တူရကီနိုင်ငံ၊ အစ္စတဘူလ်မြို့ရှိ ကမ်းခြေအိမ်များကို နိုင်ငံတကာမှ စိတ်ဝင်တစား ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
1069 Views

တူရကီနိုင်ငံ၊ အစ္စတဘူလ်မြို့ရှိ ကမ်းခြေအိမ်များကို နိုင်ငံတကာမှ စိတ်ဝင်တစား ၀ယ်ယူ

ဥရောပနဲ့ အာရှနိုင်ငံတွေကနေ တူရကီနိုင်ငံ၊ အစ္စတဘူလ်မြို့နားကို စီးဆင်းလာတဲ့ Bosphorus မြစ်ကမ်းပါးမှာ ရှိတဲ့ ကမ်းခြေအိမ်လေးတွေကို နိုင်ငံခြားသားတော်တော်များများ စိတ်ဝင်တစား ၀ယ်ယူလာကြတယ်လို့ သိရပါတယ်။ တူရကီနိုင်ငံမှာ စီးပွားရေးအခြေအနေ သိပ်မဟန်တဲ့အတွက် အဆိုပါအိမ်ပိုင်ရှင်တွေကလည်း ၎င်းတို့ရဲ့ အိမ်တွေကို လျှော့ဈေးနဲ့ ရောင်းချလာကြတာဖြစ်ပါတယ်။

ကမ်းခြေအိမ်လေးတွေကို ၀ယ်ယူလိုသူတွေအနေနဲ့ အိမ်တစ်အိမ်ကို ကန်ဒေါ်လာ သန်း ၁၀၀ (ယူရိုငွေ ၈၇ သန်း) ခန့် ပေးချေရမှာဖြစ်ပြီး တူရကီနိုင်ငံသားအဖြစ်ပါ ခံယူနိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

Bosphorus မြစ်ကမ်းပါးမှာ အိမ်ပေါင်း ၆၀၀ ခန့်ရှိတဲ့အနက် ၆၀ ကိုဈေးလျှော့ပြီး ရောင်းချနေတာ ဖြစ်ပါတယ်။

တူရကီ လီရာငွေတန်ဖိုး ကျဆင်းနေတဲ့အတွက် ၀ယ်ယူလိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့ တူရကီ လီရာငွေနဲ့ပဲ ပေးချေရမယ်လို့ အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။

“ကျွန်တော်တို့ရဲ့ ဖောက်သည်တော်တော်များများက အရှေ့အလယ်ပိုင်းဒေသကလာတာများတယ်။ အဇာဘိုင်ဂျန်နဲ့ အီရန်က လူတွေလည်းလာတယ်။ ကာတာက လူတွေ လာဝယ်တာ ပိုများတယ်။ ဒေသခံတွေကတော့ အိမ်ခြံမြေကဏ္ဍကို သိပ်စိတ်မ၀င်စားကြဘူး။”လို့ အိမ်ခြံမြေ အကြံပေး Ugur Ayhan ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံခြားသားတွေဟာ တူရကီဘဏ်တွေမှာ ကန်ဒေါ်လာ ငါးသိန်းသွင်းထားရုံနဲ့ တူရကီနိုင်ငံသားအဖြစ် ခံယူနိုင်ပြီဖြစ်ပါတယ်။

အရင်တုန်းကတော့ တူရကီနိုင်ငံသားခံယူချင်တဲ့ နိုင်ငံခြားသားတွေဟာ ကန်ဒေါ်လာ သုံးသန်း ငွေစုထားရတာဖြစ်ပါတယ်။

နိုင်ငံခြားသားတွေအတွက် သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံမှု ငွေပမာဏကိုလည်း ကန်ဒေါ်လာ နှစ်သန်းကနေ ငါးသိန်းအထိ လျှော့ချပေးခဲ့တယ်လို့ သိရပါတယ်။

သို့ဖြစ်၍ တူရကီမှာ ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းနဲ့ အထက် တန်ဖိုးရှိ အိမ်တစ်လုံးပိုင်ထားရုံနဲ့ နိုင်ငံခြားသားတွေဟာ တူရကီနိုင်ငံသားဖြစ်ခွင့်ရနေပြီဖြစ်ပါတယ်။

Bosphorus မြစ်ကမ်းနှစ်ဖက်မှာ တည်ရှိတဲ့ အိမ်ခြေတွေအနက် အိမ်ခြေပေါင်း ၃၆၀ ဟာ ရှေးဟောင်းအိမ်ကြီးတွေဖြစ်တယ်လို့ သိရပါတယ်။

 

 Credit: Mizzima Burmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service