MTSH ကုမ္ပဏီက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ညှိနှိုင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
1254 Views

MTSH ကုမ္ပဏီက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ညှိနှိုင်းနေဟုဆို

သီလဝါအထူးစီးပွားရေး ဇုန်ကို အကောင်အထည်ဖော်ခွင့် ရသည့် MTSH ကုမ္ပဏီက တရုတ် CITIC ကုမ္ပဏီနှင့် ပူးပေါင်း၍ ကျောက်ဖြူအထူးစီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံရန် ဆန်းစစ်ညှိ နှိုင်းနေကြောင်း အဆိုပါကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

MTSH ကုမ္ပဏီသည် ရန် ကုန်မြို့ သီလဝါတွင် သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာ- ဂျပန်အစိုးရအပါအဝင် ဂျပန် ကုမ္ပဏီကြီးသုံးခုနှင့် ပူးပေါင်းအကောင်အထည်ဖော်ခွင့်ရထား သည့် ကုမ္ပဏီဖြစ်သည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် အများပိုင်ကုမ္ပဏီ လည်းဖြစ်သည်။

‘‘ကျွန်တော်တို့ရဲ့ အောင် မြင်ခဲ့သော အတွေ့အကြုံတစ်ခု ဖြစ်တဲ့ သီလဝါအထူးစီးပွားရေး ဇုန် ဖော်ထုတ်ခဲ့ခြင်းနှင့် အလားသဏ္ဌာန်တူ ရင်းနှီးမြှုပ်နှံမှု ပုံစံ တစ်ခုဖြစ်လာနိုင်ပါတယ်’’ဟု ဦးဝင်းအောင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက ၂၀၁၅ တွင် တင်ဒါ အောင်မြင်ခဲ့ပြီး မြန်မာအစိုးရနှင့် မူဘောင်သဘောတူညီမှုကို စက်တင်ဘာအတွင်း ရေးထိုးရန် သဘောတူထားသည်။

အဆိုပါ စီမံကိန်းသည် ဒေါ် လာ ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ သော်လည်း မြန်မာအစိုးရက ဒေါ် လာ တစ်ဘီလီယံမှ နှစ်ဘီလီယံကြားဖြင့် စတင်မည်ဖြစ်သည်။ ထိုစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တို့ ပါဝင်မည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နည်းတူ တရုတ်အစိုးရနှင့် အကောင်အထည်ဖော်မည့် ကချင် ပြည်နယ် မြစ်ကြီးနား စီးပွားဖွံ့ ဖြိုးရေးဇုန် စီမံကိန်းလည်း ရင်းနှီး မြှုပ်နှံရန် ဆွေးနွေးညှိနှိုင်းနေသည် ဟု ဦးဝင်းအောင်က ပြောသည်။

မြေဧက ၄,၇၀၀ ကျယ်ဝန်းသည့် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေး ဇုန်စီမံကိန်းအတွက် ကချင်ပြည် နယ်အစိုးရနှင့် တရုတ်ယူနန်ထိန် ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ လီမိတက်တို့အကြား နားလည်မှု စာချွန်လွှာ မေလတွင် ရေးထိုးခဲ့သည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ရန် ပြည်နယ်အစိုးရ က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ရန် စီစဉ်ထားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service