ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင်မြေ၊ အဆောက်အအုံ၊ ပန်းခြံငှားရမ်းခများသည် အဆမတန် နည်းပါးနေသဖြင့် ငှားရမ်းခအား ပြင်ဆင်သတ်မှတ်နိုင်ရေး လုပ်ဆောင်သင့်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက ထောက်ပြ - Property News in Myanmar from iMyanmarHouse.com
640 Views

ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင်မြေ၊ အဆောက်အအုံ၊ ပန်းခြံငှားရမ်းခများသည် အဆမတန် နည်းပါးနေသဖြင့် ငှားရမ်းခအား ပြင်ဆင်သတ်မှတ်နိုင်ရေး လုပ်ဆောင်သင့်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက ထောက်ပြ

ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် မြေ၊ အဆောက်အအုံ၊ ပန်းခြံများ ငှားရမ်းခသည် အဆမတန် နည်းပါးနေသဖြင့် အခါအားလျော်စွာ ငှားရမ်းခများ ပြင်ဆင်သတ်မှတ်နိုင်ရေး လုပ်ဆောင်သင့်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ၊ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

အဆိုပါကိစ္စအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား လွှတ်တော်တွင် ဖတ်ကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ထောက်ပြထားတဲ့ အဓိကပေါ်လွင် ထင်ရှားတဲ့အချက်တွေကို ယခင်နှစ် အစီရင်ခံစာမှာလည်း ထောက်ပြခဲ့တဲ့အတိုင်း ငှားရမ်းခနှုန်းထားများက ကာလပေါက်ဈေးထက် အဆမတန် နည်းပါးနေတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေ များစွာ နစ်နာနေတာကို ဖော်ပြထားပါတယ်”ဟု ဦးတင့်လွင် ကပြောကြားသည်။

ထို့ပြင် စာရင်းစစ် အစီရင်ခံစာတွင် ငှားရမ်းခများကို ကာလပေါက်ဈေးဖြင့် နှိုင်းယှဉ် ဖော်ပြခြင်းသည် ပေါ်လွင်စေသည့် သဘောထားဖြစ်ပြီး ယင်းကာလပေါက်ဈေးအတိုင်း ငှားရမ်းရသည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ငှားရမ်းခများ တိုးမြှင့်ခြင်းအတွက် ပြည်သူများအပေါ် ထပ်ဆင့်ထိခိုက်လာနိုင်သည့် သက်ရောက်မှုများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။

“ငှားရမ်းခတွေ အဆမတန် နည်းပါးနေတာတွေကို ယခင်နှစ် အစီရင်ခံစာ ထောက်ပြချက်အတိုင်း ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ ပြီးတော့ အခါအားလျော်စွာ ထပ်မံပြင်ဆင် သတ်မှတ်နိုင်ရေးကို ဆောင်ရွက်ရန် လိုအပ်တယ်လို့ ယူဆပါတယ်။ အခုလို ဆောင်ရွက်ရာမှာ စာရင်းစစ် အစီရင်ခံစာပါအတိုင်း ကာလပေါက်ဈေးဖြင့် သတ်မှတ်ကောက်ခံရမည် မဟုတ်ဘဲနဲ့ ကာလပေါက်ဈေးရဲ့ ရာခိုင်နှုန်း ၇၀၊ ၇၅ ရာခိုင်နှုန်း စသဖြင့် သင့်တော်သော နှုန်းထားဖြင့် ဆောင်ရွက်ဖို့ အကြံပြုပါတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။

ထို့ပြင် ငှားရမ်းခ စာချုပ်များကိုလည်း ပြန်လည်စိစစ်ရန် လက်ရှိ လုပ်ငန်းလုပ်ကိုင်သူများကို ပယ်ဖျက်ပြီး အသစ်ငှားရမ်းရမည်ဟု မဆိုလိုကြောင်း၊ လက်ရှိ လုပ်ငန်းရှင်များကိုပင် သဘာဝကျသည့် ငှားရမ်းခနှုန်းထားများ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ငှားရမ်းခ ပြန်လည်သတ်မှတ်ခြင်းကာလများနှင့် နှစ်ဦးနှစ်ဖက် နှစ်စဉ်ပြန်လည် သုံးသပ်ပြီး ငှားရမ်းခနှုန်းထား သတ်မှတ်သော သဘောတူညီချက်မျိုးဖြင့် အစားထိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး ယခင်နှစ် အတွေ့အကြုံများအရ ပြည်သူ့ငွေစာရင်းကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ကြပြီး ယင်းစိစစ်ချက်များအပေါ် ညှိနှိုင်းပြင်ဆင်နိုင်သည်များကို တိုင်းဒေသကြီးအစိုရ၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာများအတွင်း ပြုပြင်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့ပြုပြင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း လွှတ်တော်နှင့်တကွ ပြည်သူ့ငွေစာရင်းကော်မတီမှ သိရှိနိုင်ခွင့် အားနည်းခဲ့သဖြင့် မည်မျှ ညှိနှိုင်းပြုပြင်ထားပြီး ဖြစ်ကြောင်း မသိရှိနိုင်ဘဲ ဖြစ်ခဲ့ရကြောင်း ဦးတင့်လွင်က ပြောကြားသည်။

“ယခင်နှစ်က ငှားရမ်းခ နှုန်းထားတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက လပိုင်းအတွင်း ပြင်ဆင်ခဲ့ပါလျက် ပြည်သူ့ငွေစာရင်းကော်မတီက မသိရှိခဲ့ရခြင်းမျိုး ရှိပါတယ်။ ဒါကြောင့် စာရင်းစစ် အစီရင်ခံစာအပေါ် သက်ဆိုင်ရာဌာနများက ပြုပြင်ဆောင်ရွက်ထားမှုများကို အခါအားလျော်စွာ ပြန်လည်သိရှိခွင့် ရနိုင်တဲ့ အခွင့်အလမ်းများကို ညှိနှိုင်းဆက်သွယ် ရယူလိုပါတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service