMyanmarHouse.com
895 Views

ငွေကျပ် ငါးသိန်းအောက် တိုက်ခန်းများ ငှားရမ်းမှုနှုန်း တက်လာ

အိမ်ခြံမြေကဏ္ဍရဲ့ အဓိကအားထားရာ ဈေးကွက်တစ်ခု ဖြစ်တဲ့ အငှားဈေးကွက်ဟာ ၂၀၁၉ ခုနှစ်ရဲ့ ပထမလေး လပတ်၊ မဟာသင်္ကြန်ကာလမတိုင်ခင်ကစပြီး အငှားဈေး တွေ ပြန်လိုက်လာခဲ့ပါတယ်။

မကြာခင် ဝါတွင်းကာလ ရောက်ရှိတော့မှာဖြစ်လို့ လက်ရှိဈေးကွက်ထဲမှာ အိမ်ခြံမြေတွေဟာ အရောင်းအဝယ်ထက် အငှား က ပိုသွက်နေပါတယ်။

သင်္ကြန်အပြီးမှာ တစ်လငှားရမ်းခနှုန်းထား ကျပ် ငါးသိန်းအောက် တိုက်ခန်းတွေ ဈေးပြန်တက်လာပြီး ကျပ် ငါးသိန်းနဲ့ အထက်တိုက်ခန်းတွေနဲ့ ကွန်ဒို တိုက်ခန်း အငှား တွေကတော့ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ မန်နေးဂျင်းဒါရိုက်တာ ဦး နေမင်းသူ က ပြောပါတယ်။

လက်ရှိအိမ်ငှားဈေးကွက်မှာတော့ တစ်လငှားရမ်းခ ငွေကျပ် နှစ်သိန်းအောက်နဲ့ နှစ်သိန်းပတ်ဝန်းကျင် တိုက်ခန်းတွေက အငှားပိုဖြစ်နေတယ်လို့လည်း ထွန်းတောက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက သိရပါတယ်။

အများအားဖြင့် လူဦးရေထူထပ်သော မြို့တွင်းခြောက်မြို့နယ်မှာ ငှားရမ်းမှုနှုန်း အများဆုံးဖြစ်ပြီး  စမ်းချောင်းကြည့်မြင်တိုင် နဲ့ ဗဟန်းမြို့နယ် တွေမှာ ငှားရမ်းမှုပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။ နိုင်ငံခြားသား အိမ်ငှားဈေးကွက်မှာတော့ ကျပ် ခုနစ်သိန်းကနေ ၁၀ သိန်းဝန်းကျင်ရှိတဲ့ ကွန်ဒိုအခန်းတွေက အငှားပိုဖြစ်ကြတယ် လို့ ဆိုပါတယ်။

ရန်ကုန်မြို့ထဲနဲ့ဝေးပေမဲ့ လုံးချင်းနေလိုသူတွေ များလာတာကြောင့် မြောက်ဒဂုံမြို့နယ်မှာ လုံးချင်းအိမ် တွေ တော်တော်လေး အငှားလိုက်နေပြီး ငှားရမ်းခနှုန်းထား မှာလည်း ပုံမှန်ထက် ကျပ် ၃၀ဝ၀ဝ ကနေ ၅၀ဝ၀ဝ အထိ တက်သွားတယ်လို့ မြောက်ဒဂုံက အိမ်ခြံမြေပွဲစား ဒေါ်သဇင်မြင့်က ပြောပါတယ်။

"အိမ်မှာ လူလည်းနေချင် တစ်နိုင်တစ်ပိုင် စီးပွားရေးလေးလည်း လုပ်ဖို့ရှိလို့ အခုရက်ပိုင်းမြောက်ဒဂုံမှာ အိမ်ငှားနေတာ အခုထိမရသေးဘူး။ ပွဲစားတွေကလည်း ချေနေတာပဲ။ လုံးဝကို မစောင့်ပေးဘူး။ အခုလာကြည့်မယ်ပြောပြီး သွားကြည့်တာတောင် ရောက်သွားရင် အိမ်ကငှားလိုက်ပြီဆိုတာမျိုး ဖြစ်နေတယ်။ ဈေးတွေကလည်း ကျပ် ၂၅၀ဝ၀ဝ နေ ၃၀ဝဝ၀ဝ အထိရှိတယ်"လို့ မခိုင်နီလာကျော်က ပြောပါတယ်။

မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအရ ဝါတွင်းကာလမှာအိမ်ပြောင်းရွှေ့ခြင်း၊ ရောင်းဝယ်ခြင်းတွေ သိပ်မလုပ်ကြတာကြောင့် ပြည်တွင်းရောင်းဝယ်ငှားဈေးကွက်က ပုံမှန်လျော့သွားတတ်ပေမဲ့ နိုင်ငံခြားသား အငှား ဈေးကွက် ကတော့ ပုံမှန်အတိုင်းလည်ပတ်နေတတ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးအောင်ကျော်ဇင်က ပြောပါတယ်။

ဝါတွင်းကာလ နီးကပ်လာပြီဖြစ်တာကြောင့် အိမ်ရှင်တွေအနေနဲ့ အိမ်ငှားတွေကို သုံးလစာချုပ်ချုပ်ဆို ငှားရမ်း ခြင်းမပြုလုပ်တော့ဘဲ ခြောက်လ၊ တစ်နှစ် စသဖြင့်သာ ချုပ်ဆိုနေကြပါတယ်။ ဝါတွင်းကာလမှာ အိမ်ရှင်တွေ အနေနဲ့ အိမ်ငှားရှာဖို့ ခက်ခဲတာကြောင့် အခုလို ခြောက်လချုပ်တွေကိုသာ လက်ခံကြတော့တာဖြစ်တယ်လို့ ဦး နေမင်းသူ က ပြောပါတယ်။

"သုံးလပဲ စာချုပ်ချုပ်ထားတယ်ဆိုရင် ဝါတွင်းကာလ မှာ သုံးလပြည့်သွားရင် အိမ်ရှင်အနေနဲ့ အစားထိုး အိမ်ငှားရဖို့ အတော်ခက်ပါတယ်၊ ဒါကြောင့် ဝါတွင်းကာလကို ရှောင်ပြီး ခြောက်လပဲ ပိုချုပ်ကြပါတယ်"လို့ ဦး နေမင်းသူ က ဆိုပါတယ်။

အိမ်ရှင်အများစုက ခြောက်လ စာချုပ်သာချုပ်ဆိုလိုကြပြီး အိမ်ငှားအရေးပေါ်လိုအပ်နေကြသူတွေနဲ့ အိမ်ငှားမရှိဘဲ အိမ်ကို အလွတ်မထားချင်ကြသူ တချို့လောက်သာသုံးလစာချုပ် ချုပ်ဆိုငှားရမ်းကြတယ်လို့လည်း ဦးအောင်ကျော်ဇင်က ဆိုပါတယ်။

"သုံးလစာချုပ်ကျတော့ ပွဲစားတွေအတွက်လည်း လုပ်ရကိုင်ရ နည်းနည်းခက်တယ်။ အိမ်ငှားတွေအတွက်ကျ တော့လည်း ပွဲစားခပေးရတာတွေရှိတော့ သူတို့လည်းအခက်အခဲဖြစ်တယ်။ အိမ်ရှင်တွေကျတော့လည်း သုံးလတစ်ကြိမ် အိမ်ပြန်ပြင်နေရရင် သူတို့အတွက် အဆင်မပြေလို့ မငှားကြဘူး"လို့ ဦးအောင်ကျော်ဇင်က ပြောပါတယ်။

ပုံမှန်အားဖြင့်တော့ ပွင့်လင်းရာသီအစ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေဟာ အငှားဈေးကွက် အကောင်းဆုံးအချိန်ဖြစ်ပြီး ဒုတိယအကောင်းဆုံးအချိန်ကတော့ နှစ်ဆန်းပိုင်းကာလတွေဖြစ်တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ တွေပဲဖြစ်တယ်လို့ ဦးနေမင်းသူ က ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ အိမ်ခြံမြေဈေး ကွက်အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် ယခုနှစ်မှာ အိမ်ခြံမြေဈေးကွက်အခြေအနေဟာ အကျဘက်ကို ပိုရောက်နေပြီး တစ်နှစ်ထက်တစ်နှစ် ဈေးကွက်ပိုဆိုးလာတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ အိမ်ခြံမြေကဏ္ဍအတွက် ဥပဒေသစ်တစ်ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဒေါ်မို့မို့အောင်က ပြောပါတယ်။ အိမ်ခြံမြေကဏ္ဍရဲ့ အရောင်းအဝယ်ဈေးကွက်ထဲမှာတော့ နောက်ပိုင်းမှာ ငွေအကြေချေပေးပြီး ဝယ်ယူတဲ့သူတွေ ထက် ဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်ယူတဲ့သူတွေ များပြားလာတာကို တွေ့ရတယ်လို့လည်း ၎င်းကဆိုပါတယ်။ 

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service