ရန်ကုန်တိုင်းအတွင်းဖွင့်လှစ်ထားသည့် ပုဂ္ဂလိက လူနေအဆောင်လုပ်ငန်းများ လိုင်စင်စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည် - Property News in Myanmar from iMyanmarHouse.com
2901 Views

ရန်ကုန်တိုင်းအတွင်းဖွင့်လှစ်ထားသည့် ပုဂ္ဂလိက လူနေအဆောင်လုပ်ငန်းများ လိုင်စင်စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည်

ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကလူနေအဆောင်လုပ်ငန်းများ လိုင်စင်စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါကိစ္စအား လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တော်အတွင်း ပုဂ္ဂ္ဂလိကအဆောင်များနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် နိုင်ငံတော်မှ တရားဝင်အခွန်အခရရှိရေးအတွက် ယခုထက်ပိုမိုစနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိမရှိ၊ ပုဂ္ဂလိကအဆောင်များနှင့်စပ်လျဉ်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို မည်သည့်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုပါကြောင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိသော ပုဂ္ဂလိက လူနေအဆောင်လုပ်ငန်းများကို စိစစ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ သိရှိလိုကြောင်း မေးခွန်းအား မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့သည်။

“ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ဘော်ဒါဆောင်လိုင်စင်ကို အမျိုးသား၊ အမျိုးသမီးများ တည်းခိုဖို့အတွက် ခွင့်ပြုထားတဲ့ လိုင်စင်အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမဲ့ မိုတယ်၊ ဧည့်ဂေဟာတွေကိုတော့ အထွေထွေအုပ်ချုပ်ရေးက ၁၉၆၀ ပြည့် နှစ်မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေအရ အပ်နှင်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ မြို့နယ်ပေါ်မှာ များလာလေလေ ဖြစ်ပေါ်လာတဲ့ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာမှန်ပါတယ်။ ဒါကို စည်းကမ်းနဲ့ အညီသွားပါတယ်။ စည်းကမ်းနဲ့မညီဘူးဆိုရင် ကျွန်တော်တို့အပိုင်းက ဘော်ဒါတွေကို ပိတ်သိမ်းသလို တစ်ဖက်ကလည်း စိစစ်ပြီးသွားနေပါတယ်။ အထူးသဖြင့်တော့ လိုင်စင်စည်းကမ်းနဲ့အညီ ဆောင်ရွက်ခြင်းမရှိတဲ့ ဘော်ဒါဆောင်တွေကို ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့တော်စည်းကမ်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားသည်။

ဘော်ဒါဆောင်များ၊ ပုဂ္ဂလိကဆောင်များသည် စီးပွားရေးအရ တိုးတက်လာကြောင်း၊ လှိုင်သာယာမြို့နယ်အတွင်း စက်မှုဇုန်တည်ရှိသည့်အပြင် စီးပွားရေးအရ ကောင်းမွန်သည့်မြို့နယ်များနှင့် ထိစပ်နေသည့်အတွက် လုပ်သားအင်အားစီးဝင်မှုနှင့် စီးထွက်မှု အားကောင်းကြောင်း မြို့တော်ဝန်က ပြောကြားသည်။

တည်းခိုခန်း၊ ဘော်ဒါဆောင်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်နေကြောင်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကိုယ်တိုင် ဦးစီးပြီး စီမံချက်ဖြင့် စစ်ဆေးနေကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၉၉) ဖြင့် ထုတ်ပြန်ထားသည့် စီမံခန့်ခွဲရေးဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၂ (စ) တွင် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်များသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုရိပ်သာများမှအပ အခြားတည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

 

Credit: Eleven Media Group

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service