မွန်ပြည်နယ်ရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၄,၀၀၀ ခန့်အထိ ပြန်လည်သိမ်းဆည်း - Property News in Myanmar from iMyanmarHouse.com
706 Views

မွန်ပြည်နယ်ရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၄,၀၀၀ ခန့်အထိ ပြန်လည်သိမ်းဆည်း

မွန်ပြည်နယ်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို ယခုအစိုးရသစ် သက်တမ်းအတွင်း ဧက ၄,၀၀၀ ခန့်အထိ ပြန်လည်သိမ်းဆည်းထားကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးထွန်းဌေးက ပြောသည်။

ပြည်နယ်အတွင်း မြို့နယ်များအလိုက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို လုပ်ပိုင်ခွင့်နှင့် အ သုံးပြုခွင့်ရယူထားသော ဧကသုံး သောင်းခန့်အနက် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသော မြေများကိုစိစစ်၍ ပြန်လည်သိမ်း ဆည်းထားသည့် မြေဧက ၃,၉၅၈ ဒသမ ၅၀ ရှိကြောင်း ၎င်းကဆို သည်။

‘‘ဟိုအရင် အဆက်ဆက်က ပေးထားပြီး ဘာမှမလုပ်လို့ပြန် သိမ်းထားတယ်။ တချို့ကျတော့ တစ်စိတ်တစ်ပိုင်းလောက်ပဲ အ ကောင်အထည်ဖော်တယ်။ အရင် အစိုးရလက်ထက်အထိ အကောင် အထည်မဖော်သေးတဲ့ ဟာတွေ ပါ။ အားလုံးသိမ်းပြီးပြီ။ ဗဟိုကို လည်း ကျွန်တော်တို့တင်ပြပြီးပြီ။ သိမ်းယူထားတဲ့ မြေတွေကိုအမှန်တကယ် လုပ်ကိုင်ခွင့် ရချင်ရင် တော့ ပြန်လျှောက်လို့ ရတယ်’’ ဟု ဦးထွန်းဌေးက ပြောသည်။

မြေရရှိရန် ပြန်လည်လျှောက် ထားသူများသည် ယခင်လုပ်ကိုင် သူဖြစ်စေ၊ လူသစ်များဖြစ်စေ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လျှောက်နိုင်ကြောင်း၊ လက်ရှိတွင် ပြန်လျှောက်သူ မရှိသေးကြောင်း၊ သိမ်းယူထားသည့် မြေပေါ်တွင် အစိုးရ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများ အကောင်အထည်ဖော်နေပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ဆိုသည်။

ယင်းမြေများကို ရော်ဘာခြံ စိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ် ငန်းလုပ်ကိုင်ခြင်းတို့တွင် အများ ဆုံးအသုံးချကြောင်း ဦးထွန်းဌေး ကဆိုသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service