ကျန်းမာရေး ၀န်ထမ်းများအတွက် ယခုနှစ်အတွင်း ဆောက်လုပ်ရန်လျာထားသည့် ၀န်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၀၀ ကျော် ဆောက်လုပ်ပြီးစီး - Property News in Myanmar from iMyanmarHouse.com
968 Views

ကျန်းမာရေး ၀န်ထမ်းများအတွက် ယခုနှစ်အတွင်း ဆောက်လုပ်ရန်လျာထားသည့် ၀န်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၀၀ ကျော် ဆောက်လုပ်ပြီးစီး

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနအောက်ရှိ ၀န်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်လျက်ရှိရာ ယခုနှစ်အတွင်း ဆောက်လုပ်ရန် လျာထားသည့် ၀န်ထမ်းအိမ်ရာများအနက် အခန်းပေါင်း ၃၆၄၄ ခန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဘဏ္ဍာနှစ်တွင် အိမ်ရာအလုံးပေါင်း ၃၈၀ ကျော်ဆောက်လုပ်ရန် လျာထားခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဆောက်လုပ်လျက်ရှိသည့် အိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ၀န်ထမ်းများအတွက် အိမ်ရာပေါင်း ၂၉၄ ခု (အိမ်ခန်းပေါင်း၂၉၇၇ ခန်း)၊ ပြည်သူ့ကျန်းမာရေး ၀န်ထမ်းများအတွက် အိမ်ရာပေါင်း ၅၈ ခု (အိမ်ခန်းပေါင်း ၁၆၂ ခန်း)၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာပေါင်းတစ်ခု (အိမ်ခန်းပေါင်း ၃၆ ခန်း)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအတွက် အိမ်ရာပေါင်း၂၇ ခု (အိမ်ခန်းပေါင်း ၄၀၀)၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအတွက် အိမ်ရာတစ်ခု (အိမ်ခန်းတစ်ခန်း)တို့ ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

“၀န်ကြီးဌာနအနေနဲ့ ၀န်ထမ်းတွေရဲ့ နေထိုင်ရေး အဆင်ပြေစေဖို့ ဒီ ၂၀၁၈ ခုနှစ်ကို ၀န်ထမ်းအိမ်ရာများ ဦးစားပေး ဆောက်လုပ်မည့်နှစ်အဖြစ် သတ်မှတ်လုပ်ဆောင် နေပါတယ်။ ဒီလိုဆောက်လုပ်တဲ့အခါ သတ်မှတ်ချက်နှင့်အညီ နိုင်ငံတော်က ခွင့်ပြုခွဲဝေရရှိသော ဘဏ္ဍာငွေအပေါ် မူတည်ပြီး ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ဘဏ္ဍာနှစ်နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွေမှာ ဦးစီးဌာန အသီးသီးက ဆောက်လုပ်ရန်လျာထားတဲ့ ၀န်ထမ်းအိမ်ရာနဲ့ ပြီးစီးမယ့် ခန့်မှန်းဝန်ထမ်းအိမ်ရာ စာရင်းကို တွက်ချက်ထားပါတယ်။ အခုခြောက်လ ကာလတို ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီး ပြည်နယ်အားလုံးမှာ ၀န်ထမ်းအိမ်ရာပေါင်း ၃၈၁ ခု ဆောက်လုပ်နေပါတယ်။ လာမယ့် ဘဏ္ဍာနှစ်မှာလည်း ဆက်လက် ဆောင်ရွက်မယ့် အိမ်ရာတွေကိုလည်း တွက်ချက်ထားပြီး ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

Credit: Eleven Media Group

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service