ကမ္ဘာတစ်လွှားရှိအလွန်ထူးဆန်းသော နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
3021 Views

ကမ္ဘာတစ်လွှားရှိအလွန်ထူးဆန်းသော နေအိမ်များ

ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာကြီးသည် ဆန်းကြယ်မှုများ၊ လျှို့ဝှက်နက်နဲမှုများဖြင့် အတိပြီး နေသည်။ သဘာဝ၏ ဆန်းကြယ်မှုများရှိသကဲ့သို့ လူသားတို့ဖန်တီးသည့် ဆန်းကြယ် မှုများလည်း ရှိသည်။ အောက်တွင် ကမ္ဘာပေါ်တွင် အလွန်ထူးဆန်းသည့်နေအိမ်များရှိနေသည်ကို ရှာဖွေတင်ပြလိုက်ပါသည်။

၁။ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှ ၁၆၀ ကီလိုမီတာ(၉၉မိုင်) ဝေးကွာသောနေရာတွင် ဘာဂျီနာ ဘက်စ်တာအမည်ရှိ မြို့ ကလေးဘေးတွင် ဒရိုင်နာအမည်ရှိ မြစ်တစ်စင်း စီးဆင်းနေ၏။အဆိုပါမြစ်အတွင်းရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် နေအိမ်တစ်လုံး ထူးဆန်းစွာတွေ့ရပုံကို ၂၀၁၃ ခုနှစ်၊ မေလ ၂၂ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် လူငယ်သူငယ်ချင်းတစ်စုက ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။ နေအိမ် ဆောက်လုပ်ရာတွင် ပါဝင်ခဲ့ပြီး ပူးတွဲပိုင်ရှင်ဖြစ်သူတစ်ဦးက ပြောကြားရာတွင် မြစ်အတွင်းရှိ ကျောက် တုံးကြီးသည် ခိုလှုံရာ နေရာငယ်တစ်ခု ဆောက်လုပ်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်ဟု ဆုံးဖြတ်ကာ နေအိမ်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

၂။ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ တော်၏ တောင်ဘက် ၄၆ ကီလိုမီတာ ( ၂၉ မိုင်) ခန့် ဝေးကွာသော ဆူဝန်မြို့တွင် ဘိုထိုင်အိမ်သာ ပုံစံဆောက်လုပ်ထားပြီး ဟေးဝူဂျေး (Haewoojae ) ဟု အမည်ပေးထားသည့် နေအိမ်ကြီးကို ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ ဖြစ်သည်။

ရှင်ကျေးဒတ်အမည်ရှိသူက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဂိုဂျီဝူက ဒီဇိုင်းရေးဆွဲပေးခဲ့သည်။ ကျေးဒတ်က သူနှစ်ပေါင်း ၃၀ ခန့် နေထိုင်ခဲ့သော နေအိမ်ကို ဖြိုချကာ အိမ်သာပုံ ယခုနေအိမ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဟေးဝူဂျေးဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကမ္ဘာ့အိမ်သာအသင်းတည်ထောင်မှု ကို ဂုဏ်ပြုရန်အတွက် ယခုနေအိမ်ကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ နေအိမ် ၏ အမည် ဟေးဝူဂျေးမှာ ကိုရီးယားဘာသာအရ “စိုးရိမ်သောကများကို ဖြေရှင်းပေးနိုင်မည့် ခိုလှုံရာနေရာ” ဟု အဓိပ္ပာယ်ရသည်။ အိမ်သာသည် ထိုသို့သော နေရာမျိုးတစ်ခုဖြစ်သည်ဟု ရှင်ကျေး ဒတ်က ယုံကြည်သည်။

၃။ လက်ဘနွန်နိုင်ငံ၊ မိုင်ဇီယာရာကျေးရွာ (Miziara, Lebanon ) တွင် ထူးဆန်းသော လေယာဉ် အိမ်ကြီးကို ၂၀၁၅ ခုနှစ်၊ မေလ ၁၂ ရက်က တွေ့မြင်ခဲ့ရသည့် ဓာတ်ပုံဖြစ်သည်။ မိုင်ဇီယာရာ ကျေးရွာရှိ လူနေအိမ်များမှာ ရှေးခေတ်ဂရိဘုရားကျောင်းဟန်၊ အီဂျစ်ရှေးလက်ရာဟန်များဖြစ်ပြီး ယခုနေအိမ်ကြီးမှာမူ Airbus A380 လေယာဉ်ကြီးအသွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

၎။တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့တွင် ၁၉ ထပ်တိုက်ကြီး၏ ထိပ်ဆုံးခန်းတွင် သစ်ပင်များဖုံးလွှမ်းနေစေကာ တရားမ၀င်ဆောက်လုပ်ထားသည့် အခန်းတစ်ခန်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်က တွေ့မြင်ရပုံဖြစ်သည်။ ဒေသတွင်း အာဏာပိုင်တို့က အဆိုပါလူနေခန်းဆောက်လုပ် မှုကို ၂၀၁၂ ခုနှစ်ကတည်းက သတိပြုမိခဲ့သော်လည်း ထိုစဉ်ကတည်းကပင် ပိုင်ရှင်ကို ရှာမတွေ့ခဲ့ဟု ဆိုသည်။

၅။ပြင်သစ်နိုင်ငံ အရှေ့မြောက်ဘက်၊ စထရက်စ်ဘော့ဂ်ျမြို့အနီး ကော့စ်ဝိုင်လာအရပ်တွင် အလွန်ကြီးမားသည့် နေနာရီကြီးအသွင် ဆောက်လုပ်ထားသည့် နေအိမ်ကြီးကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်က မှတ်တမ်းတင်ထားခဲ့သည့် ဓာတ်ပုံဖြစ်သည်။

၆။အမိုးခုံးအိမ်ငယ်ပေါင်း ၇၀ ခန့် တစုတဝေးတည်း ဆောက်လုပ်ထားသည့် ထူးဆန်းသည့် နေရာတစ်ခု ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ရှေးဟောင်းမြို့ တော်တစ်ခုဖြစ်သော ယိုဂျားကာတာအနီး ရှိ ဆမ်ဘာဟာဂျိုးကျေးရွာတွင် ငလျင်ကြီး လှုပ်ခတ်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက် အမေရိကန်အခြေစိုက် Domes for the World ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုဓာတ်ပုံမှာ ၂၀၀၇ ခုနှစ်၊ မေလ ၈ ရက်က ရိုက်ကူးခဲ့သည့်ဓာတ်ပုံဖြစ်သည်။

၇။အိုင်ဗရီကို့စ်နိုင်ငံ၏ မြို့တော် အဘစ်ဂျန်တွင် သီယာရိ အတ္တအမည်ရှိသူတစ်ဦးက နေအိမ် ခြံဝန်းအတွင်း မိချောင်းပုံနေအိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်။ မိုဆာကာလိုက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ။

 

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service