JICA ၏ ထောက်ပံ့ငွေ ဂျပန်ယန်း သန်း ၆၀၀၀ ကျော်ဖြင့် ဆောင်ရွက်မည့် မန္တလေးဆိပ်ကမ်းကို ယခုလတွင်စတင်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1636 Views

JICA ၏ ထောက်ပံ့ငွေ ဂျပန်ယန်း သန်း ၆၀၀၀ ကျော်ဖြင့် ဆောင်ရွက်မည့် မန္တလေးဆိပ်ကမ်းကို ယခုလတွင်စတင်တည်ဆောက်မည်

ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) ထံမှ မန္တလေးဆိပ်ကမ်းတည်ဆောက်ရေးအတွက် ထောက်ပံ့ငွေဂျပန်ယန်း ၆၀၃၃ သန်းရရှိထားပြီး ဖြစ်ကာ ယခုလအတွင်း စတင်အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ]]ဧရာဝတီမြစ်အတွင်းမှာ ခေတ်မီကုန်တင်ကုန်ချ ဆိပ်ကမ်းဆိုတာ မရှိ တော့ လူတွေနဲ့လုပ်နေရတယ်။ ဒီတော့ ကုန်စည် စီးဆင်းမှုကို နှောင့်နှေးစေတယ်။ ဒီကွန်တိန်နာ ဆိပ်ကမ်းပြီးသွားရင် ကုန်စည်စီးဆင်းမှုကမြန် သွားနိုင်သလို သယ်ယူခကလည်း သက်သာတဲ့အတွက် ကုန်ဈေးနှုန်းကျဆင်းလာမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး လည်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်}}ဟု ပြောသည်။

ယင်းစီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းကို ၂၀၁၃ ခုနှစ် ဩဂုတ်လမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ လေ့လာမှုများပြုလုပ်ခဲ့ပြီး အဆိုပါလေ့လာမှုအရ မန္တလေးဆိပ်ကမ်းဂေါဝိန်နေရာ၊ ချော် ဆိပ်နေရာနှင့် ရွှေလှံဗိုလ်ကျောင်းတိုက်နားတို့ကို ကနဦး ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာများအနက်မှ ဆိပ်ကမ်းတည်ဆောက်ခြင်းကြောင့် အနီးဝန်းကျင်ရှိသူများ၏ လူနေမှုဘ၀၊ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုအနည်းဆုံးဖြစ်သည့် ရွှေလှံဗိုလ်ကျောင်းအနီးရှိနေရာကို အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။ ဆိပ်ကမ်း တည်ဆောက်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဧပြီလတွင် JICA ကို ထောက်ပံ့ငွေအကူအညီပေးရန်တင်ပြခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ထောက်ပံ့ငွေသဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းအကောင်အထည်ဖော်မှုများစတင်ဆောင်ရွက်ပြီး မြေရာလျော်ကြေးပေးခြင်းကိစ္စများကိုလည်း နှစ်ပတ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ ဆိပ်ကမ်းတည်ဆောက်ချိန် နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး ဆိပ်ကမ်းတွင် ဆိပ်ကမ်းကြီးကြပ်ရုံး၊ အလုပ်ရုံ၊ ကန်တင်း၊ သင်္ဘောများပေါ်မှ ကွန်တိန်နာများအတင်အချလုပ်ရန်အတွက်ရွေ့ လျားကရိန်းနှစ်စုံ၊ ကွန်တိန်နာများအတင်အချပြုလုပ်ရန် Spreader များ၊ လုံခြုံရေးအဆောက်အအုံများ ပါရှိမည်ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းအလျားအနေဖြင့် ကမ်းနားဘက်မှကြည့်မည်ဆိုပါက အလျား ၁၈၀ မီတာရှိမည်ဖြစ်ပြီး ချဉ်းကပ်လမ်းသည် ၃၀၄ မီတာရှိမည်ဖြစ်ကာ ကွန်တိန်နာများထိန်းသိမ်းထားရန်အတွက် Container Yard နှင့် ကွန်တိန်နာသွားလမ်း သုံးလမ်းတို့ပါရှိမည်ဖြစ်ကြောင်း သိရသည်။

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service