ကျပ်ငွေအပေါင်ထားပြီး ဒေါ်လာချေးမည့်အစီအစဉ်ကို ဘဏ်အများစုလျှောက်ထားမှုမရှိသေးဟုဆို - Property News in Myanmar from iMyanmarHouse.com
1389 Views

ကျပ်ငွေအပေါင်ထားပြီး ဒေါ်လာချေးမည့်အစီအစဉ်ကို ဘဏ်အများစုလျှောက်ထားမှုမရှိသေးဟုဆို

ကျပ်ငွေအပေါင်ထားပြီး ဒေါ်လာထုတ်ချေးမည့် အစီအစဉ်အရ ဗဟိုဘဏ်က ဒေါ်လာထုတ် ချေးရန် အဆင်သင့်ဖြစ်နေသော်လည်း ဘဏ်များက လျှောက်ထားမှုမရှိသေးကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောသည်။

ဇူလိုင်လဆန်းကစ၍ ဒေါ်လာဈေးဆက်တိုက်မြင့်တက်လာ ခြင်းကြောင့် ဗဟိုဘဏ်က လေလံဈေးကွက်ဖြင့် ဒေါ်လာရောင်းချပေးခြင်း၊ တစ်ဆင့်ခံကုန်သွယ်ရေး ခေတ္တဆိုင်းငံ့ခြင်းတို့အပြင် ကန်ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ချေးမည့်အစီအစဉ် လုပ်ဆောင်ခဲ့သည်။

Currency Swap Facility ဟုခေါ်သည့် ကျပ်ငွေအပေါင်ထားပြီး ဒေါ်လာထုတ်ချေးမည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ဩဂုတ် ၁၆ ရက်တွင် ပြော ကြားခဲ့သည်။

သို့သော် လက်ရှိတွင် ဘဏ်အများစု လျှောက်ထားခြင်းမရှိ သေးဘဲ ဘဏ်အချို့ကသာ ဗဟို ဘဏ်နှင့် ညှိနှိုင်းနေသည်ဟု အထက်ပါညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ဩဂုတ် ၃၀ ရက်တွင် မြန်မာ့အရှေ့တိုင်းဘဏ်နှင့် ဗဟိုဘဏ် ကြား Swap Facility အသုံးပြုရန် နားလည်မှုစာချွန်လွှာ ပထမဆုံးရေးထိုးခဲ့ပြီး ဘဏ်နှစ်ခု ထပ်မံရေးထိုးရန် စီစဉ်ထားသည်ဟု ဗဟိုဘဏ်က ဆိုသည်။

‘‘တချို့ဘဏ်တွေကလည်း လိုမှတောင်းတဲ့သဘောပါ။ ဗဟိုဘဏ်က ကမ်းလှမ်းထားပါတယ်’’ ဟု အဆိုပါ ညွှန်ကြားရေးမှူးချုပ် က ပြောသည်။

ထိုနားလည်မှု စာချွန်လွှာသည် ဒေါ်လာစတင်ချေးပေးခြင်း မဟုတ်ဘဲ ဘဏ်က ဒေါ်လာလို အပ်ပါက အချိန်မရွေး ချေးယူနိုင်ရန် ကြိုတင်ချုပ်ဆိုထားခြင်းဖြစ် သည်။ ထိုသို့ ချုပ်ဆိုထားပါက ဘဏ်က ဒေါ်လာလိုအပ်လျှင် ဗဟိုဘဏ်က နှစ်ရက်အတွင်း ဒေါ်လာထုတ်ချေးပေးမည်ဟု ၎င်းကဆိုသည်။

ဘဏ်အချို့တွင် ငွေကြေး ပြန်လည်လည်ပတ်နေခြင်းကြောင့် ထိုစနစ်ကို ကျင့်သုံး၍ ဒေါ်လာ ထုတ်ချေးခြင်းမရှိသေးသော်လည်း ထိုစနစ်ကို မကြာမီ စတင်နိုင်မည်ဖြစ်ကြောင်း အထက်ပါညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

Credit:  7Daydaily

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Upcoming Property Events

The Rich Villa
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service