မိုးရာသီ ဘဏ်ချေးငွေယူစဉ် ပုံစံ(၇) ပြထားသည့် ဧကထက်ပိုလျှင် ထပ်မံပြသရန် မလိုဘဲ ငွေချေးနိုင်ဟု တိုင်းဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
1437 Views

မိုးရာသီ ဘဏ်ချေးငွေယူစဉ် ပုံစံ(၇) ပြထားသည့် ဧကထက်ပိုလျှင် ထပ်မံပြသရန် မလိုဘဲ ငွေချေးနိုင်ဟု တိုင်းဝန်ကြီးပြော

မိုးရာသီ ချေးငွေယူစဉ် ဘဏ်တွင် ပုံစံ(၇)ပြထားသည့် ဧကထက်ပိုနေလျှင် ပုံစံ(၇)ထပ်မံ တင်ပြရန် မလိုဘဲ ငွေထုတ်ချေးနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။

စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်သော စစ်ကိုင်းတိုင်းလွှတ်တော်အစည်းအဝေး၌ ကသာ မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၏ မေးခွန်း နှင့်ပတ်သက်၍ ဦးစိုးဦးက ပြန်လည်ဖြေကြားသည်။

‘‘ ဥပမာ တောင်သူတစ်ဦး သည် ၁၀ ဧကပိုင်သော မြေပေါ် တွင် လယ် ငါးဧကအတွက် မိုးချေး ငွေထုတ်ချေးခဲ့ပြီး နှစ်ဧကပေါ်တွင် နှမ်းသီးနှံစိုက်ပျိုးခဲ့ပါက ဆောင်း ချေးငွေကိုလည်းကောင်း၊ ကျန် သည့်ဧကကြံစိုက်ပျိုးပါက မိုးကြို ချေးငွေကိုလည်းကောင်း ထုတ်ယူနိုင်မှာ ဖြစ်ပါတယ် ’’ ဟု ဦးစိုးဦးက ပြောသည်။

၂၀၁၈ ကစ၍ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်မှ ပုံစံ(၇) သိမ်းယူသဖြင့် ကျန်သည့် လယ်ကြံစိုက်ခင်းများအတွက် လယ်ယာ မြေစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်၏ ထောက်ခံချက် ပါဝင်သော်လည်း ပုံစံ(၇)မိတ္တူဖြင့် ချေးငွေထုတ်ချေးမရသည့် အခက်အခဲတောင်သူများကြုံတွေ့နေ ကြောင်း ဦးညီညီထွန်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ကသာမြို့နယ်တွင် ၂၀၁၂ လယ်ယာမြေ ဥပဒေထွက်ပြီး နောက် ယခင်အစိုးရစီမံချက်ဖြစ်သည့် တောင်သူများ၏ လယ်ယာ မြေများကို သုံးလအတွင်း ပုံစံ (၇) ထုတ်ပေးရေး စီမံချက်ချမှတ် ဆောင်ရွက်ခဲ့သည်။ ထိုစီမံချက် ၏ အားနည်းချက်ဖြစ်သော မြေတိုင်းစာရေးများ မပြည့်စုံခြင်း နှင့် အချိန်ကာလတိုတောင်းခြင်း ကြောင့် လယ်ယာမြေများကို တိုင်းတာချိန် မလုံလောက်သဖြင့် လယ် ပုံစံ(၇)ကို ယာပုံစံ (၇)အဖြစ် ထွက်ခြင်းများရှိကြောင်း ၎င်းက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ၂၀၁၇ အထိ ပုံစံ(၇)မူ ရင်း မသိမ်းယူမီ မြေပြင်အမှန်တွင် စိုက်ပျိုးနေသော သီးနှံဧကကို ကျေးရွာနှင့် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့် ထောက်ခံချက်ဖြင့် ချေးငွေထုတ်ပေးကာ အဆင်ပြေချောမွေ့ ခဲ့သည်။

 

Credit:  7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service