ကညင်ချောင် စီးပွားရေးဇုန်ကို ၂၀၁၉ ဧပြီတွင် စတင်ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
794 Views

ကညင်ချောင် စီးပွားရေးဇုန်ကို ၂၀၁၉ ဧပြီတွင် စတင်ဖွင့်လှစ်မည်

မောင်တောဒေသ၌ ၂၀၁၉ ဧပြီတွင် ကညင်ချောင် စီးပွားရေးဇုန်ကို စတင်ဖွင့်လှစ် မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မည်ဟု ကညင်ချောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ စီးပွားရေးဇုန်ကို အစိုးရက ရှယ်ယာ ၆၅ ရာခိုင်နှုန်း နှင့် ကုမ္ပဏီများက ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး စီးပွားရေးဇုန်ကို ပထမအဆင့် ကုန်သွယ်ရေးဇုန် အဖြစ် စတင်မည်ဟု အဆိုပါ ကုမ္ပဏီရုံးအဖွဲ့မှူး ဦးကျော်ဇံသာ က ပြောသည်။

လက်ရှိတွင် အဆိုပါ ကုန် သွယ်ရေးဇုန်ကို မြေ ၄၉ ဧက၌ အကောင်အထည်ဖော်နေပြီး ထပ်မံ၍ မြေ ၂၅ ဧကရရှိထား သဖြင့် ၇၄ ဧက ရှိမည်ဖြစ်သည်။

ကုန်သွယ်ရေးဇုန်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ကျပ် တစ်ဘီလီယံရှိသည်။

‘‘ဘင်္ဂလားဒေ့ရှ်ကိ ပို့မယ့် ချင်းတို့၊ ကြက်သွန်တို့၊ သားငါး တို့ကို ဟိုဘက်လူတွေ ဒီဘက်မှာ လာဝယ်ရမယ်။ ဒါဆို ဒီဘက်က အခွန်ရမယ်။ စစချင်းတော့ ကုန် သွယ်ရေးဇုန်အနေနဲ့၊ နောက်ပိုင်း မှာ ကုန်ထုတ်လုပ်မှုအပိုင်းတွေ ဆက်သွားမယ်’’ဟု ဦးကျော်ဇံသာ က ပြောသည်။

စီးပွားရေးဇုန်တစ်ခုလုံး ပြီးစီးရန် အနည်းဆုံး သုံးနှစ်ခန့်ကြာ မည်ဟု မောင်တောနယ်စပ် ကုန် သည်များအသင်းဥက္ကဋ္ဌ ဦးအောင် မြင့်သိန်းက ပြောသည်။

ကညင်ချောင်စီးပွားရေးဇုန် ကို မောင်တောနယ်စပ်၌ ၂၀၁၅ တွင် စတင်ပြီး အစိုးရအပြောင်း အလဲနှင့် မောင်တော ဒေသ၌ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ၂၀၁၇ မှသာ ပြန်လည်စတင်နိုင်ခြင်းဖြစ်သည်။

အဆိုပါ စီးပွားရေးဇုန်ကို ပြည်နယ်အစိုးရနှင့် နတ်မြစ်အလင်းတန်းကုမ္ပဏီတို့က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပဋိပက္ခများ မဖြစ်ပွားမီ နားလည်မှုသဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့ သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် စီမံကိန်း ထပ်မံရပ်ဆိုင်းပြီးနောက် ပြန်လည်စတင်နိုင်ခြင်းဖြစ်သည်။

နတ်မြစ်အလင်းတန်း ကုမ္ပဏီကို ကုမ္ပဏီခုနစ်ခုဖြင့် ဖွဲ့စည်းထားပြီး မောင်တောဒေသခံ ကုမ္ပဏီလေးခုနှင့် ရန်ကုန်အခြေစိုက် ကုမ္ပဏီသုံးခု ပါဝင်သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ မောင်တောနယ် စပ်မှတစ်ဆင့် ပို့ကုန် ကန်ဒေါ်လာ ၁၄ သန်း တင်ပို့နိုင်ပြီး သွင်းကုန် မရှိဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၁၈ ကြားကာလ ဘဏ္ဍာနှစ်တွင် ကန်ဒေါ် လာ လေးသန်းဖိုး တင်ပို့နိုင်ခဲ့ သည်။

 

Credit: 7Daydaily

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service