စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံသားများ ဘဏ်၏အမြတ်လျော့ကျ - Property News in Myanmar from iMyanmarHouse.com
1279 Views

စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံသားများ ဘဏ်၏အမြတ်လျော့ကျ

ရန်ကုန်စတော့အိတ်ချိန်းတွင် ဝင်ရောက်ထားသည့် အများပိုင်ဘဏ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံသားများ ဘဏ်၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အမြတ်ရရှိမှုမှာ ယခင်နှစ်ထက် ကျပ် ၃ ဒသမ ၈ ဘီလီယံကျော် လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်က အခွန်မဆောင်မီ အမြတ်ငွေ ပမာဏမှာ ကျပ် ၇ ဒသမ ၈၁၇ ဘီလီယံရရှိခဲ့ရာမှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၉၅၈ ဘီလီယံသို့ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံသားများဘဏ်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အပ်ငွေပမာဏများ တိုးတက်လာသော်လည်း ချေးငွေများကို စည်းစနစ်ကျအောင် ပြုလုပ်၍ ထုတ်ချေးမှု နှေးကွေးသွားခဲ့သောကြောင့် အမြတ်ဝေစုပမာဏ အနည်းငယ်လျော့ကျခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သောင်းဟန်က ရှင်းပြသည်။

"အဲလိုပြင်လိုက်တော့ Process အသစ်နဲ့ Run တာဖြစ်တဲ့အတွက်ကြောင့် ချေးငွေထုတ်ချေးခြင်းတွေ နှေးသွား တယ်။ အပ်ငွေက ထိုးတက်လာတယ်။ချေးငွေက လိုက်မထိုးတက်လာတဲ့အတွက် အဲ့ကြားမှာ Gap ဖြစ်သွားပြီး တော့ အဲဒါကအမြတ်ငွေ တော်တော်များများဖြစ်သင့်တယ်ဟာကို ယူသွားတာဖြစ်တယ် "ဟု အမှုဆောင်အရာရှိ ချုပ် ဒေါက်တာသောင်းဟန်က ရှင်းပြသည်။

ဘဏ်၏ ချေးငွေများအတွက် စည်းစနစ်ကျအောင်ပြုလုပ်၍ ထုတ်ချေးခြင်းမှာ ၂၀၁၈ ဇူလိုင်လမှ ဒီဇင်ဘာလ အထိဖြစ်ကြောင်း သိရသည်။

" ပြီးခဲ့တဲ့ ဇူလိုင်ကနေ ဒီဇင်ဘာအထိကို Safe Side ကစားတာလွန်သွားတယ်။ ဇန်နဝါရီရောက်မှ ပြန်ပြီးဖွင့်ကစားရတာဖြစ်လာတဲ့အတွက် ဒီခြောက်လမှာတော့ ပြန်ပြီးထိုးတက်လာတော့ပေါ့ " ဟု ဒေါက်တာသောင်းဟန်က ရှင်းပြသည်။

ထို့အတူ ဘဏ်၏ အမြတ်ဝေစုခွဲဝေပေးမှုပမာဏအဖြစ် ကျပ်သန်း ၂၀၈၀ ကျော်ကို ပြန်လည်ခွဲဝေပေးမည် ဖြစ်ပြီး အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၂၀၀ ရရှိမည်ဖြစ်သည်။

သို့သော် ယင်းအမြတ်ဝေစုခွဲမှုပမာဏသည် ယခင်နှစ်က ခွဲဝေပေးမှုထက် လျော့ကျခဲ့ပြီး ယခင်နှစ်ကမူ အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၃၀၀ ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းသို့ဝင်ရောက်ထားသည် မြန်မာနိုင်ငံသားများဘဏ်သည် အစုရှယ်ယာရှင်ပေါင်း ၁၈၆၇ ဦးအထိရှိပြီး Capital Financial Holding လီမိတက်က ရှယ်ယာအများဆုံးပိုင်ဆိုင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှယ်ယာ ၉ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်သည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service