ဒလတံတားဆောက်ရန် ဒီဇင်ဘာ (၁)ရက် ပန္နက်ရိုက်မည် - Property News in Myanmar from iMyanmarHouse.com
14322 Views

ဒလတံတားဆောက်ရန် ဒီဇင်ဘာ (၁)ရက် ပန္နက်ရိုက်မည်

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် ဆောင်ရွက်မည့် ရန်ကုန်-ဒလမြစ်ကူး တံတား စတင်တည်ဆောက်ရန် ဒီဇင်ဘာလ ၁ ရက်တွင် ပန္နက်ရိုက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဒလတံတားရေလယ်တိုင် နှစ်ခုကြားအကျယ်ကို ၃၂၀ မီတာမှ ၃၇၀ မီတာ ပြန်လည်ချဲ့သည့်အတွက် ဒီဇိုင်းပုံစံ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးအတွက် လိုအပ်သည့် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၂၀ ကို စက်တင်ဘာလ တတိယပတ်ကရရှိပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လောလောဆယ်တော့ တံတား တည်ဆောက်ဖို့ အစီအစဉ်ဆွဲနေတယ်။ မကြာခင်လည်း ထုတ်ပြန်ကြေညာပေးသွားပါမယ်”ဟု ၎င်းကဆိုသည်။

ဒလတံတား ပန္နက်တင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် ဒလမြို့နယ်ဘက်ခြမ်းရှိ တံတားတည်ဆောက်မည့် စီမံကိန်းနေရာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် မုန့်ဟင်းခါးပိဿာတစ်ထောင် အလှူဒါနပြုလုပ်ကာ ကျွေးမွေးသွားမည်ဖြစ်ကြောင်း ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။

ဒလတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ပန္နက်ရိုက်ပြီးသည်နှင့် စတင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို လေးလမ်းသွား၊ သံမဏိကြိုးဆိုင်းအမျိုးအစားနှင့် တံတား အရှည်မှာ ၆၁၄၄ ပေရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒလတံတားစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံမှ ပထမသတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းအပြင် ဒီဇိုင်းပြင်ဆင် တည်ဆောက်ရာတွင် လိုအပ်သည့် အမေရိကန်ဒေါ်လာသန်း ၂၀ ကို ကိုရီးယားနိုင်ငံမှ ချေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို မြန်မာအစိုးရဘက်က စိုက်ထုတ်ကာ တည်ဆောက်သွားမည်ဖြစ်သည်။

ဒလတံတားအမြန်ဆုံး တည်ဆောက်ရေးအတွက် ဒလမြို့နယ်တွင်နေထိုင်သည့် ဒေသခံပြည်သူများက ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

Upcoming Property Events

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service