ပြည်တွင်းလုပ်ငန်းရှင်များ၏ ကွန်ဒိုအခန်းထက် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ အခန်းက ပိုရောင်းနေရ - Property News in Myanmar from iMyanmarHouse.com
2043 Views

ပြည်တွင်းလုပ်ငန်းရှင်များ၏ ကွန်ဒိုအခန်းထက် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ အခန်းက ပိုရောင်းနေရ

ဈေးကွက်အတွင်း ပြည်တွင်းလုပ်ငန်းရှင်များဆောက်လုပ်သည့် ကွန်ဒိုအခန်းထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဆောက်လုပ်သည့်အခန်းက ဈေးသက်သာ၍ ပိုမိုရောင်းချနေရပြီး ထိုသို့ ရောင်းချနိုင်ခြင်းသည်ဥပဒေကို လက်တစ်လုံးခြားလုပ်ကိုင်ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ်ဦးမျိုးမြင့်က ပြောသည်။

ရန်ကုန်မြို့တွင် သြဂုတ် ၂၆ ရက်၌ ကျင်းပသည့် ကွန်ဒိုမီနီယံ ဥပဒေ(စုပေါင်းပိုင် အဆောက်အ အုံဆိုင်ရာဥပဒေ) ကို လက်တွေ့ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး ရှင်းလင်းတင်ပြပွဲတွင် ပြောကြားသည်။

ထိုဆွေးနွေးပွဲတွင် အစိုးရ နှင့် BOT ဆောက်လုပ်သည့်လုပ် ငန်းရှင်များသည် မြေကို ဈေးသက်သာစွာ ရရှိသော်လည်း ပြည်တွင်း လုပ်ငန်းရှင်များသည် မြေကို ဝယ်ယူရပြီး အခွန်အဆင့်ဆင့် ဆောင်နေရသည်ဟု ဦးမျိုးမြင့်က ပြောသည်။ ပြည်တွင်းလုပ်ငန်းရှင်များ သည် အဆောက်အအုံဆောက် လုပ်ရန် မြေယာဝယ်ယူရာတွင် တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း၊ အများပိုင်ပြောင်းလဲရာ၌ အခွန်၎ ရာခိုင်နှုန်းနှင့် လုပ်ငန်းအာမခံ အဖြစ် စီမံကိန်းတန်ဖိုး ၁၅ ရာခိုင် နှုန်း တင်ပြရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် စီမံကိန်းရင်းနှီး မြှုပ်နှံမှုများပြားနေရသည်ဟု ဆိုသည်။

ပြည်တွင်းကွန်ဒိုတိုက်ခန်း များတွင် နိုင်ငံခြားသားဝယ်ယူခွင့် ၄၀ ရာခိုင်နှုန်းကို ခွင့်ပြုရန် အစိုးရက ၂၀၁၆ ဇန်နဝါရီ၌ ကွန်ဒိုမီနီယံဥပဒေကို ပြဋ္ဌာန်းပြီး ၂၀၁၇ တွင် နည်းဥပဒေ ထုတ်ပြန်ခဲ့သည်။ ထိုနည်းဥပဒေကို မကြာမီက ပြန်လည်ပြင်ဆင်ခဲ့ပြီး ဥပဒေအသက်ဝင်ရန် စောင့်ဆိုင်းနေခြင်းဖြစ် သည်။

သို့သော် Golden City, InnoCity, HAGL အပါအဝင် အစိုးရထံမှ BOT စနစ်ဖြင့် ဆောက်လုပ် ထားသည့် အိမ်ရာများသည် ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုအဖြစ် မသတ်မှတ်ထား၍ နိုင်ငံခြားသား များကို ရောင်းချခွင့်မရှိကြောင်း ဦးမျိုးမြင့်က ပြောသည်။

‘‘နိုင်ငံခြားသားရောင်းခွင့် မရှိပါဘူး။ BOT ဆိုတာ Build (တည်ဆောက်)၊ Operate (လုပ် ငန်းလည်ပတ်)၊ Transfer (လွှဲ ပြောင်း)ဖြစ်တယ်။ Operate လုပ်တယ်ဆိုတာ ရုံးခန်းငှားမလား၊ ဟိုတယ်လုပ်မလားရတယ်။ Oper-ate လုပ်ဖို့ပေးတာ။ အခန်းရောင်း စားဖို့ ပေးထားတာမဟုတ်ဘူး’’ဟု ဦးမျိုးမြင့်က ဆိုသည်။

လက်ရှိတွင် အစိုးရနှင့် BOT ဆောက်လုပ်ထားသည့် အိမ်ရာများသည် အခန်းများကို နှစ် ၇၀ ပိုင်ဆိုင်ခွင့်ဖြင့် ရောင်းချနေခြင်း ဖြစ်သည်။

‘‘ရောင်းစားခွင့်မရှိတာကို မရောင်းနဲ့လို့ ပြောရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တားဆီးတယ်လို့ ဖြစ်မယ်။ တားဆီတာမဟုတ်ဘူး။ သူတို့ရောင်းချတဲ့အပေါ်မှာ ရာခိုင်နှုန်းအချို့ကို အစိုးရကို ပြန်သွင်း ရင် Fair Play ဖြစ်သွားပြီ’’ ဟု ဦးမျိုးမြင့်က ဆက်လက်ပြောသည်။

အိမ်ရာစီမံကိန်းကြီးများကို မြေဧက ၁၀ မှ ၂၀ ကြားရှိရမည် ဟု သတ်မှတ်ရာတွင် ဆောက်လုပ် ရေးကုမ္ပဏီက ရာခိုင်နှုန်းပြည့် မရင်းနှီးနိုင်ကြောင်းနှင့် ဘဏ် များက ငွေကြေးထောက်ပံ့ရန်လို ကြောင်း Golden City အရောင်းပိုင်းဆိုင်ရာဒါရိုက်တာ ဦးကျော် စည်သူက ပြောသည်။ ထိုကန့် သတ်ချက်ကြောင့် ဆောက်လုပ် ရေးကဏ္ဍတွင် ဘဏ်လုပ်ငန်း များ ထောက်ပံ့မှုမရှိမချင်း ကွန်ဒို အိမ်ရာကဏ္ဍ ဖွံ့ဖြိုးလာစရာမရှိနိုင်ဟု ၎င်းက ဆိုသည်။

‘‘မြေအမျိုးအစားတွေ သတ်မှတ်တဲ့အခါ ဂရမ်မြေတွေ၊ ဘိုးဘွားပိုင်မြေ၊ BOT မြေတွေ။ ဘာ မြေတွေ၊ ညာမြေတွေဆိုတာမျိုး တစ်ခါမှ ဒီ (ကွန်ဒိုမီနီယံဥပဒေ) ထဲမှာ သတ်မှတ်ထားတာလည်း မတွေ့ရပါဘူး’’ဟု ဦးကျော်စည်သူက ဆက်ပြောသည်။

ထိုသို့ဥပဒေအပေါ် အငြင်းပွားခြင်းကို ဆောက်လုပ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် လွှတ်တော်ကော်မတီတို့က မှတ်ချက် ပေးပြောကြားခြင်းမရှိပေ။

စုပေါင်းပိုင်အိမ်ရာကို ပြည်ထောင်စုအစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံတော်မြေနှင့် အစိုးရကိုယ်စား ဌာန၊ အဖွဲ့အစည်းနှင့် စည်ပင် သာယာရေးကော်မတီတစ်ခုခုကထိန်းသိမ်းစောင့်ရှောက်ထား သည့် မြေပေါ်တွင်တည်ဆောက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

Upcoming Property Events

Magical World
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service