နိုင်ငံခြားဘဏ်ခွဲများ ပြည်တွင်းလုပ်ငန်းရှင်များအား ငွေစတင်ချေးနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
5845 Views

နိုင်ငံခြားဘဏ်ခွဲများ ပြည်တွင်းလုပ်ငန်းရှင်များအား ငွေစတင်ချေးနိုင်ပြီ

နိုင်ငံခြားဘဏ်ခွဲများကို မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် များအား ငွေချေးခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၈ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

ပြည်တွင်းတွင် နိုင်ငံခြားဘဏ်ခွဲများ ဖွင့်လှစ်ခွင့်ပြုပြီး လေးနှစ်ကျော် ၌ နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များကို ဘဏ္ဍာငွေရရှိနိုင်သည့် အခွင့်အရေးပိုမိုရရှိစေရန်ရည်ရွယ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ညွှန် ကြားချက်၌ ဖော်ပြထားသည်။

နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနည်းတူ စီးပွားရေးလုပ် ငန်းများအားမည်သည့်ချေးငွေမဆို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန်ခွင့်ပြုကြောင်းညွှန်ကြားစာတွင် ပါရှိသည်။‘‘ဒါ ဝမ်းသာစရာပဲ။ ဒေါ်လာ ဈေးတန်းကျမယ့်ပုံပဲ’’ ဟု UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြည်တွင်းစီး ပွားရေးလုပ်ငန်းရှင်များက နိုင်ငံခြားဘဏ်များမှ ကန်ဒေါ်လာဖြင့် ငွေချေးခွင့်ရရှိပါက ဖြစ်နိုင်ခြေကို ပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ငွေကြေးအရင်းအနှီးရရှိ ရန် ခက်ခဲချိန်တွင် ဗဟိုဘဏ်၏ ညွှန်ကြားချက်က နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အထောက်အကူဖြစ်စေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ငွေကြေးဖောင်းပွမှုကြောင့် ချေးငွေအပေါ် နှစ်စဉ်ပေးရသည့် ပြည်တွင်းဘဏ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို မလျှော့နိုင်သေးချိန် တွင် နိုင်ငံခြားဘဏ်များမှ သက်သာသည့် အတိုးနှုန်းဖြင့် ငွေချေး ခွင့်ရမည်လားဆိုသည်ကို စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့် နေကြောင်း ဒေါက်တာ မောင် မောင်လေးက ဆိုသည်။

သို့သော် ယမန်နေ့ ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် အတိုးနှုန်းအပါအဝင် အသေးစိတ်အချက်အလက်များ မပါဝင်ပေ။

‘‘အတိုးနှုန်းနဲ့ ပတ်သက်တာ က ပြောဖို့စောပါသေးတယ်’’ဟု ညွှန်ကြားစာကို လက်မှတ်ရေးထိုး ပြီး ထုတ်ပြန်သည့် မြန်မာနိုင်ငံ တော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ အတိုးနှုန်း သတ်မှတ်ရန် စနစ်တကျ လုပ်ဆောင်မည်ဖြစ်၍ လွယ်လွယ်ကူကူ ပြောမရကြောင်း ၎င်းက ရှင်းပြသည်။

နိုင်ငံခြားဘဏ်ခွဲများကို ငွေ ချေးခွင့်ပေးရာတွင် အတိုးနှုန်း သည် အရေးကြီးပြီး လက်ရှိ ဗဟို ဘဏ်အတိုးနှုန်းဖြင့်ပင် ဖြစ်မည်ဆိုပါက ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဦးသန်းလွင်က ဆိုသည်။

‘‘သူတို့ဘာသာ ဘဏ်အတိုး နှုန်း သတ်မှတ်မယ်ဆိုရင် ပြည် တွင်း ပုဂ္ဂလိကဘဏ်တွေအတွက် အခက်အခဲဖြစ်မှာပဲ’’ဟု နိုင်ငံခြားဘဏ်များ၏ ချေးငွေအတိုးနှုန်းမှာ ပြည်တွင်းဘဏ်များထက် နည်း ပါက ဖြစ်နိုင်ခြေကို ၎င်းက ပြောသည်။

၂၀၁၄ အောက်တိုဘာ ၂ ရက်က စတင်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ခွဲများကို စတင်ခွင့် ပြုခဲ့သည်။ နိုင်ငံခြားဘဏ်ခွဲများ ကို ဗဟိုဘဏ်က ဘဏ်ခွဲလိုင်စင် စတင်ထုတ်ပေးစဉ်က နိုင်ငံခြား စီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်း များ၊ ပြည်တွင်းနှင့် နိုင်ငံခြားငွေ ရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်တွင်း ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကုမ္ပဏီ၊ လုပ်ငန်းများကို လက် ကားဘဏ်လုပ်ငန်းဆောင်ရွက် ခွင့်ပြုခဲ့သည်။

ထို့အပြင်၂၀၁၇ ဒီဇင်ဘာ ၈ ရက်ကစ၍ နိုင်ငံခြားဘဏ်များကို ပို့ကုန်ချေးငွေဖြည့်ဆည်းမှု၊ ပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ခွင့်ပြုခဲ့သည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားဘဏ် ၁၃ ဘဏ်နှင့် ပြည်တွင်းဘဏ် ၂၄ ဘဏ်ရှိသည်။

 

 

Credit:  7Daydaily

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service