၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် JICA ချေးငွေဖြင့် ပြည်တွင်း SME လုပ်ငန်းများကို ကျပ် ၁၅၁ ဒသမ ၆၈၅ ဘီလျံခန့်ချေးငွေထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1244 Views

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် JICA ချေးငွေဖြင့် ပြည်တွင်း SME လုပ်ငန်းများကို ကျပ် ၁၅၁ ဒသမ ၆၈၅ ဘီလျံခန့်ချေးငွေထုတ်ပေးမည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( JICA ) မှရယူသော တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ချေးငွေဖြင့် ပြည်တွင်း SME လုပ်ငန်းများကို ဂျပန်ယမ်း ၁၁ ဒသမ ၆ ဘီလျံနှင့် ညီမျှသော (ကျပ် ၁၅၁ ဒသမ ၆၈၅ ဘီလျံ)ခန့်ကိုချေးငွေထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ယခုနှစ် စက်တင်ဘာလအတွင်း၌လည်း ချေးငွေ ဂျပန်ယမ်း၃ဘီလျံနှင့် ညီမျှသော ကျပ် ၃၆ ဘီလျံခန့်ကို ပြည်တွင်းဘဏ်များဖြစ်သည့် အသေးစားအလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး ဘဏ် (SMIDB)၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီ ဘဏ်တို့မှ တစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသို့ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ စက်တင်ဘာ ၅ရက်နေ့တွင် ကြေညာခဲ့သည်။

" ဘယ်ဒေသကိုဦးစားပေး ချေးပေးမယ်ဆိုပြီး မသတ်မှတ်ထားဘူး။ ဘောင်ဝင်တဲ့ SME တွေကို ချေးမှာပါပဲ " ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆိုသည်။ အဆိုပါချေးငွေကို ၂၀၁၅ ခုနှစ် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင် ပါရှိသည့် SME သတ်မှတ်ချက်နှင့်ကိုက်ညီသော ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ လုပ်သားအခြေပြုလုပ်ငန်း၊ လက်လီရောင်းဝယ်ရေး လုပ်ငန်း၊လက္ကားရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လျှောက်ထား နိုင်မည်ဖြစ် သည်။

JICA နှစ်ဆင့်ခံ ချေးငွေစီမံကိန်းတွင် ချေးငွေလျှောက်ထားရန် အကျုံးမဝင်သည့်လုပ်ငန်းများမှာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့်အာမခံလုပ်ငန်းများ၊ အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ၊ အရက်ဆိုင်များနှင့်ပျော်ပွဲစားရုံလုပ်ငန်း၊ဖြေဖျော်မှု၊ တင်ဆက်မှုလုပ်ငန်းများ လက်နက်၊ ခဲယမ်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းများဖြစ်ပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေး ပြည့်မီမှု ရှိသော လယ်သမားများအား ချေးငွေထုတ်ချေးပေးမည်မဟုတ်ကြောင်း သိရသည်။

SME လုပ်ငန်းတစ်ခုသို့ ထုတ်ချေးပေးမည့် ငွေပမာဏကို အများဆုံး ငွေကျပ် သန်း၅၀ဝ သတ်မှတ်ထားပြီး၊ ချေးငွေအတိုးနှုန်းကို တစ်နှစ်လျှင် ၈ ဒသမ ၅ရာခိုင်နှုန်း သတ်မှတ်ထားကာ ချေးငွေ သက်တမ်းမှာ ၃နှစ်အထက်မှ ၅နှစ်အထိဖြစ်သည်။ မြန်မာ့စီးပွားရေးဘဏ်မှ SME လုပ်ငန်းများအား ဘဏ္ဍာငွေ ပံ့ပိုးကူညီရန် JICA မှတရားဝင် ဖွံ့ဖြိုးမှုအကူအညီချေးငွေ (ODA)ရယူ၍SME) နှစ်ဆင့်ခံချေးငွေစီမံကိန်း ပထမအဆင့်ကို ၂၀၁၅ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပထမအဆင့်ထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသည့် အရင်းငွေများအား လှည့်ပတ်ရန်ပုံ ငွေစာရင်းတွင်ထားရှိ၍ ပြည်လည်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ ပထမအဆင့်တွင် လုပ်ငန်းရှင် ၃၀ဝကျော် ကို ချေးငွေ ကျပ် ၆၇ဘီလျံခန့်ချေးငွေ ထုတ်ပေးခဲ့သည်ဟု ဒေါ်အေးအေးဝင်းက ဆိုသည်။ JICA SME Two- Step Loan စီမံကိန်း ဒုတိယအဆင့်တွင် ချေးငွေ ဂျပန်ယန်း ၁၄၉၄၉သန်း ချေးယူရန် ယခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ချေးငွေစာချုပ်အား မတ်၂၉ရက်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

 

Credit: The Myanmar Times

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service