တရုတ်ပြည်၏ အံ့ဘနန်း မြို့ ပြတည်ဆောက်မှု - Property News in Myanmar from iMyanmarHouse.com
1000 Views

တရုတ်ပြည်၏ အံ့ဘနန်း မြို့ ပြတည်ဆောက်မှု

မြို့ပြတည်ဆောက်မှုသည် ယနေ့ခေတ် ကမ္ဘာ၏ အနာဂတ်ဖြစ်သည်ဟု ဆိုကြပါ၏။ အဘယ်ကြောင့်ဆိုသော် မြို့ပြသည် တိုင်းပြည် ၏ ကုန်ထုတ်လုပ်မှု စွမ်းအား (Producti-vity) ကို တိုးတက်မြင့်မားစေသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ နိုင်ငံတိုင်းလိုလိုက မြို့ပြဖော်ဆောင်မှုကို ဦးစားပေး လုပ်ဆောင်လာခဲ့ကြသည်။ သို့မို့ကြောင့် ကမ္ဘာပေါ်တွင် မြို့ပြနေလူဦးရေသည် အတိုင်း ထက်အလွန် တိုးတက်ပြည့်သိပ်လာခဲ့ သည်။ ဖြစ်နိုင်ဖွယ်ရာ အဓိက အကြောင်း အရင်းတစ်ခုမှာ အလုပ်အကိုင်ရှားပါး သော ကျေးလက်၌ နေထိုင်ကြသူများ သည် အလုပ်အကိုင်ပေါများသော မြို့ပြ သို့ ရွှေ့ပြောင်းနေထိုင်ကြမှု တိုးတက် များပြားလာသည့်အတွက် ဖြစ်၏။

မြို့ပြနေလူဦးရေသည် ၂၀၅၀ ပြည့်နှစ်ရောက်လျှင် နောက်ထပ် ၂.၅ ဘီလီယံ တိုးတက်လာဦးမည်ဟု ကုလ သမဂ္ဂ (UN )က ဆိုသည်။ ယင်းသို့ တိုး တက်မှု၏ ၉၀ ရာခိုင်နှုန်းသည် အာရှနှင့် အာဖရိကတို့၌ ဖြစ်လာမည်ဟု ထောက် ပြသည်။ ယင်းတွင် အာရှ၏ မြို့ပြနေ လူဦးရေ တိုးတက်မှုက ၁.၅ ရာခိုင်နှုန်း ဖြစ်ပြီး၊ အာဖရိက၏မြို့ပြလူဦးရေ တိုးတက် မှုက ၁.၁ ရာခိုင်နှုန်းဖြစ်၏။ အာရှနှင့် အာဖရိက တိုးတက်မှုနှင့် နှိုင်းစာလျှင် ဥရောပနှင့် အမေရိကတို့၌ မြို့ပြနေ လူဦးရေ တိုးတက်မှုမှာ မဆိုစလောက် ၀.၄ ရာခိုင်နှုန်းသာရှိမည်ဖြစ်၏။

တရုတ်ပြည်၏ မြို့ပြတည်ဆောက်မှု

ယနေ့ခေတ်တွင် ဇယ်စက်သလို မြို့ပြတည်ဆောက်လျက်ရှိသော နိုင်ငံမှာ တရုတ်ပြည်ဖြစ်သည်။ ယနေ့ကမ္ဘာတွင် မြို့ပြတည်ဆောက်ရာ၌ တရုတ်ကို လိုက် မီသည့်နိုင်ငံ တစ်နိုင်ငံမျှမရှိသေးပေ။ တရုတ်၏ မြို့ပြများ တည်ဆောက်ထူ ထောင်မှုမှာ အံ့ချီးဖွယ်ရာပင် ဖြစ်သည်။ တရုတ်တွင် ရှေးပဝေသဏီကပင် မြို့ကြီး များ တည်ရှိပြီးဖြစ်သည်။ သို့သော် လွန်ခဲ့ သော ဆယ်စုနှစ်များက မြို့ကြီးများကို ဧရာမမြို့ကြီးများ (megacities) ဖြစ်အောင် လုပ်သည်။ ပြီးနောက် ယခုအခါ ဧရာမ မြို့ကြီးများကို နီးစပ်ရာအတွဲလိုက် အတွဲ လိုက် စုစည်းပြီး မဟာ့မဟာ မြို့အစု အဝေးကြီးများဖြစ်လာအောင် ပုံဖော် ဖန်ဆင်းလျက်ရှိသည်။ တရုတ်ပြည်၏ လူဦးရေမှာ ၁.၄ ဘီလီယံရှိသည်။ ယင်းအနက် မြို့ ပြများ၌ နေထိုင်ကြသော မြို့ပြနေ လူဦး ရေမှာ ၈၁၃ သန်းရှိပါ၏။ စုစုပေါင်း လူ ဦးရေ၏ ၆၀ ရာခိုင်နှုန်းမှာ မြို့ပြ၌ နေ ထိုင်ကြသူများဖြစ်၏။ ခပ်စောစောပိုင်း က အစိုးရအနေဖြင့် မြို့ပြများ၌ နေထိုင် သူ အလွန်အမင်း များပြားလာသည့် အတွက် အရမ်းကာရော မြို့ပြများ တည် ဆောက်မှုကို ဟန့်တားချင်ခဲ့သည်။ သို့ သော် အစိုးရဘက်တော်သား ဘောဂ ဗေဒ ပညာရှင်များက ကြီးမားသော မြို့ ကြီးများသည် မြင့်မြင့်မားမား ကုန်ထုတ် လုပ်နိုင်စွမ်းရှိပြီး လျင်မြန်စွာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သည်ဟု ထောက်ပြကာ မြို့ကြီးများ တည်ဆောက် ရန် အကြံပြုခဲ့ကြသည်။

သို့ဖြစ်၍ တရုတ်အစိုးရအနေ ဖြင့် တရုတ်ပြည် တစ်နံတစ်လျားတွင် မြို့ပြသစ်များ တည်ဆောက်ရန် စိုင်းပြင်း လာခဲ့သည်။ နောက်ဆုံးစီမံကိန်းတစ်ခု မှာ ဧရာမ မက်ဂါမြို့ကြီးတစ်မြို့ကို အခြေ ခံကာ နီးနားဝန်းကျင်မှ မြို့ကြီးများဖြင့် ၀ိုင်းရံဖော်ဆောင်မည့် “စုပေါင်းဝန်းရံ မြို့မဟာ”စီမံကိန်းကြီးဖြစ်သည်။ တရုတ်ပြည်တွင် မြို့ကြီးတစ်မြို့ဆိုသည်မှာ သာမန်ကာလျှံကာ မြို့ကြီးမဟုတ်ပေ။ မျက်စိထဲတွင် မြင်သာအောင် သာဓကပြ ရလျှင် Xi'am မြို့သည် ပေကျင်းတို့၊ ရှန် ဟိုင်းတို့လောက် ကြီးမားသည့် မြို့မဟုတ် သော်လည်း Xi'am မြို့ လူဦးရေမှာ ရှစ် သန်းရှိသည်။ တက္ကသိုလ်နှင့် ကောလိပ် ကျောင်းပေါင်း ၆၃ ကျောင်းရှိသည်။ တစ်နှစ်လျှင် ဘွဲ့ရသူ ၃၀၀,၀၀၀ ထုတ် လုပ်ပေးလျက်ရှိသည်။ ဘွဲ့ရအများစုမှာ သိပ္ပံဘွဲ့ရများဖြစ်၏။ ထို့ပြင် Xi'am မြို့ တွင် သုတေသနပြု အင်စတီကျူရှင်းများ ကလည်း ရာကျော်ရှိပါသေး၏။

သို့ဆိုလျှင် စုပေါင်းဝန်းရံမြို့ မဟာ (cluster city) သည် မည်မျှလောက် ကြီးမားမည်ကို ချင့်တွက်ကြည့်နိုင်ပေ သည်။ အဆိုပါ စီမံကိန်းတွင် ယင်းသို့ သော စုပေါင်းဝန်းရံမြို့မဟာ ၁၉ ခု တည်ဆောက်ရန် လျာထားသည်။ နောင် တစ်ချိန်တွင် ဤသို့သော မြို့မဟာအပေါင်း အစုများက တရုတ်ပြည်၏စီးပွားရေး စွမ်းထက်မှု ၁၀ ပုံ ၉ ပုံကို ဖော်ဆောင် ပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြသည်။

တစ်နည်းပြောရလျှင် ဤစုပေါင်း ၀န်းရံ မြို့မဟာစီမံကိန်းသည် တရုတ် ပြည်ကို စူပါဒေသ နယ်ပယ်မျာ (Super regions) အဖြစ်သို့ ပြောင်းလဲပစ်ရန် ရည်ရွယ်သည်။ ယခုပင် ဤစီမံကိန်းကြီး ကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ကနဦးအနေဖြင့် စူပါဒေသနယ်ပယ်များ တည်ဆောက်ရန် နယ်ပယ်သုံးခုကို ရွေး ချယ်ထားသည်။ တစ်ခုမှာ ဟောင်ကောင် မြို့ အနီးအနားက ပုလဲမြစ်ဝကျွန်းပေါ် (Pearl River Delta) နယ်ပယ်ဒေသဖြစ် သည်။ ယင်းတွင် Shenzhe မက်ဂါမြို့ကြီး ကို ဗဟိုထား၍ Guangzhou, Zhuhai ESifh Hong Kong မြို့ကြီးများက ပေါင်းစု ၀န်းရံမည်ဖြစ်သည်။ အဆိုပါ ဒေသ၏ စုစုပေါင်းမြို့ပြနေလူဦးရေမှာ သန်း ၆၀ ရှိမည်ဖြစ်၏။

နောက် နယ်ပယ်ဒေသတစ်ခုမှာ ရှန်ဟိုင်းမြို့အနီးက ယန်စီမြစ်ဝကျွန်းပေါ် (Yangtze River Delta) ဒေသဖြစ်သည်။ Shanghai မြို့ကို ဗဟိုထား၍ Haining, Hangzhou, Kunshan, ßTuxi, Nanjing နှင့် Hefei မြို့များက ၀န်းရံချိတ်ဆက် ပါဝင်ကြမည်ဖြစ်သည်။ ယင်း၏ ပေါင်းစု မြို့ပြ လူဦးရေမှာ ၁၅၂ သန်းဖြစ်သည်။ ကျန်နယ်ပယ်ဒေသတစ်ခုမှာ Jingjinji ဖြစ်၏။ မြို့တော် Beijing ကို ဗဟိုထား ၍ Tianjin, Xiong'an နှင့် Shijiazhuang မြို့များက ၀န်းရံကြမည်ဖြစ်သည်။ ယင်း ဒေသ၏ စုစုပေါင်းမြို့ပြနေ လူဦးရေမှာ ၁၁၂ သန်းရှိမည်ဖြစ်ပါ၏။

 အချို့သော မြို့ပြစီမံကိန်းရေး ဆွဲသူများက ဤမဟာဗျူဟာစီမံကိန်း သည် စိတ်ဝင်စားစရာကောင်းသည်ဟု ဆိုကြသည်။ ဤစုပေါင်းဝန်းရံမြို့မဟာ စီမံကိန်းသည် တရုတ်ပြည်ကို တိုးတက် ပြောင်းလဲသွားစေမည့် အင်ဂျင်များအဖြစ် သူတို့က မြင်ကြသည်။ နောင်တစ်နေ့ တွင် တရုတ်ပြည်သည် ကြွယ်ဝချမ်းသာ ပြီး တီထွင်နိုင်စွမ်းရှိသည့် အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ယုံကြည် ကြသည်။ သို့သော် အချို့က အစိုးရမှ မောင်းနှင်အားပေးသည့် ဤစီမံကိန်း သည် ထောင်ချောက်တစ်ခုသာဖြစ်ပြီး နောက်ဆုံးတစ်နေ့တွင် အလဟဿ အကျိုးမဲ့ အဆုံးသတ်သွားမည်ဟု ဆိုကြ သည်။

ဟူချူဖိန်းသည် ဓာတုစက်ရုံ တစ်ရုံ၏ လုံခြုံရေးမန်နေဂျာဖြစ်၏။ မြို့ပြ တည်ဆောက်မှု၏ တပ်ဦးတွင် ပါဝင်နေ ရသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဟူ သည် ရှန်ဟိုင်းမြို့၏ အနောက်ဘက်၊ ကီလိုမီတာ ၁၅၀ ကွာဝေးသည့် လူဦးရေ ခြောက်သန်းရှိ Wuxi မြို့တွင် နေထိုင် သည်။ ယခင်က ၀ူရှီမြို့နှင့် ရှန်ဟိုင်းမြို့ အကြား ရထားစီးရသည်မှာ နှစ်နာရီခန့် ကြာသည်။ ယခုအခါ ကျည်ဆန်ရထား ဖြင့် ၂၉ မိနစ်သာကြာပါ၏။ တနင်္လာနှင့် သောကြာနေ့တိုင်း ဟူသည် ၀ူရှီမြို့ရှိ ဓာတုစက်ရုံကို စစ်ဆေးသည်။ အင်္ဂါနေ့ မှ ကြာသပတေးနေ့အထိ ရှန်ဟိုင်းမြို့ ဌာနချုပ်၌ အလုပ်လုပ်သည်။ ဟူ အနေ ဖြင့် ရှန်ဟိုင်းမြို့တွင်နေလျှင်လည်း ဖြစ် သည်။ သို့မဟုတ် ၀ူရှီမြို့တွင်နေလျှင် လည်းဖြစ်သည်။ သို့သော် ၀ူရှီမြို့၏ နေ ထိုင်စရိတ်က သက်သာသဖြင့် ၀ူရှီတွင် နေဖြစ်သည်။ သူ့လိုပင် ကျည်ဆန်ရထား စီးကာ သွားလာလုပ်ကိုင်နေကြသူ အများ ကြီးရှိ၏။ ဤသည်မှာ တရုတ်စူပါဒေသ များ၏ ထူးထူးခြားခြား အားသာချက် တစ်ရပ်ဖြစ်ပါ၏။

စူပါဒေသနယ်ပယ်များတွင် ထူးခြားသည့် အင်္ဂါသုံးရပ်ရှိသည်။ စကေး အားဖြင့် ကြီးမားမှု၊ သယ်ပို့ချိတ်ဆက်မှု များ မြန်ဆန်မှုနှင့် စုပေါင်းဝန်းရံ မြို့ မဟာများ (clusters) အပေါ် အခြေအနေ လိုက်၍ အစိုးရ၏ ၀င်ရောက်စွက်ဖက် မှုဖြစ်၏။ အတိုင်းအတာအားဖြင့် စကေး ကြီးမားမှုသည် အံ့ဘနန်းဖြစ်ပါ၏။ ကမ္ဘာ ပေါ်တွင် အကြီးမားဆုံးသော စုပေါင်း ၀န်းရံမြို့မဟာတစ်ခုမှာ တိုကျိုမြို့ကြီး ဖြစ်သည်။ လူသန်း ၄၀ နေထိုင်သည်။ သို့သော် တရုတ်ပြည်၏ ယန်စီမြစ်ဝကျွန်း ပေါ်ဒေသမြို့ကြီးများကို အပြည့်အ၀ ချိတ်ဆက်နိုင်သည့် တစ်နေ့တွင် ယင်း ဒေသ စုပေါင်းဝန်းရံမြို့မဟာ၏ လူဦးရေသည် တိုကျိုမြို့ထက် လေးဆခန့် ကြီး မားကာ လူသန်း ၁၅၀ ရှိလာမည်ဖြစ်၏။

တရုတ်အစိုးရက မျှော်လင့်ထား သည့် အကြီးမားဆုံး စုပေါင်းဝန်းရံမြို့ မဟာ ငါးခုမှာ တစ်ခုလျှင် လူဦးရေအား ဖြင့် ပျှမ်းမျှ သန်း ၁၁၀ ရှိမည်ဖြစ်သည်။ စည်ပင်ဖြစ်ထွန်းလာမည့် ပုလဲမြစ်ဝကျွန်း ပေါ်ဒေသသည် စတုရန်းကီလိုမီတာ ၄၂၀၀၀ ရှိသည်။ အလွန်ကြီးမားကျယ် ပြန့်သည်။ နယ်သာလန်နိုင်ငံလောက် ကြီးမားသည်။ ယင်းသို့ ကြီးမားကျယ် ပြန့်လွန်းသဖြင့် တချို့က ပေါင်းစည်းထား သည့် မြို့ပြအဖြစ် သတ်မှတ်ရန်ပင် လို လိုလားလား မရှိကြပေ။

သို့သော် မြို့ပြပေါင်းစည်းမှုတွင် အရေးပါသည့်အချက်မှာ သယ်ပို့ချိတ် ဆက်မှုများ မြန်ဆန်လာသည့် အချက် ဖြစ်သည်။ အထူးသဖြင့် မြို့ကြီးများအကြား ကျည်ဆန်ရထားများ ချိတ်ဆက်ပြေးလွှား နိုင်မှုဖြစ်သည်။ ပေကျင်းမြို့တော်ဝန်းကျင် မှဲငညါငြညငြ ဒေသတွင် ယခုအခါ ကျည် ဆန်ရထားလိုင်း ငါးလိုင်းရှိသည်။ ၂၀၂၀ တွင် နောက်ထပ် မြို့ပြချိတ်ဆက် ၁၂ လိုင်း တိုးလာမည့် ၂၀၃၀ တွင် ၉ လိုင်း ထပ်တိုးဦးမည်ဟု ဆိုပါ၏။ ယင်းသို့ ကျည်ဆန်ရထားလိုင်းကွန်ရက်များ ယှက်နွယ်တိုးတက်လာသည့် တစ်ချိန် တွင် မြို့ပြနေ ပြည်သူများ၏ဘ၀သည် အကြီးအကျယ် ပြောင်းလဲတိုးတက်သွား မည်ဖြစ်၏။ ယန်စီမြစ်ဝကျွန်းပေါ်ဒေသ မှ Haining မြို့ကလေးမှာ သာမန်မြို့ ကလေး တစ်မြို့သာဖြစ်ပါ၏။ သို့သော် ယင်းမြို့သို့ ကျည်ဆန်ရထားလိုင်း ချိတ် ဆက်တော့မည်ဟု ဆိုလိုက်သည့်အခါ အိမ်ဈေးနှုန်းများ နှစ်ဆခုန်တက်သွား၏။ ““ကျွန်တော်တို့အနေနဲ့ မတိုင်းတာတော့ ဘူး။ အချိန်နဲ့ပဲ တိုင်းတာတော့တယ်”” အိမ်ရာမြေ ဖော်ထုတ်သည့် လုပ်ငန်း ဆောင်ရွက်သူတစ်ဦးက ဆိုပါ၏။

မြို့ပြချိတ်ဆက်တည်ထောင်မှု တွင် အခြေအနေပေါ်မူတည်လျက် အစိုးရ က ကြိုးကိုင်ထိန်းချုပ်မှုရှိသည်။ အစိုးရ က မြို့ပြနေသူများကို တစ်နေရာ၌ ပြွတ် သိပ်မနေစေဘဲ၊ နေရာအနှံ့ ဖြန့်ကြက် နေထိုင်ကြစေရန် တွန်းထိုးပေးသည်။ ကျေးလက်မှ မြို့ပေါ်တက်ပြီး အလုပ် လုပ်ကိုင်ကြသူများကို ပါမစ်ထုတ်ပေး သည်။ ပါမစ်ရှိသူများသာ မြို့ပေါ်၌ အလုပ်လုပ်ခွင့်ရှိသည်။ ပါမစ်မှာ ယာယီ ဖြစ်၏။ မြို့ပြအုပ်ချုပ်ရေးအဖွဲ့က ၎င်း တို့အား အချိန်မရွေး ကျေးလက်သို့ နှင် ထုတ်နိုင်သည်။ ယင်းပါမစ်ကို သူတို့က ဟူခိုဝူ (hukou) ဟု ခေါ်သည်။ လူဦး ရေ ထူထပ်ပြီး ချမ်းသာသော ရှန်ဟိုင်း မြို့က ပါမစ်များကို အကန့်အသတ်ဖြင့် ထုတ်ပေးသည်။ Nanjing က တက္ကသိုလ် ဘွဲ့ရများအတွက် အကန့်အသတ်မဲ့ တံခါးဖွင့်ပေးထားသည်။ မြို့တော် Beijing နေ လူဦးရေကို လျှော့ချနိုင်ရန်အတွက် ပေကျင်းမြို့ ၀န်းကျင်၌ Xiong'an မြို့ သစ် တည်ဆောက်လျက်ရှိသည်။ မြို့သစ် တည်ဆောက်နေစဉ်မှာပင် ရွှေ့ပြောင်း အလုပ်သမားများကို မြို့တော်မှ နှင်ထုတ် လျက်ရှိသည်။

စုပေါင်းဝန်းရံမြို့မဟာ တည် ဆောက်မှု သဘောတရားမှာ ပေါင်းရုံး ခြင်း၏ အကျိုးအမြတ်အယူအဆပေါ်၌ အခြေခံထားသည်။ ယင်းအယူအဆမှာ မြို့ကြီးလာလေ ကုန်ထုတ်လုပ်နိုင်စွမ်း ပိုရှိလာလေ ဟူ၍ဖြစ်၏။ ဘက်ပေါင်းစုံ ပေါင်းစည်းထားသော လုပ်သားဈေးကွက် မှာ ကြီးမားလွန်းသည်ဖြစ်ရာ အလုပ်ရှင် များအနေဖြင့် လိုအပ်သော အလုပ်အကိုင် အတွက် သင့်တော်သော လုပ်သားများ ကို ရှာဖွေရလွယ်ကူ၏။ ကုမ္ပဏီများအနေ ဖြင့်လည်း တစ်နေရာတည်းတွင် စုစည်း လျက် ရှိနေသဖြင့် အထူးပြုရောင်းလို အားဘက် ကွင်းဆက်များ (supply chains) ကို ပုံဖော်ဖန်ဆင်းနိုင်သည်။ မြို့ကြီးများတွင် အသိပညာ ဗဟုသုတ ပြန့်ပွားမှုကလည်း လွယ်ကူမြန်ဆန်နိုင် ပါ၏။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မြို့ပြ နေလူဦးရေ နှစ်ဆတိုးလာလျှင် ကုန်ထုတ် လုပ်မှုစွမ်းအား နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင် နှုန်းအထိ တိုးတက်လာသည်ဟု စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (supply chains) က ဆိုသည်။ သို့ဖြစ်၍ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက် မှု အလားအလာမှာ အလွန်ကြီးမားသည်။ ထို့ပြင် တရုတ်ပြည်၏ မြို့ကြီးများတွင် လူနေထူထပ် သိပ်သည်းမှု နည်းပါးသည်။ ပမာအားဖြင့် တရုတ်မှ လူဦးရေပြွတ် သိပ်များပြားသည် Guangzhau မြို့နှင့် တောင်ကိုရီးယားနိုင်ငံမှ Seoul မြို့တို့ မှာ သိပ်သည်းမှုခြင်းတူသော်လည်း Guangzhou တွင် နောက်ထပ် လူ ၄.၂ သန်း နေထိုင်နိုင်လောက်အောင် နေရာ ကျန်ရှိသေးကြောင်းဖြင့် ကမ္ဘာ့ဘဏ် World Ban က ထောက်ပြသည်။ သို့သော် တရုတ်အစိုးရအနေ ဖြင့် ဧရာမမြို့ကြီးများ ထွက်ပေါ်လာမည် ကို လိုလားခြင်းမရှိသဖြင့် ရှေးကတည်း ကပင် ဆန့်ကျင်တွန်းလှန်နေခဲ့သည်။ သို့သော် တရုတ်သည် ငွေအင်အား တောင့်တင်းလာသည်။ အခြေခံ အဆောက် အအုံများ တည်ဆောက်ရာ၌ ကျွမ်းကျင် နိုင်နင်းလာသည်။ ထို့ကြောင့် မြို့ကြီး တည်ဆောက်မှုကို စိတ်ဝင်စားလာခဲ့ သည်။ အစိုးရအနေဖြင့် စုပေါင်းဝန်းရံ မြို့ကြီးများ တည်ဆောက်ရန် ၂၀၀၆ ခုနှစ်ကပင် အစီအစဉ် ရေးဆွဲခဲ့သော် လည်း ၂၀၁၆ ရောက်တော့မှ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။

တစ်ချိန်တည်း တစ်ပြိုင်တည်း တွင်ပင် အစိုးရက မြို့ကလေးများကို လုပ်ငန်းတစ်ခု ဇောက်ချလုပ်ကိုင်သည့် “အထူးပြု လုပ်ငန်းမြို့ကလေး Speciality Towns အဖြစ် ဖော်ဆောင်ရန် အားပေး တိုက်တွန်းခဲ့သည်။ တစ်နည်းပြောလျှင် ယင်းမြို့ကလေးများမှာ ကုန်အမှတ်တံဆိပ် မြို့ကလေးများ brand town ဖြစ်၏။ တချို့မြို့ကလေးက ချောကလက်ထုတ် လုပ်ပြီး chocolate towns ဖြစ်လာသည်။ တချို့က အလှပြင်ပစ္စည်း ထုတ်လုပ်ပြီး cosmetics town ဖြစ်လာသည်။ တချို့ က သားရေဖက်ရှင်ထည်များ ထုတ်လုပ် ပြီး leather fashion town ဖြစ်လာ သည်။ အလားတူပင် ဘဏ္ဍာရေးလုပ်ငန်း အထူးပြုမြို့၊ တက်ကနိုလိုဂျီအထူးပြုမြို့ စသည့် မြို့ကလေးများလည်း ရှိသေး သည်။ ကမ်းရိုးတန်းမြို့ကလေး Haiyan က သူတို့မြို့ကလေးကို နျူစွမ်းအင်မြို့ဟု ကမ္ဗည်းထိုးသည်။ ဟုတ်ပါသည်။ သူတို့ မြို့ကလေးတွင် အထင်ကရ နျူကလီးယား ပြတိုက်နှင့် နျူကလီးယားဥယျာဉ်တို့ ရှိ သည်။ တချို့သော မြို့ကလေးများတွင် အားကစားမျိုးစုံရှိသည်။ ထို့ပြင် တချို့ ဆိုလျှင် အပျော်အပါး အမျိုးမျိုးနှင့် ပုံဖော် ဖန်ဆင်းထားသည့် happy town ဆို သည့် မြို့ကလေးကလည်း ကြံကြံဖန်ဖန် ရှိပါသေး၏။ တရုတ်အနေဖြင့် မြို့ကလေး များကို မြို့ကြီးဖြစ်အောင် တွန်းထိုးမြှင့် တင်နေသော်လည်း ဧရာမ မက်ဂါမြို့ ကြီးများတွင် လူအများအပြား ကျပ်ခဲ ပြွတ်သိပ်နေထိုင်မှုကိုလည်း သဘော မကျပေ။ တရုတ်တွင် ဧရာမ မက်ဂါမြို့ ကြီး နှစ်မြို့ရှိသည်။ Beijing NrdK နှင့် Shanghai မြို့တို့ဖြစ်၏။ အစိုးရအနေ ဖြင့် ၂၀၃၅ ခုနှစ်ရောက်လျှင် ပေကျင်း လူဦးရေ ၂၃ သန်းနှင့် ရှန်ဟိုင်းတွင် လူ ဦးရေ ၂၅ သန်းထက် ကျော်လွန်တိုးတက် လာမည်ကို စိုးရိမ်လျက်ရှိသည်။ စုပေါင်းဝန်းရံမြို့ကြီးများ တည် ဆောက်ခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ ဧရာမမြို့ကြီးများမှ မြို့ပြနေလူဦးရေကို နီးနားဝန်းကျင်မြို့ကလေးများသို့ ဖြန့်ထုတ် ရန်ဖြစ်၏။ မည်သို့ဆိုစေ ဤကဲ့သို့ စုပေါင်း ၀န်းရံမြို့မဟာများ ဖော်ဆောင်တည် ဆောက်ခြင်းဖြင့် သိပ်ပြီးမဝေးလှသော အနာဂတ်တွင် တရုတ်ပြည်သည် မည်သည့် နိုင်ငံနှင့်မျှ မတူသည့် တိုးတက်မှုမျိုးဖြင့် ခုန်ပျံကျော်လွှား တိုးတက်လာတော့မည် မှာ အသေအချာပင် ဖြစ်ပါ၏။

မင်းရွှေမောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service