ရွှေအလေးချိန်တွက်ချက်မှု လာမည့်နှစ်တွင် တစ်ပြေးညီပြောင်းလဲသတ်မှတ်မည် - Property News in Myanmar from iMyanmarHouse.com
1716 Views

ရွှေအလေးချိန်တွက်ချက်မှု လာမည့်နှစ်တွင် တစ်ပြေးညီပြောင်းလဲသတ်မှတ်မည်

၂၀၁၉ ဇန်န၀ါရီ ၁ ရက်ကစ၍ မြန်မာနိုင်ငံတစ်ဝန်း ရွှေအလေးချိန်တွက်ချက်မှုပုံစံ တစ်ပြေးညီသတ်မှတ်ကျင့်သုံးရန်  ပြည်နယ်နှင့်တိုင်းလေးခုမှ ရွှေလုပ်ငန်းရှင်အသင်းများ စုပေါင်းဆွေးနွေးပြီးနောက် အတည်ပြုနိုင်ခဲ့ကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

လက်ရှိတွင် ရွှေအလေးချိန် တွက်ချက်မှုကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် အစရှိသည့် အထက်မြန်မာပြည်ရှိ ပြည်နယ်နှင့် တိုင်း လေးခု၌ တစ်ပဲလျှင် ၇ဒသမ၅ ရွေးဖြင့် တွက်ချက်နေပြီး ရန်ကုန်အပါအ၀င်အောက်မြန်မာပြည်ရှိ မြို့အားလုံးနီးပါးတွင် တစ်ပဲလျှင် ရှစ်ရွေးဖြင့်သာ တွက်ချက်နေသဖြင့် တစ်ပြေးညီဖြစ်စေရန် ပြောင်းလဲကျင့်သုံးရန် အတည်ပြုဆုံးဖြတ်ခြင်း ဖြစ်သည်။

‘‘နိုင်ငံခြားကို ရွှေတင်ပို့တာ၊ တင်သွင်းတာတွေ လုပ်တဲ့အခါမှာ တစ်နိုင်ငံလုံး အလေးချိန်တွက် ချက်မှု ပုံစံတူညီမှသာ လုပ်ငန်းဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းလေးခုမှာပဲ ခုနစ်ရွေးခွဲနဲ့ ရောင်းဝယ်မှုတွေပြုလုပ်နေတာ ဖြစ်တာပါ။ ကျန်တဲ့ မြို့တွေအားလုံးနီးပါး မှာက ရှစ်ရွေးနဲ့ပဲ လုပ်နေတာဖြစ်တဲ့အတွက် အားလုံးတူညီသွား အောင် ပြောင်းလဲဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်’’ဟု ဦးတင်ထွန်းက ပြောသည်။

လက်ရှိတွင် ရွှေအလေးချိန် တွက်ချက်မှုပုံစံများအရ ရှစ်ရွေး ဖြင့်တွက်သည့် အောက်မြန်မာ ပြည်၌ ရွှေတစ်ကျပ်သားလျှင် ၁၂၈ ရွေးအထိ ရှိနေပြီး ခုနစ်ရွေး ခွဲဖြင့် တွက်ချက်သည့် အထက် မြန်မာပြည်တွင် တစ်ကျပ်သား လျှင် ၁၂၀ ရွေးသာရှိသဖြင့် တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရေး ပြောင်းလဲရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

ရွှေအလေးချိန် တစ်ပြေးညီ သတ်မှတ်နိုင်ရေး စက်တင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဦးစီးကာအထက်မြန်မာပြည်ရှိ ရွှေဆိုင်များ၊ ရွှေပန်းထိမ်လုပ်ငန်းများ၊ ရွှေသန့်စင်ဖိုများ၊ ရွှေအပေါင်ဆိုင် များ၊ ရွှေဆိုင်လုပ်ငန်းများအစရှိသည့် ရွှေနှင့် ပတ်သက်သည့် လုပ်ငန်းများအားလုံးကို ဖိတ်ခေါ်ဆွေးနွေးကာ အတည်ပြုသတ်မှတ်ခြင်း ဖြစ်သည်။

‘‘ရှစ်ရွေးနဲ့ ခုနစ်ရွေးကွာတဲ့ အတွက် ရန်ကုန်မှာလည်း ပြဿနာအများကြီးရှိပါတယ်။ ဆူးလေ ဘုရားမှာ ရွှေသွင်းတဲ့အခါမှာ မန္တလေးက ခုနစ်ရွေးခွဲနဲ့ ၀ယ်ပြီး ရန်ကုန်မှာ ပြန်ရောင်းတဲ့အခါ ရှစ် ရွေးနဲ့ တွက်တဲ့အတွက် ရွှေကွာဟမှုဖြစ်နေတယ်ဆိုပြီး လျော်ခိုင်း တာမျိုးတွေ ရှိပါတယ်။ မြန်မာ တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်သွား  ရင်တော့ လုပ်ရတာ အဆင်ပြေ သွားမှာပါ’’ဟု ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုး မြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် ဗဟိုရွှေဈေးကွက်တစ်ခုအကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်နေသဖြင့် ရွှေအလေးချိန် တွက်ချက်မှုများသည် နိုင်ငံတစ်ဝန်း အားလုံးတစ်ပြေးညီဖြစ်စေရန် လိုအပ်သဖြင့် ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွှေအလေးချိန်တွက်ချက်မှု ပုံစံကို ၂၀၁၉ ဇန်န၀ါရီ ၁ ရက်ကစတင်ကာ တစ်ပဲလျှင် ရှစ်ရွေးဖြင့် ပြောင်းလဲတွက်ချက်မည်ဖြစ်ကြောင်း သတင်းစာများတွင် ကြေညာမည်ဖြစ်ပြီး အဆိုပါစနစ်ကို ပြောင်းလဲပြီးနောက်ပိုင်းယခင်က ခုနစ်ရွေးခွဲဖြင့် တွက်ကာ ရောင်းချထားသည့် ရွှေများကိုမူ ၀ယ်ယူထားသူများ နစ်နာမှုမရှိစေရန် ခုနစ်ရွေးခွဲဖြင့် တွက်ချက်၍ ပြန်လည်ဝယ်ယူမည် ဖြစ်ကြောင်း ဦးတင်ထွန်းက ပြောသည်။

‘‘စပြီးပြောင်းလဲခါစမှာတော့ရွှေဆိုင်တွေမှာ အခက်အခဲရှိနိုင် တဲ့အတွက်အသင်းကနေ တစ်နိုင် ငံလုံးကို တစ်ပြေးညီသတ်မှတ်ပါတယ်ဆိုတဲ့ စာကိုထုတ်ပေးရပါ မယ်။ ၂၀၁၉ ဇန်န၀ါရီကစပြီး ရှစ်ရွေးနဲ့ ရောင်းဝယ်မှုတွေစတင်ပြု လုပ်မယ်ဆိုပေမယ့် အရင်ရောင်းထားပြီးသား ဟာတွေကိုတော့ ရောင်းသူရော ၀ယ်သူပါ နစ်နာမှုမရှိစေဖို့ ခုနစ်ရွေးခွဲနဲ့ပဲ တွက်ပြီး ပြန်ဝယ်ယူပေးရမှာ ဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းစိန်က ပြောသည်။

 

Credit:  7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service