မြေပိုင်ဆိုင်ခွင့်ဂရန်များနှင့် ဆောက်လုပ်ရေးပါမစ်များ ဆောင်ရွက်ရာတွင် နစ်နာမှုများကို တိကျစွာ တိုင်ကြားလာပါက အရေးယူမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1127 Views

မြေပိုင်ဆိုင်ခွင့်ဂရန်များနှင့် ဆောက်လုပ်ရေးပါမစ်များ ဆောင်ရွက်ရာတွင် နစ်နာမှုများကို တိကျစွာ တိုင်ကြားလာပါက အရေးယူမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေပိုင်ဆိုင်ခွင့်ဂရန်များ၊ ဆောက်လုပ်ရေးပါမစ်ကိစ္စ များကို ဆောင်ရွက်ရာတွင် ကြန့်ကြာမှုများ၊ နစ်နာမှုများကို တိကျစွာတိုင်ကြားလာပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုခဲ့သည်။

"အချိန်ကြန့်ကြာတယ်လို့ များသောအား ဖြင့် ပြောလေ့ပြောထရှိပါတယ်။ ဘာလို့ ကြန့် ကြာလဲဆိုတာ အတော်များများက နစ်နာတယ် ပြောပြီး အခြေအမြစ်ရှာဖို့လိုပါတယ်။ အခြေ အမြစ်ရှိရင် မြို့တော်ဝန် တစ်ယောက်အနေနဲ့ အရေးမယူစရာလမ်းမရှိပါဘူး။ ကြန့်ကြာတယ် ပြောတယ်။ မြို့နယ်အဆင့်တွေက လုပ်ပိုင်ခွင့် မရှိဘူးပြောတယ် ဟုတ်ပါတယ်။ တချို့ကိစ္စတွေ ကို လုပ်ပိုင်ခွင့်မပေးတာရှိတယ်။ လူထုအတွက် ဦးစားပေးလုပ်ရမယ့် မြို့နယ်တွေကို လုပ်ပိုင် ခွင့်အကုန်ပေး လွှတ်ပေးလိုက်ရင်လည်း လူထု နဲ့များများ ဆက်ဆံလာရလေလေ ဖိအားတွေ ရှိလာလိမ့်မယ်။ အလွဲသုံးစား လုပ်လာမယ်ဆို ရင် လူထုအတွက်ပဲ ဂရုစိုက်ပါတယ်" ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆို သည်။

ပြန်လည်ဖြေဆို

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်ကို အောက်တိုဘာ ၉ ရက်က ပြု လုပ်ရာတွင် ပြည်သူများ၏ အခွန်ဆောင်ရန် ကိစ္စများ၊ မြေယာကိစ္စများ၊ ဆောက်လုပ်ရေး ပါမစ်ကိစ္စများကို မြို့နယ်ရုံး၊ ခရိုင်ရုံးများတွင် ပြည်သူများ၏ လုပ်ငန်းဆောင်ရွက်မှု၊ ဝန်ဆောင် မှုလုပ်ငန်းများကို နေ့ချင်းပြီး (သို့မဟုတ်) ရက် ပိုင်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က မေးမြန်းရာ၌ ဝန်ကြီးက ပြန်လည်ဖြေဆိုခြင်းဖြစ်သည်။

အဆောက်အအုံဆောက်လုပ်ရာ၌ သုံးထပ် နှင့် အောက်အဆောက်အအုံများတွင် လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ပြ လာသော ပြည့်စုံမှန်ကန်မှုရှိသည့် အမှုတွဲများ အား အချိန်တိုအတွင်း ဆောင်ရွက်ပေးလျက် ရှိနေပြီး လေးထပ်နှင့်အထက် အဆောက်အအုံ ဆောက်လုပ်ခွင့်များတွင် ပဏာမအဆိုပြုပုံစံ တင်ပြပြီး ခွင့်ပြုပြီးမှသာ ပုံစံကြီးတင်ပြဆောင် ရွက်ရာတွင် တင်ပြသူက ပြည့်စုံစွာဆောင်ရွက် ရမည့်အပိုင်းကြောင့် ကြန့်ကြာမှုများလည်း ရှိ နေကြောင်း သိရသည်။

ဌာနအနေဖြင့် ဆောင်ရွက်ပေးရာတွင် ကြာမြင့်ချိန်နှင့် ပတ်သက်၍ မြန်ဆန်မှုရှိအောင် ဆောင်ရွက်နိုင်ရေးအတွက် Standard Operating Procedures (SOP) ရေးဆွဲ၍ YCDC Website တွင် ကြေညာ၍ စိစစ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မြို့နယ်အဆင့်ဌာနဆိုင်ရာများ မသိရှိဘဲ ရုံးချုပ်မှ ဂရန်ချပေးနေမှုများကြောင့် ဌာနနှင့် ပြည်သူများအကြား ယုံကြည်မှုပျက်ယွင်းမှုများ ရှိနေကြောင်း၊ ပါမစ်များ သတ်မှတ်အချိန်ထက် ပိုမို ကြာမြင့်မှုများ မရှိစေရန် မြို့နယ်အဆင့် ဌာနကို လုပ်ပိုင်ခွင့်များ ခွဲဝေပေးပါက ပိုမို မြန်ဆန်မည်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ထပ်မံဆွေးနွေးခဲ့သည်။

လက်ခံမည်

YCDC သည် ၂၀၁၅ ခုနှစ် ဧပြီ ၂ ရက်မှ စတင်၍ မြို့တော်ခန်းမတွင် သာမက သက်ဆိုင် ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးတို့တွင် အမှုတွဲများ လက်ခံဆောင်ရွက်ပေး ခဲ့သော်လည်း ပြည်သူများဘက်က မြို့နယ်ရုံး များ၌ လာရောက်တင်ပြခြင်းများ မရှိကြတော့ ဘဲ ရုံးချုပ်တွင်သာ လာရောက်တင်ပြနေကြ ပြီး မြို့နယ်ရုံးများတွင် လာရောက်တင်ပြပါက လည်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆက်လက် ပြောဆိုသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service