ရန်ကုန်ဘူတာကြီးစီမံကိန်း မြေပြင်ကွင်းဆင်းမှုလုပ်ငန်းများ စတင်ဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
1600 Views

ရန်ကုန်ဘူတာကြီးစီမံကိန်း မြေပြင်ကွင်းဆင်းမှုလုပ်ငန်းများ စတင်ဆောင်ရွက်

ရန်ကုန်ဘူတာကြီးဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်မြေပြင်ကွင်းဆင်းညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

စီမံကိန်းတည်ဆောက်မှုရှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သည့်ရန်ကုန်ဘူတာကြီးဘက်စုံဖွံ့ဖြိုးစီမံကိန်းတွင် ကန်ဒေါ်လာ ၂ ဒသမ ၅ဘီလျံရင်းနှီးမြှုပ်နှံကာပြည်တွင်းအလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းအား ဦးစားပေးညှိနှိုင်းမှုပြုလုပ်ရန် ရွေးချယ်ခံရသည့် Central Transport Development Consortium(CTDC)၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ကုမ္ပဏီသုံးခုပေါင်းစပ်ဖွဲ့စည်းထားသည့် ယင်း Consortiumတွင်မြန်မာနိုင်ငံ မင်းဓမ္မကုမ္ပဏီမှ အစုရှယ်ယာရာခိုင်နှုန်း ၄ဝ ပိုင်ဆိုင်ပြီး စင်ကာပူအခြေစိုက် Oxley Holdings ကုမ္ပဏီနှင့် တရုတ်အခြေစိုက် Sino Great Wall ကုမ္ပဏီတို့ ရာခိုင်နှုန်း ၃ဝ စီပိုင်ဆိုင်ထားကြောင်း သိရသည်။ မင်းဓမ္မကုမ္ပဏီသည် မုတ္တမဟိုးလ်ဒင်း၏ လက်အောက်ခံကုမ္ပဏီ ၂၃ ခုအနက်တစ်ခုဖြစ်သည်။

ရန်ကုန်ဘူတာကြီးဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အကြီးဆုံးသောအကျိုးတူပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ မီးရထားနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအခြားသောအများပြည်သူအသုံးပြုနိုင်မည့် ဆက်သွယ်ရေးနည်းလမ်းပေါင်းစုံစုဝေးရာပို့ဆောင်ဆက်သွယ်ရေးအချက်အချာနေရာတစ်ခုဖြစ်လာမည်ဖြစ်သည်။

တည်ဆောက်ရေးဒီဇိုင်းအားဖြင့် ရှေးမူလက်ရာရန်ကုန်ဘူတာကြီးဟောင်းနှင့် ခေတ်သစ်ဘူတာရုံအသစ်ကိုပေါင်းစပ်ဖွဲ့စည်းကာတည်ဆောက်သွားမည်ဟု သိရသည်။ ၁၉၅၄ က တည်ဆောက်ခဲ့သောလက်ရှိရန်ကုန်ဘူတာကြီးအဆောက်အအုံကိုလည်းရှေးမူမပျက်ထိန်းသိမ်းသွားမည်ဖြစ်ကာ ၂၁ရာစု၏ နောက်ဆုံးပေါ် လက်ရာတစ်ခုဖြစ်လာမည့် ဘဲဥပုံသဏ္ဍာန်အမိုးခုံးနှင့် မီးရထားဘူတာရုံအသစ်တို့ကိုလည်း မီးရထားလမ်းပေါ်တွင် အုပ်မိုး၍ထပ်မံဆောက်လုပ်မည်ဖြစ်ရာအဟောင်းနှင့်အသစ်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Upcoming Property Events

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service