ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်ရန် တရုတ်ကုမ္ပဏီက တိုင်းအစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံ - Property News in Myanmar from iMyanmarHouse.com
1394 Views

ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်ရန် တရုတ်ကုမ္ပဏီက တိုင်းအစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံ

ရန်ကုန်မြို့သစ် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရန် တရုတ်ကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော် ကို နိုဝင်ဘာ ၂၅ ရက်တွင် လာရောက်တွေ့ဆုံခဲ့သည်။

တရုတ် CCCC ကုမ္ပဏီနှင့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် များ ဆွေးနွေးခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လွှတ်တော်နှင့် တွေ့ဆုံရာ တွင် ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းလွှတ်တော်၊ ပြည်သူ့ ငွေစာရင်းကော်မတီနှင့် စီမံကိန်း နှင့် စီးပွားရေးကော်မတီတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

‘‘နောက်လုပ်မယ့် စီမံကိန်း တွေနဲ့ ပတ်သက်ပြီး လွှတ်တော် က သိသင့်တယ်ထင်လို့ လာရှင်း ပြတာ။ ယေဘုယျသဘောပါပဲ’’ ဟု တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့် လွင်က ပြောသည်။

တရုတ်နိုင်ငံအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်း လဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mr. Ning Jizhe နှင့် တရုတ် CCCC ကုမ္ပဏီဥက္ကဋ္ဌတို့သည် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ ဆုံပြီးနောက် လွှတ်တော်သို့ လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု ဆိုသည်။

တွေ့ဆုံရာတွင် ယေဘုယျသဘောထားများသာ ဆွေးနွေးခဲ့သည်ဟု သာကေတမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောသည်။

‘‘မြို့သစ်စီမံကိန်းအလုပ်တွေကို စိတ်ဝင်စားတယ်ပြောတယ်။ သူတို့လုပ်ချင်တယ်။ ဒါကို ပြောတာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တစ်ခုလုံးကို လေ့လာဆန်းစစ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ပဏာမမူဘောင်သဘောတူညီမှုစာချုပ် (Framework Agreement) ကိုဧပြီတွင် လက်မှတ်ရေးထိုးခဲ့ သည်။

ရန်ကုန်မြို့သစ် စီမံကိန်း ပထမအဆင့်အတွက် အခြေခံအ ဆောက်အအုံဆိုင်ရာ စီမံကိန်း အဆိုပြုလွှာ (Project Proposal) ကို တရုတ် CCCC ကုမ္ပဏီအား တင်သွင်းခွင့်ပြုကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် NYDC က မေလတွင် သတင်းထုတ်ပြန် သည်။

မြို့သစ်စတင်ရန် တည် ဆောက်ရေးစီမံကိန်း ကိုးခုကို တင်ဒါခေါ်ရန် တရုတ်ကုမ္ပဏီနှင့် ညှိနှိုင်းမှု နောက်ဆုံးအဆင့် ရောက်နေပြီဟု NYDC က နိုဝင်ဘာ ၂၂ ရက်တွင် သတင်းထုတ် ပြန်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ယခင်အစိုးရလက်ထက်က စတင်ခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်ရှိ မြေဧက ၂၀,၀၀၀ တွင် ပထမအဆင့်စတင်အကောင်အထည် ဖော်မည်ဖြစ်သည်။

ယင်းမြို့သစ်တွင် အနည်းဆုံး လူဦးရေသုံးသန်းကျော်နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်းကျော်ဖန်တီးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန် ထားသည်။

မြို့သစ်အကောင်အထည် ဖော်ရာတွင် ရွာမြို့ငါးခု၊ တံတား နှစ်စင်း၊ ၂၆ ကီလိုမီတာရှည်သည့် ပင်မလမ်းကြောင်း၊ ၁၀ ကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ် အားစက်ရုံ၊ ရေသန့်နှင့် ရေဆိုး ထုတ်စက်ရုံများ ပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းအ ကောင်အထည်ဖော်ရန် တိုင်း အစိုးရက ကျပ် ၁၀ ဘီလီယံ အသုံးပြုကာ NYDC ကုမ္ပဏီကို ထူထောင်ပြီး လုပ်ငန်းရှင် ဦးသိမ်းဝေအား ကုမ္ပဏီဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service