MAPCO နှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တစ်နှစ်တန်တစ်သိန်းကျ ဓာတ်မြေသြဇာ စက်ရုံဖွင့် - Property News in Myanmar from iMyanmarHouse.com
1849 Views

MAPCO နှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တစ်နှစ်တန်တစ်သိန်းကျ ဓာတ်မြေသြဇာ စက်ရုံဖွင့်

တောင်သူလယ်သမား များအချိုးအစားမှန်သည့် ဓာတ် မြေဩဇာများ သုံးစွဲနိုင်ရန်မြန်မာ့ လယ်ယာ စီးပွားရေးအများပိုင်ကော်ပိုရေးရှင်း အများပိုင်လီမိ တက်(MAPCO)နှင့် နိုင်ငံခြား ကုမ္ပဏီနှစ်ခုပူးပေါင်းကာ ဓာတ်မြေဩဇာ ရောနှောစက်ရုံကို အောက်တိုဘာ ၁၀ ရက်က သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်ခဲ့သည်။

ကန်ဒေါ်လာ ၁၀ သန်းရင်းနှီးမြှုပ်နှံပြီး တစ်နှစ်လျှင် ဓာတ်မြေ ဩဇာတန်ချိန် ၁၀၀,၀၀၀ ထုတ် လုပ်ရန်စီစဉ်ထားကြောင်း Agri First ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးရဲမင်းအောင်က ပြော ကြားသည်။

‘‘တောင်သူလယ်သမားတွေ အတွက်အရောအနှော၊ အချိုး အစားမှန်ရမယ်။ လိုအပ်ချက်တွေ အာဟာရဓာတ်တွေက အပိုအလို မရှိဘဲ ဂျာမနီစံနှုန်းနဲ့ဆောင်ရွက် ထားတာဖြစ်ပါတယ်’’ ဟု ဦးရဲ မင်းအောင်က ပြောသည်။

၂၀၁၆ ကစတင်၍ စက်ရုံ တည်ဆောက်ရေး ကြိုးစားခဲ့ပြီး နောက် ခွင့်ပြုမိန့်၊ ခွင့်ပြုချက်၊ အသိအမှတ်ပြုလက်မှတ် ၅၀ ကျော်ရရှိထားကာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ ပြဋ္ဌာန်းချက်များ နှင့်အညီ စက်ရုံတည်ဆောက် ထုတ်လုပ်မည်ဟုဆိုသည်။

‘‘မြန်မာနိုင်ငံမှာက အစိုးရ က ယူရီးယားတစ်မျိုးပဲထုတ်နိုင် တာ။ အခုစက်ရုံက လိုအပ်တဲ့ တခြားဓာတ်တွေပါ ထည့်သွင်း ပေါင်းစပ်ပြီး ထုတ်မှာဆိုတော့ တောင်သူလယ်သမားတွေ အ တွက် အသုံးဝင်မှာပါ’’ ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲတင့်ထွန်းက ပြော ကြားသည်။

ယူရီးယား၊ နိုက်ထရိုဂျင်၊ ဖော့စဖရတ် စသည်တို့ကို ဒေသရေမြေအလိုက် လိုအပ်ချက်ပေါ် မူတည်ပြီး အချိုးညီထုတ်လုပ်မည် ဖြစ်သည်။

ဓာတ်မြေဩဇာ စက်ရုံကို ဂျာမနီကုမ္ပဏီ Behn Meyer က ၃၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီ Mitsui က ၃၀ ရာခိုင်နှုန်းနှင့် မြန် မာ့လယ်ယာ စီးပွားကော်ပိုရေး ရှင်းက ၄၀ ရာခိုင်နှုန်းအကျိုးတူ ပူးပေါင်းတည်ထောင်ခြင်းဖြစ်ပြီး သီလ၀ါအထူးစီးပွားရေးဇုန်တွင် သာမက အခြားဒေသများ၌လည်း ဆက်လက်ရင်းနှီးမြှုပ်နှံမည်ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service