အာဆီယံအဆင့်အသန့်ရှင်းဆုံးခရီးသွားမြို့တော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန်လုပ်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
916 Views

အာဆီယံအဆင့်အသန့်ရှင်းဆုံးခရီးသွားမြို့တော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန်လုပ်ဆောင်မည်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်မြို့နှင့် တောင်ငူမြို့တို့ကို အာဆီယံအဆင့်အသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်မြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြည်မြို့အပါအဝင် ခရီးသွားလုပ်ငန်းဖွံဖြိုးရန် အလားအလာရှိသော ပဲခူးတိုင်းအတွင်းရှိ မြို့ကြီးများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ထားကြောင်း မေးမြန်းမှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးညွှန့်ရွှေက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂ဝ၁၈ မှာတုန်းက မြန်မာနိုင်ငံက သုံးမြို့ဆုရခဲ့တယ်။၂၀၂၀ ဇန်နဝါရီလ ဘရူနိုင်းနိုင်ငံမှာကျင်းပမယ့် ဒုတိယအကြိမ် အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့် ဆုရရင် ကြော်ငြာစရာမလိုတော့ဘဲနဲ့ ခရီးသွားဝင်နှုန်းတွေတိုးတက်လာပြီး ဒေသလည်းဖွံဖြိုးလာမယ်။ ပဲခူးတိုင်းအတွင်းမှာက မြို့တွေအများကြီး ဝင်ပြိုင်လို့ရတာရှိတယ်”ဟု ဦးကျော်ဇေယျက ဆိုသည်။

လတ်တလောပြည်နှင့် တောင်ငူနှစ်မြို့ကိုလိုအပ်သည့် သတ်မှတ်ချက်များပြည့်မီရန် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ထားသည်ဟု ဝန်ကြီးက ဖြေဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အာဆီယံအဆင့် ခရီးသွားမြို့တော်အဆင့်ဝင်သွားရင် နိုင်ငံခြားသားလည်ပတ်မှုများလာမယ်။ ဒေသခံတွေအတွက်ပိုအကျိုးရှိလာမယ် ”ဟု ပြည်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့်ဝင်ရန်အချက် ၁၀၈ ချက်ရှိပြီး ၅၄ ချက်နှင့် ညီညွတ်ပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပြီး ၎င်းတို့မှာ သန့်ရှင်းရေးဆိုင်ရာ၊ မြိုပြစီမံကိန်း၊ သဘာဝပတ်ဝန်းကျင်၊ အစားအသောက်ဘေးအန္တရယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာအချက်အလက်များ ပါဝင်သည်။

၂ဝ၁၈ ခုနှစ် အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကလော၊ ပုဂံနှင့် ပြင်ဦးလွင်မြို့တို့မှာ ဆုရရှိခဲ့ပြီး ယခုအခါ ပြည်နှင့်တောင်ငူမြို့တို့ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်နေကာ ပြည်မြို့တွင် နှစ်ပေါင်း နှစ်ထောင်ကျော်သက်တမ်းရှိ ရှေးဟောင်းဇုန် ပျူမြို့ဟောင်းရှိသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service