မြန်မာ၊ တရုတ် နယ်စပ်စီးပွားရေးဇုန် နေရာရွေးပြီးပါက လျှောက်လွှာများ ဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
1612 Views

မြန်မာ၊ တရုတ် နယ်စပ်စီးပွားရေးဇုန် နေရာရွေးပြီးပါက လျှောက်လွှာများ ဖိတ်ခေါ်မည်

မြန်မာ၊ တရုတ်နယ်စပ် တွင် နှစ်နိုင်ငံ ပူးပေါင်းပြီး စီးပွားရေးဇုန်များ တည်ထောင်ရန် နေရာရွေးချယ်သတ်မှတ်ပြီးပါက စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (EOI) တင်သွင်းရန်ဖိတ် ခေါ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် စီးပွားရေးဇုန်များ ပူးပေါင်းအကောင်အထည်ဖော် ရန် တရုတ်နိုင်ငံနှင့် မူအားဖြင့် သဘောတူညီထားပြီး နေရာရွေးချယ်ခြင်းအပါအ၀င်ဆက်လက် ညှိနှိုင်းစရာများ ရှိသေးကြောင်း ၎င်းကပြောသည်။

‘‘ ဘယ်နိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်ဆိုတာ စိတ်ဝင်စားမှုအစီးရင်ခံစာပေါ်မှာ မူတည် ပါတယ် ’’ ဟု ဦးခင်မောင်လွင်က ပြောသည် ။

ကုန်ထုတ်လုပ်ရေးဇုန်၊ ထောက်ပံ့ရေးဇုန်၊ စက်မှုဇုန်၊ ခရီးသွားလုပ်ငန်းဇုန် အပါအ၀င် စီးပွားရေးဇုန်များကို မြန်မာ၊ တ​ရုတ်နှစ်နိုင်ငံပူးပေါင်းပြီး ကချင်ပြည်နယ်တွင် ကန်ပိုက်တီး၊ ရှမ်း ပြည်နယ်၌ မူဆယ်နှင့် ချင်းရွှေဟော်တို့တွင် အကောင်အထည် ဖော်ရန်လျာထားသည်။

ကုန်သွယ်ရေးနှင့် ပြုပြင် ထုတ်လုပ်ရေး မြေနေရာများ၊ အသေးစားနှင့် အလတ်စားစက်​ရုံများ၊ သယ်ယူပို့ဆောင်ရေး၊ အရည်အသွေးထုပ်ပိုးမှု ဌာနများလည်း စီးပွားရေးဇုန်များတွင် ပါ ၀င်မည်ဖြစ်သည်။

မြန်မာ၊ တရုတ်နယ်စပ်တွင် စီးပွားရေးဇုန်များ အကောင်အထည်ဖော်နိုင်ပါက ဒေသတွင်း စီးပွားရေး အခွင့်အလမ်းကောင်းများရရှိပြီး ဒေသတည်ငြိမ်ရေးအထောက်အကူပြုနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က ပြောသည်။

မြန်မာ - တရုတ် နယ်စပ် မူဆယ်မြို့တွင် နယ်စပ်စီးပွားရေးဇုန်အမြန်ဆုံးအကောင်အထည် ပေါ်လာစေလိုကြောင်း တက်ဟုန်းခွဲပြည်နယ် ပြည်ပရေးရာဌာန ညွှန်ကြားရေးမှူး Mr. Li Qi Guim ကပြောသည်။

နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံမှ အခြေခံအဆောက် အအုံကဏ္ဍဖြစ်သော လမ်း၊ ရေ၊ လျှပ်စစ်မီးကို ရယူ၍ မြန်မာနိုင်ငံ မှ ကုန်ကြမ်းနှင့် ဈေးနှုန်းသက်သာသော လုပ်သားများကို ပေါင်းစပ်ဆောင်ရွက်နိုင်ပါက လျင်မြန်စွာတိုးတက်မည်ဟု ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ - ၂ ဒေါက်တာမြင့်ဆန်းကပြောသည်။

 

Credit: 7Daydaily

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

Upcoming Property Events

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service