နိုင်ငံခြားအာမခံကုမ္ပဏီများ အောက်တိုဘာလဝန်းကျင်၌ လုပ်ငန်းစတင်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
542 Views

နိုင်ငံခြားအာမခံကုမ္ပဏီများ အောက်တိုဘာလဝန်းကျင်၌ လုပ်ငန်းစတင်နိုင်မည်

ပြည်တွင်းအာမခံကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြားအာမခံကုမ္ပဏီများနှင့် ရာခိုင်နှုန်းပြည့်လုပ်ကိုင်နိုင်သည့် အသက်အာမခံလုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိမည့် နိုင်ငံခြားအာမခံကုမ္ပဏီများသည် လာမည့်အောက်တိုဘာလဝန်းကျင်တွင် လုပ်ငန်းစတင်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ အာမခံလုပ်ငန်းများလုပ်ကိုင်လိုသည့် နိုင်ငံခြားအာမခံကုမ္ပဏီများကို လုပ်ငန်းဆောင်ရွက်လိုသော လျှောက်လွှာခေါ်ယူထားပြီး ဇူလိုင်လတွင် နိုင်ငံခြားအာမခံကုမ္ပဏီများ ရွေးချယ်ခြင်း၊ ပြည်တွင်းအာမခံကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မည့်ကိစ္စရပ်များ ပြီးစီးနိုင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ ရာခိုင်နှုန်းပြည့် အသက်အာမခံလိုင်စင်ကိုတော့ နိုင်ငံတကာအာမခံဈေးကွက် အဆင့်တစ်ခုခုရှိတဲ့ ကုမ္ပဏီတွေပဲ ဝင်လျှောက်ဖို့များတယ်။ သူက တကယ်လုပ်နိုင်၊ ရင်းနှီးမြှုပ်နှံနိုင်တဲ့သူမှ လုပ်နိုင်မှာဖြစ်တာကိုး ” ဟု ၎င်းကဆိုသည်။

နိုင်ငံခြားအာမခံကုမ္ပဏီများ ပြည်တွင်း၌လုပ်ကိုင်ခွင့်ပြုခြင်းကိုကို ဝန်ကြီးဌာနကဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ယင်းထုတ်ပြန်ချက်တွင် နိုင်ငံခြားကုမ္ပဏီများသည် အသက်အာမခံနှင့် အထွေထွေအာမခံများကို ပြည်တွင်းအာမခံကုမ္ပဏီ ၁၁ ခုနှင့် ဖက်စပ်လုပ်ကိုင်နိုင်မည်ဖြစ်ကာ အသက်အာမခံလိုင်စင်တစ်ခုတည်း လျှောက်ထားလိုပါက နိုင်ငံခြားကုမ္ပဏီသုံးခုသာ ရွေးချယ်မည်ဖြစ်ကာ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသည့် ကုမ္ပဏီပေါင်း ၁၃ ခုရှိပြီး ယင်းကုမ္ပဏီများထဲတွင် ဂျပန်ကုမ္ပဏီအများအပြားပါဝင်ကြောင်း၊ ထို့နောက် တရုတ်၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီများဖြစ်ကာ ပြည်တွင်း၌ အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့် နိုင်ငံတကာကုမ္ပဏီပေါင်း ၃၀ ကျော်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

“သူတို့ ဝင်လာပြီဆိုရင်တော့ ပြည်တွင်းကုမ္ပဏီတွေအတွက်လည်း နည်းပညာတွေရမယ်။ နိုင်ငံအတွက်ဆိုရင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ဝင်လာမယ်။ အလုပ်အကိုင်အခွင့်အလမ်းရမယ်” ဟု ပြည်တွင်းအာမခံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အာမခံစနစ်တွင် အသက်အာမခံလိုင်စင်နှင့် အထွေထွေအာမခံလိုင်စင်နှစ်မျိုးရှိပြီး အထွေထွေလိုင်စင်ရထားသည့် ပြည်တွင်းအာမခံကုမ္ပဏီ ၈ ခုရှိကာ အသက်အာမခံလိုင်စင်ရထားသည့် ပြည်တွင်းကုမ္ပဏီ ၃ ခုရှိသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service